အင်းယားသို့ ..................................................................

အင်းယားကိုလွမ်းတယ်ကွာ
ကန်ဘောင်မရောက်တာ ၂ နှစ်ကျော်ပါပြီ
ကျွန်တော်သာပြောင်းလဲသွားတာပါ
အင်းယားကတော့အရင်အတိုင်းပါပဲကွာ။

http://api.ning.com/files/0K1D*N9v1QHfZ2rl*LoYMLMxnjQOvI2IUwwHdCG3Lq8KjKjJ4Bt5D3kzcfO7tP-oxLX9Y*qjPt08TP*0ADfa3yLMnpxz*fEr/InYarThoe1.swf

အိမ််််််််မက်များ

အမေ အဖေဆူတော့စိတ်ဆိုးမိခဲ့ပါတယ်

အရာမရောက်ဘူးပြောခဲ့လို့လေ

၀မ်းလည်းနည်းမိတယ်ဘာလို့ပြောတာလဲဆိုပြီး


ခုတော့အမေ အဖေ့စကားတွေက

အမှန်တရားတွေပါ နည်းနည်းလေးမှအရာမထင်ခဲ့တာပါ


အမေ တော်တော်လေးအားငယ်မိတယ်

ငါ ဘယ်လိုအိမ်ပြန်ရမလဲဆိုတဲ့အတွေးက

အမြဲခြောက့်လှန့်နေတယ်


ဒီလိုပုံမျိုးနဲ့ဆို ကျွန်တော်အိမ်ပြင်မှာပဲနေမှာပါ

ဘယ်လောက်ပဲသတိရရ ဘယ်လောက်ပဲလွမ်းလွမ်း

အိမ်ပြန်မလာတော့ပါဘူး


အမေ ဒီအချိန်ထိအရိပ်သုံးပါးနားမလည်သေးတာ

ရှေ့ခရီးကိုဘယ်လိုသွားရမှာလဲ


အမေ အသက်တွေတစ်နှစ်ပြီးတစ်နှစ်သာ

ကြီးလာတယ်ကျွန်တော်အိမ်မက်နေစဲလားကွာ........................................

မေမေ သီချင်း

မေမေ ကိုယ်သတိရနေတယ်အမေ့ရင်ခွင်နွေးနွေးကို
ဆိုးတဲ့လူကိုမိဘကပိုချစ်သလားကွာ
အဖေ နဲ့ အမေ ကျွန်တော့်ကိုသိပ်ချစ်တာ
ဒီသီချင်းလေးနားထောင်ပြီး ၀မ်းနည်းလာမိပါတယ်။

http://api.ning.com/files/btiWFMIW2RwDydl-TJ0mxiYwI7bIuyaycVU4r889Gp*%209lN6hLBRiaYSRvVpkUFnssZpyCXXV9tA5W27oZL4XSiWzwVZ8JLOf/%E1%80%B1%E1%80%99%E1%80%B1%E1%80%99.swf

အ​​မေ .....................................................................................................................................

အမေ

ဒီကောင်အရမ်းဆိုးတယ်နော်

ကိုယ်လုပ်ချင်တာလဲလုပ်ပြီးပြီ

ခုထိပေါက်ကွဲနေတုန်းပဲ


အမေ

အင်္ဂါခြင်းတူတာတောင်

ဖိုးပြည့်ကအဲ့လောက်မမိုက်ဘူး

ကျွန်တော်သာဆိုးနော်တာနော်


အမေ

ဒီကောင်ဘာဖြစ်နေတာလဲဟင်

ချစ်သူကပြောတယ်

သိပ်မဆိုးနဲ့ကလေးမဟုတ်တော့ဘူးလေတဲ့

၀မ်းနည်းသွားမိတယ်


အမေ

ရပ်တည်ဖို့တော်တော်လေးသင်ယူရအုံးမယ်

We are Burmese!: "အာဇာနည်ဗိမာန်" သခင်ကိုယ်တော်မှိုင်း

သြော်၊ အဆောင်ဆောင်နန်းတွေ၊ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က၊ အောင်စာတမ်းချို့စေဘို့၊ အောင်ပန်းညို့ရရှာတဲ့၊ တောင်တမန်းတို့ဗမာမှာ၊ အဟောင်းသံသရာ အငုတ်တွေနှင့် အောင်ဆန်းတို့ မသာမယာဟာ၊ ၎င်း ကံကြမ္မာ အလုပ်ပေထင့်၊ သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊ ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သဂြုင်္ိဟ်ချင်။

သြော် တပည့်ရင်းတွေမို့၊ ကဝိမတင်းနိုင်ဘုကွယ့် သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘူ့၊ သောက ဘလောင်ဆူတော့၊ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊ ယခေါင်မူ ယမန်သနစ်တွေပေါ့၊ ရန်အဖြစ်မကွယ့် မနှေးသနော် တသောင်းဇမ္ဗူရမ်းနေကြ၊ ကျန်ရစ်သူမြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင

့်၊ လူကြမ်းဓပြတွေ ကြမ်းလာ ရမ်းလာတဲ့အရေးတွင်မှ၊ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့၊ သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင် ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊ သတင်းလှတဲ့ အင်း၀ရာဇာအမွန် သာလွန်မင်းကိုမှ၊ သားရင်း ရှင်တရုပ်ကယ်က၊ ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွေဖြင့်၊ ဒ၀ယ်သားတွေ ဗိုလ်၀င်ခံလို့မို့၊ ဟိုအရင် ယမန် နန်းတော်စီးစဉ်က၊ အပျက်ကြီးပျက်ကာ အသက်ခန္ဗ္ဓာတွေဆုံးပုံနဲ့၊ တထုံးနောက်တနဲမှာတော့၊ မင်းရဲရန္တမိတ်ခမျာမှာ ညီသနင်းပေပေါ့၊ ပြည်မင်းဂုဏ်ခံလို့၊ မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့အတိုင်းရဲ့ပြင်၊ တလိုင်းနယ် ရွှေပြည်တခွင်မတော့၊ ဓမ္မစေတီဘုရင်လက်ထက်တုန်းဆီက၊ လက်ရုံးရည် တသိန် လျှမ်းပေတဲ့၊ သမိန်ဗရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊ မဟုတ်တရုတ် အကောင် တေလေ တစ္ဆေ ကိုက်တာနဲ့၊ သြော် ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊ မရေမရာ သေရွာဆိုက်သလိုပါ့၊ အခိုက်အခါတူမို့လို့၊ ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊ ဘမရာ အဆူဆူ ကြာကြငှန်းတွေနှင့်၊ မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့် ငါတလူ ငါသရမ်းရော့မဟဲ့လို့၊ သာခန်း ပလ္လင်ညွှန်းပြီး၊ မြင်ကွန်းပိုင် သူပုန်ထစဉ်က၊ ကြုံရသူ မသာတော်နှင့်၊ ပမာသော်တူတယ်လို့ နှိုင်းမိတယ်၊ ရိုင်းသတဲ့ အတိတ်ယခင်လိုနော်ကွယ်၊ စကိုင်းတပဲ့ ဂိုဏ်းဖွဲ့တွေနဲ့၊ မှိုင်းရဲ့စိတ်ထင်။

မင်းစိတ်မင်းမာန် အကြံအဖန်ကင်းလိုက်ပုံက၊ အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊ ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊ ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊ (အိုကွယ်) တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သကော။ နန်းမြို့တည်ရန်၊ မှန်းလို့ရည်ကာသန်တဲ့၊ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊ ထိုထိုလူ့ခပဲကိုမကြည်ညိုတဲ့၊ ၀သီလို တဖြေးဖြေးရူးမဟဲ့လို့၊ တနွေးနွေး မူးမူးပြီး၊ ခွေးဘီလူးလိုအကောင်မိုက်တွေက၊ သြော် အမှောင်စရိုက်ကယ်နှင့်၊ ပြောင်ပြောင်ဘဲမိုက်မပေါ့လို့၊ ဗြောင်ကိုက်သဟာမှာ ယာယီတြာအချိန်နဲ့၊ ဇာတာမှိန်လို့မို့၊ ဂဏာမငြိမ် တာ၀တိန်ယွန်းကြပေါ့၊ ဖြေမကြည် နေရီတော့လွမ်းစေဘို့၊ မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊ အစွမ်းကုန် သည်တခါဖြင့်၊ ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့၊ သုဿန် တံခွန်စောင်းရရှာတဲ့၊ ရုပ်အကျန်ခုနှစ်လောင်းရယ်နှင့်၊ အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊ အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်၊ ပါရမီအဓိဋ္ဌာန်တမျိုးရယ်နှင့်၊ ရှိခိုးကာဆရာကန်တော့ချင်ရဲ့၊ မြန်မာမတော့ ပူစရာဘို့၊ တဗျူဟာ အောင်ခမန်းတွင်မှ၊ လူမသမာ အမှောင်သန်းချိန်မို့၊ သောင်ကမ်းမို့မို့ဆီက၊ ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊ သြော် တောင်နန်းမြောက်နန်း အဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က၊ အောင်ပန်းညို့ရရှာတဲ့၊ အောင်ဆန်းတို့ သေပုံနှမြော။

သခင်ကိုယ်တော်မှိုင်း

  • www.moemaka.com မှကူးယူဖော်ပြပါသည်။

တမိုးအောက်

My sweet heart birthday










My sweet heart...
a happy birthday to you.

ရတီလေးပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ...
ရတီချစ်တဲ့ အဖိုး အမိုး မေမေ တီလေး
ဦးပြည့် အန်တီမေမျိုး ဇေဇေ
တို့နဲ့အတူနောင်နှစ်ပေါင်းများစွာ
မွေးနေ့ပေါင်းများစွာ
ကျင်းပနိုင်ပါစေ...

ချစ်တဲ့ တီလေး