“နိဗ္ဗာန်”
နိဗ္ဗာန်ဟူသည် ဗုဒ္ဓဘာသာတို့၏ အမြင့်ဆုံးရည်မှန်းချက်နှင်
“၀ါန” ဟုဆိုအပ်သော တဏှာစက်ကွင်းမှ ရှင်းရှင်းကြိး လွတ်ကင်း ထွက်မြောက်သည့်တရားဟု အဓိပ္ပာယ်ရသည်။
အပ်ချုပ်သမားသည် အ၀တ်အထည်တစ်စနှင့်တစ်စကို အပ်ချည်ဖြင့် ချုပ်စပ်သကဲ့သို့ တဏှာတရားသည်လည်း ဘ၀တစ်ပါးနှင့် ဘ၀တစ်ပါးကို ချုပ်စပ်ဆက်သွယ်တတ်သည်။ ထို့ကြောင့် တဏှာကို ၀ါနဟုခေါ်သည်။
အကြမ်းရှင်းပြရမည်ဆိုလျှင် တဏှာကား သံသရာ နယ်ချဲ့တရား တပါးဖြစ်၏။ တဏှာနယ်ပယ်ကား (၃၁)ဘုံဟူသော သြကာသလောကဓာတ်ကြီးတစ်ခုလုံး
ထိုသံသရာကို ချဲ့တတ်သည့် နယ်ချဲ့တရားတို့ကား ဒိဋ္ဌိ၊ မာန၊ တဏှာတို့ဖြစ်သည်။ ဒိဋ္ဌိသည် ခန္ဓာငါးပါး၌ အတ္တရှိ၏ဟု အမှားမြင်၏။ မာနကား ထိုအတ္တကိုပင် “ငါ ငါ” ဟု မှတ်ထင်၏။ ဒိဋ္ဌိမာနအရင်းခံမူကြောင့် မိမိ၏ ရုပ်နာမ်တရားများကို တဏှာဖြင့် အားပါးတရ စွဲလမ်း၏။
တဏှာကား အစွမ်းသတ္တ အလွန်ထက်သည့် တရားတစ်ပါးတည်း၊ ထိုတဏှာက ဆင်းရဲဒုက္ခအမျိုးမျိုးနှင့်
ထို့ကြောင့် တဏှာရှိသော သတ္တ၀ါတို့သည် မိမိတို့ လိုချင်တွယ်တာမူ အတိုင်းအတာအရ ဆင်းရဲအမျိုးမျိုးကိုခံယူကာ
ထို့ပြင် တဏှာသည် ကမ္မ၀ဋ်ကို တွင်တွင်လည်အောင် လှည်ပေးတတ်သော ကိလေသ၀ဋ်တရားတစ်ခု ဖြစ်သည်။ လိုချင်မက်မောမူတဏှာကြောင့်
ဤသို့ပုထုဇဉ်၊ သေက္ခ သတ္တ၀ါတို့သည် တဏှာတည်းဟူသော ကိလေသ၀ဋ်ကြောင့် ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်တို့ ဆက်ကာ ဆက်ကာ ဖြစ်ပေါ်လာပြီးလျှင် သံသရာတကြောဝယ် နစ်မျောကျင်လည်၍ နေကြရလေသည်။ ဤ သံသရာတကြောဟူသော (၃၁)ဘုံကား တဏှာ၏နယ်၊ တဏှာ၏စက်ကွင်းတည်း။
နိဗ္ဗာန်ကား ထိုတဏှာ၏နယ်၊ တဏှာ၏စက်ကွင်းမှ လွတ်သော တရားမျိုးဖြစ်ပေသည်။
သို့သော် နိဗ္ဗာန်ကား(၃၁)ဘုံကဲ့သို့ ကမ္ဘာလောကဓာတ်ကြီး တစ်ခုအဖြစ်ဖြင့်လည်းကောင်း ကမ္ဘာသူ ကမ္ဘာသားတစ်စုံတစ်ဦးအနေဖြင်
နိဗ္ဗာန်ဆိုသည်မှာ ရုပ်နာမ်နှစ်ပါး အကြွင်းမဲ့ချုပ်ဆုံးမူဖြစ်ပ
(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)
ကျွန်တော် Blog မရေးဖြစ်တာကြာပြီ ရေးတာတွေကလည်း ရေးချင်တဲ့စိတ်လေး အာသာပြေယုံရေးဖြစ်တယ် ဒီ Blog မှာတော့ အဲ့လိုတွေ မတင်ချင်တာနဲ့ သူများစီက ကောင်းတာလေးတွေပဲ ကျွန်တော် ဒီ Blog မှာ ပြန်မျှဝေလိုက့်ပါတယ် မူရင်းပိုင်ရှင် Link ကိုတော့ ကျွန်တော် Refer ပြန်လုပ်ပေးထားပါတယ်။