ကျွန်တော် ချစ်တဲ့ “ အိမ် ”။





“ ဓီရာမိုရ်ရဲ့သီချင်းလေးတွေရယ်
  သူငယ်တန်းဖတ်စာအုပ်လေးရယ်
  တေဇာဘလော့ကဟာမျိုးလေးရယ်
  တရားခွေနည်းနည်းရယ်
  ကော်ဖီတစ်ခွက်ရယ်...။ ”


(ကျွန်တော့် သူငယ်ချင်း ပြောပြတဲ့ ဘ၀ဆိုတဲ့ အနှစ်သာရ...)

သူငယ်ချင်းနှစ်ယောက် Gtalk မှာပြောဖြစ်တဲ့ အကြောင်းပါ အချိန်နာရီဝက်လောက်ကို အလုပ်တဖက်နဲ့ ပြောဖြစ်ခဲ့ပေမယ့် တစ်ခုခုတော့ ကျွန်တော်ရလိုက်တယ် ခေါင်းထဲကို အတွေးတစ်ခုက ဖျတ်ခနဲ ၀င်လာတယ် ငါ နှစ်၃၀လုံးလုံး မြစ်တစ်စင်းကိုများ တည်ဆောက်နေမိတာလားလို့...

 http://www.youtube.com/watch?v=l7yaeR0bj7U
 
:10 PM fri: အော် မဝိုင်းလည်းကြိုက်တာကိုး
 me: :)
1:11 PM fri: အဲဒီ့သီချင်းက
 me: ဟုတ်ကဲ့
 fri: မြန်မာပြည်ကိုပြောထားတာပါ
1:12 PM me: အင်းလေ
 fri: ဓီရာမိုရ်ဂျပန်ကိုရောက်နေတုန်းက
  သူလွမ်းတဲ့မြန်မာပြည်ကို
 me: အဲ့လိုအိမ်လေးမှာနေချင်လို့ပါ
 fri: သီချင်းရေးခဲ့တာ
 me: အရမ်းသာယာမှာပဲ
  ဟုတ်ကဲ့
 fri: မဟုတ်ဘူး
1:13 PM အဲဒီ့သီချင်းကမြန်မာပြည်ကိုဖွဲ့ထားတာဗျ
 me: အော်
  ဟုတ်ကဲ့
 fri: နောက် အိမ် ဆိုတဲ့သီချင်းတစ်ပုဒ်ရှိသေးတယ်
 me: ဟုတ်
  ရှိတယ်
 fri: “ကလေးလေးတွေနွေးထွေးဖို့လေ..
 me: ဟုတ်ကဲ့
 fri: ကမ္ဘာမြေမှာအိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ဆိုတာလေ..
1:14 PM me: အိမ် သီချင်းလေ
 fri: အင်းဟုတ်တယ်
  အရမ်းကောင်းတယ်ဗျာ
  အရမ်းလည်းနေချင်ပါတယ်
  ခဏတော့စိတ်ပူပန်တာတွေပျောက်သွားတယ်နော်
 me: ဟုတ် အဲ့ဒါကို အရင်နားထောင်ဖူးတာ
  ခုသီချင်းက ငါ့တို့အိမ်ထွက်မှ
1:15 PM နားထောင်ရတာ
1:16 PM fri: မဝိုင်း
 me: ဟုတ်ကဲ့
1:18 PM fri: let happen the future if it wants to be
1:20 PM me: ခုလောလောဆယ် ဘာမှမတွေးထားဘူးဗျ အကုန်လုံးပြောင်းလဲကုန်လို့ အိမ်နဲ့စကားပြောပြီးမှ သိတော့မယ် ပြန်မလို့ အကုန်ပြင်ပြီးသွားပြီ အိမ်ကိုတောင် မပြောရသေးဘူး ဒါပေမယ့် မနက်ဖြန်ဆိုတာ ကိုယ်မပိုင်ဘူးဆိုတာ မေ့သွားမိတယ်
1:24 PM fri: အင်းလေ
  ဒါပေမယ့်လည်း
 me: ဟုတ်ကဲ့
1:25 PM fri: မဝိုင်း
 me: ဟုတ်ကဲ့
1:27 PM fri: ငယ်ငယ်တုန်းက
 me: ဟုတ်
 fri: သင်ခဲ့ရတဲ့သူငယ်ချင်းဖတ်စာအုပ်လေးကိုမှတ်မိသေးလား
  က ကလေးငယ်ချစ်စဖွဝ်
1:28 PM ခ ခရေကုံးမလေးပြုံး
 me: ဟုတ်ကဲ့
 fri: ပန်းကလေးများပွင့်တော့မည်
  ဖူးတံဝင့်လို့ချီ
 me: ဟုတ် မှတ်မိတယ်
  :)
 fri: နေခြည်မှာရွှေရည်လောင်းငါတို့စာသင်ကျောင်း
 me: ခဏတော့ ပြုံးမိသွားတယ်
1:29 PM fri: တနင်္ဂနွေ တနင်္လာ ဂျိုးကလေးမှန်မှန်လာ
  ကူသံသာဗျ
  မှားလို့
 me: ကြာသာပတေး သောကြာ ဂျိုးလေးမှန်မှန်လာ
 fri: ဟုတ်တယ်နော်
1:30 PM me: ဟုတ်တယ်
  ကျေးဇူးပဲ
  ဒီနေ့ ပြန်ရှာထားအုံးမယ်
 fri: လယ်သမားကြီးဦးသာအောင်
 me: သူငယ်တန်းစာအုပ်ကို
  :)
 fri: ဓီရာမိုရ်ရဲ့သီချင်းလေးတွေရယ်
  သူငယ်တန်းဖတ်စာအုပ်လေးရယ်
1:33 PM တေဇာဘလော့ကဟာမျိုးလေးရယ်
 me: ကော်ဖီတခွက်တော့ လိုမယ်ထင်တယ်
 fri: တရားခွေနည်းနည်းရယ်
1:34 PM me: :)
 fri: ကော်ဖီတစ်ခွက်ရယ်
  အင်း
  မဝိုင်းကိုပြောချင်တာအဲဒါပါ
  တစ်ခုခုတွေ့တယ်မဟုတ်လားဗျာ
  ...
  ....
 me: အဲ့လောက်ဆို ဘ၀နိဗ္ဗာန်ပဲနော်
1:35 PM ဟုတ်တစ်ခုခုတော့ရလိုက်တယ်
  ခုမှ သူငယ်ချင်းဆိုတာ
  နားလည်သွားတယ်
  အသေအချာပဲ သူ့အဓိပ္ပါယ်ကို
1:36 PM ကျေးဇူးဆိုတဲ့ စကားမပြောတော့ဘူး
  စော်ကားသလို ဖြစ်သွားမယ်
  :)
1:38 PM fri: ကျေးဇူးပါဗျာ
 me: တကယ် ကျေးဇူးတင်ပါတယ်
  :)

 သူငယ်ချင်းနှစ်ယောက် Gtalk မှာပြောဖြစ်တဲ့ အကြောင်းပါ အချိန်နာရီဝက်လောက်ကို အလုပ်တဖက်နဲ့ ပြောဖြစ်ခဲ့ပေမယ့် တစ်ခုခုတော့ ကျွန်တော်ရလိုက်တယ် ခေါင်းထဲကို အတွေးတစ်ခုက ဖျတ်ခနဲ ၀င်လာတယ် ငါ နှစ်၃၀လုံးလုံး မြစ်တစ်စင်းကိုများ တည်ဆောက်နေမိတာလားလို့ သူငယ်ချင်းဆိုပေမယ့် ကျွန်တော့်ထက် ၈နှစ်ငယ်ပါတယ် ဒါပေမယ့်သူ့ အတွေးအခေါ်က ကျွန်တော့်ထက် ၈နှစ်ကြီးတယ်။

ကျွန်တော်စာမဖတ်ဖြစ်တာ တော်တော်ကြာပါပြီ စာလဲမရေးဖြစ်ဘူး ဘာအတွက် အသက်ရှင်နေရတာလဲဆိုရင် ရယူခြင်းအတွက်လား ပေးဆပ်ခြင်းအတွက်လားဆိုရင် ကျွန်တော့်မှာ အဖြေမရှိပါဘူး ကျွန်တော်ရှင်သန်ခဲ့တဲ့ နှစ် ၃၀ မှာ ကလေးဘ၀ကလွဲရင် ကျန်တဲ့အချိန် တော်တော်များများ အလဟသ ဖြုန်းတီးခဲ့တာ ဒီမှာနေခဲ့တဲ့ ၃ နှစ်အပ့ါအ၀င်ပေါ့။

ကျွန်တော်အခု တစ်နေရာကို သွားချင်နေတယ် အဲ့ဒီ့နေရာမှာ ကျွန်တော်ရှင်သန်ချင်နေတယ် ကျန်ရှိနေတဲ့အချိန်ကို အဲ့ဒီ့နေရာလေးမှာ ကုန်ဆုံးစေချင်တယ် ကျွန်တော် မျှော်လင့်ချက်ပေါ့ ကျွန်တော်ကလေးဘ၀ ၇နှစ် အရွယ်က ၂ နှစ်တာနေခဲ့ရတဲ့ ပြန်မရနိုင်တော့တဲ့ အိမ်မက်လေးတစ်ခုပါ ခုအချိန်ထိ ကျွန်တော်တမ်းတနေဆဲပါ ပြန်မရနိုင်မှန်းသိပေမယ့် အဲ့ဒီဘ၀လေးကို ပြန်တွေးကြည့်လိုက်ယုံနဲ့ ကျွန်တော်ကြည်နူးမိတယ်။

အဲ့ဒီအိမ်လေးကနေ လှမ်းကြည့်လိုက်ရင် မှိုင်းညို့ညို့တောင်တန်းကြီးတွေမြင်နိုင်တယ် ဧရာဝတီမြစ်ပြင်ကျယ်ကြီး ကိုလဲမြင်နိုင်တယ် အိမ်နဲ့ခပ်လှမ်းလှမ်းမှာ စိုက်ခင်းတွေရှိတယ် မြစ်ရေကျသွားလို့ ပေါ်လာတဲ့သောင်ပြင်မှာ စိုက်ပျိုးထားတာ ခရမ်း၊ငရုပ်၊ကြက်သွန်၊ပြောင်း ပြီးတော့ဒေသထွက်ကုန် မုန်ညှင်း၊ပန်းအာလူး အဲ့ဒီ့စိုက်ခင်းတွေကို ခူးယူနိုင်တယ် ဘယ်သူမှတားမြစ်ချက်မထားဘူး ငါ့အခင်း သူ့အခင်း အငြင်းမပွားဘူး သောင်ပြင်မှာကစားလို့ရတယ် ထင်းကောက့်လို့ရတယ် ပုရစ်ဖမ်းလို့ရတယ် ဍကောက်အညွန့်တွေ ခူးလို့ရတယ် ရေစပ်မှာငါးဖမ်းလို့ရတယ် ကျွန်တော့်တို့အခေါ်ဟင်္သာ (အမှန်ကတော့ ရေဘဲတွေပါ) တွေနဲ့ဆော့လို့ရတယ်။
ရောင်ရဲခြင်းဆိုတာ အဲ့ဒီ့နေရာလေးမှာ ဖေါဖေါသီသီရှာတွေ့နိုင်တယ်ဗျ ခင်ဗျားတို့အပြောနဲ့ဆို မဖွံ့ဖြိုးမတိုးတက်သေးတဲ့ဒေသ အဲ့ဒီ့မှာ ငြိမ်းချမ်းရေးဆိုတဲ့ ပန်းတွေလှိုင်လှိုင်ပွင့်နေတယ်  
အေးချမ်းမှုအပေါင်းခညောင်းနေတယ် ပကာသနတွေ ရုပ်ဝတ္တုပစ္စည်းတွေ အာဃာတတွေ အကုန်လုံး ပျောက်ဆုံးနေတယ် ငြိမ်းအေးတဲ့နေရာ အေးမြတဲ့ဒေသ ကြည်နူးဖို့ကောင်းတဲ့အရပ် ကျွန်တော်ကြိုးစားပြီး ရောက်အောင် သွားပါမယ် ကျွန်တော့်ဘ၀ကို အဲ့ဒီ့ဒေသရဲ့ ရင်ခွင်မှာပဲ ခေါင်းချချင်တယ်။