သင်္ကြန်။

ဒီနှစ်တော့သင်္ကြန်တော့ ကျွန်တော်မသောင်းကျန်းနိုင်ပါ ကျွန်တော်မကဲနိုင်တော့ပါ အိမ်မပြန်နိုင်ပါ စာအုပ်လဲရမည် အခွန်ဆောင်ရမည် ၃နှစ်စာဆိုတော့ ၃လစာတော့ အသာလေးသွားပါမည် ကျွန်တော့်မှာစုထားသော ငွေမရှိပါ အိမ်ပြန်ရင် ကျွန်တော့်အကျင့်အတိုင်း နှစ်ဖက်ဆွေမျိုးအကုန် လက်ဆောင်ပေးချင်သောကြောင့် ကျွန်တော်၏လခ ၂လစာမှာ စာရင်းမရှိ အင်းမရှိပျောက်သွားပါ၏ လေယာဉ် လက်မှတ်မှာ ၁လစာဖြစ်ပါ၏ အိမ်တွင် ပြန်ပို့ပေးမယ်ဆိုပြီး တောင်းသုံးသောငွေမှာ ၂လစာဖြစ်ပါ၏ ထို့ကြောင့် ကျွန်တော်အိမ် ၁ လပြန်ရင် ၆ လစာကုန်ပါသည်..


၂ နှစ်ရှိပါပြီ Ygn သင်္ကြန်နဲ့ဝေးရတာ ၂၀၀၉က အမေနေမကောင်း၍ ကျွန်တော်အားချင်းပြန်သောကြောင့် သင်္ကြန်မကျမှီ အလုပ်ပြန်ဝင်ရပါသည်။ ၂၀၁၁မှာတော့ ကျွန်တော် လုံးလုံးမပြန်တော့ပါ ကျွန်တော် သင်္ကြန်ကိုချစ်ပါသည် သိတက်စမှစ၍ သင်္ကြန်ဆို အလွန်သောင်းကျန်းပါသည် သင်္ကြန်ရေမဆိုလိုက်ရသော နှစ်တစ်နှစ်မှ မရှိခဲ့ပါ သင်္ကြန်ကိုချစ်သည်ဆိုတာထက် Ygn သင်္ကြန်ကို ပိုချစ်ပါသည်..


ခုလိုသင်္ကြန်ကာလတွင် အိမ်ပြင်ရောက်နေရတာကို မကြိုက်ပါ နောက်နှစ် ဇန်န၀ါရီ အိမ်ပြန်ရန် စီစဉ်ထားပါသည် သင်္ကြန်ကိုနောက်ထပ် ခွဲခွာရအုံးမည် သင်္ကြန်ပြန်ရင် အလွန်ပူပါသည် မလေးရှားမှရာသီဥတုသည် Ygn ထက်ဆိုးပါသည် သို့သော် မနက်၁၁နာရီမှ ည၁၀နာရီအထိ ရုံးတွင်အလုပ်လုပ်သော ကျွန်တော့်အဖို့ နေပူမိုးရွာ ဘာမှမသိပါ တနင်္လာ နားရက်တွင် မလေးနေပူကို လှိမ့်အောင်ခံရပါသည် အ၀တ်အလှမ်းသည့် တချိန်သာကျွန်တော် အပြင်ထွက်ပါသည် Ygn မှာခြေဗွေပါသောကျွန်တော် မလေးမှာ အိမ်တွင်းပုံး ကုလားမလုပ်နေရပါသည် အပြင်မထွက်ချင်သော ဆန္ဒကြောင့်ဖြစ်ပါသည်..


ဇန်န၀ါရီ အိမ်ပြန်ချင်သည့်အကြောင်းက အမေနဲ့အတူ ကန်တော်ကြီးသို့ လမ်းမလျှောက်ရတာ ၃နှစ်ရှိပါပြီ အအိပ်မက်သောကျွန်တော်ကို ဇွဲရှိရှိနှိုး၍ အမေခေါ်သွားတက်ပါသည် အစတစ်ရက်နှစ်ရက်တွင် တော်တော်လေပါသည် ၃ရက်လောက်တွင် ကျွန်တော်ပျော်လာပါပြီ မနက်လမ်းလျှောက်ရသော အရသာကိုကျွန်တော်နှစ်သက်ပါသည် ခုဆိုအမေလမ်းလျှောက်ရန် အဖေါ်မရှိပါ အဖေကလဲအလုပ်များသူဖြစ်၍ သူကိုယ်တိုင်ပင် လုံလောက်သည့်အနားယူမှုမရပါ မမသည်လည်း ရတီ ကျောင်းကိစ္စတဖက်နှင့် မအားနိုင်ပါ ၁၀၉ ၁၁၀ ကျွန်တော်သာ အမေနှင့်အတူ အဖေါ်လုပ်ပေးနိုင်ပါသည်..




သင်္ကြန်တွင်ရေပက်ရသော ရေလောင်းခံရသော အရသာကို အရမ်းနှစ်သက်ပါသည် သင်္ကြန်ရေစို၍ တစ်ကိုယ်လုံးပြာနေသော်လည်း တစ်နှစ်မှမဖျားဘူးပါ ကိုယ်ခံအားနည်းသော ကျွန်တော် သင်္ကြန်ရောက်ရင် အလွန် Active ဖြစ်နေပါသည် ၁၂ ရက်နေ့ညဆို ကျွန်တော်အိပ်မပျော်ပါ ၁၂နာရီမှအိပ်ရာထတက်သော ကျွန်တော် သင်္ကြန်အကြိုနေ့ဆိုရင် ၆နာရီဆိုနိုးနေတက်ပါသည် သင်္ကြန်ကိုကျွန်တော်အဲ့လောက် ချစ်ပါသည်..


သင်္ကြန်ဆို Active ဖြစ်သော ကျွန်တော် ဒီနှစ်သင်္ကြန်ကို PC ရှေ့ထိုင်ပြီးသင်္ကြန်ကို လွမ်းနေရမည်မှာ ဘယ်လောက်ဆိုးဝါးကြောင်း ခင်ဗျားတို့ စာနာနိုင်ပါသည်...။