U Thein Sein



Open main menu

Last edited 11 days ago by S078

Thein SeinEditWatch this page

U
Thein Sein




သိန်းစိန်8th President of MyanmarIncumbentAssumed office
30 March 2011Vice PresidentTin Aung Myint Oo
Sai Mauk Kham
Nyan TunPreceded byThan Shwe (Chairman of the State Peace and Development Council)Prime Minister of MyanmarIn office
24 October 2007 – 30 March 2011
Acting: April 2007 – 24 October 2007LeaderThan ShwePreceded bySoe WinSucceeded byPosition abolishedFirst Secretary of the State Peace and Development CouncilIn office
2004 – 24 October 2007Preceded byKhin NyuntSucceeded byTin Aung Myint OoMember of Parliament
for ZabuthiriIn office
7 November 2010 – 30 March 2011Preceded byConstituency establishedSucceeded bySanda MinMajority65,620 (91.2%)Personal detailsBorn20 April 1945 (age 70)
Kyounku, BurmaNationalityMyanmarPolitical partyState Peace and Development Council (Before 2010)
Union Solidarity and Development Party (2010–present)Spouse(s)Khin Khin WinChildren3 daughters (Yin Thuza Thein)ResidencePresidential PalaceAlma materDefence Services AcademyReligionTheravada BuddhismWebsiteOfficial websiteMilitary serviceService/branchMyanmar ArmyYears of service1968–2010RankGeneral

Thein Sein (Burmese: သိန်းစိန် [θéɪɴ sèɪɴ]; born 20 April 1945) is a Burmese politician and former military commander who has beenPresident of Burma (Myanmar) since March 2011. He was the Prime Minister from 2007 until 2011 and considered by some as a moderate and reformist in the post-juntagovernment.[1] His new government undertook a series of political reforms including some deregulation of the country's censored media, releasing many political prisoners and halting the country’scontroversial large Chinese-led hydro-power project. The developments that followed included Myanmar’s appointment to chair ASEAN in 2014, improved relations with the US, the reinstatement of major opposition party National League for Democracy (NLD) in the by-election held on 1 April 2012.[2]

Early life

Military career

Prime Minister

Presidency

Personal life

References

Credit :   this HTML class. Value is http://en.m.wikipedi




သုတဘဏ်တိုက် Knowledge Bank

Monday, January 19, 2015

သမ္မတ ဦးသိန်းစိန်၏ ဘ၀ကောက်ကြောင်း


|| The Ladies News Journal ||
သမ္မတဦးသိန်းစိန်၏ အစ်ကိုဖြစ်သူ ဦးထွန်းမြင့်က ဂျပန်သတင်းစာ မအီနီချီ ရှင်ဘွန်းနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ၎င်း၏ညီမှာ ကျန်းမာရေး အခြေအနေကြောင့် သမ္မတရာထူး ထပ်မံရွေးကောက်ခံမည် မဟုတ် ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ငပုတောမြို့ နေအိမ်၌ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးထွန်းမြင့်က သမ္မတမှာ အသက်အရွယ်အရ ဘာသာရေးအလုပ်များလုပ်ရန် အချိန်အနည်းငယ်သာ ရှိတော့သည်ဟု ဆိုသည်။

ယခုနှစ်ကုန်၌ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲက ရွေးချယ်မည့် လွှတ်တော် က မြန်မာနိုင်ငံ၏ သမ္မတသစ်အား ရွေးချယ် တင်မြှောက် မည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်က ထပ်မံရွေးချယ်ခံခြင်းပြု/မပြု
ရှင်းရှင်း လင်းလင်းပြောကြားခြင်း မရှိသေးသော်လည်း အစိုးရအဖွဲ့ တည်ငြိမ်ရေး အတွက် သမ္မတထပ်မံရွေးချယ်ခံရန် စီးပွားရေးသမားများနှင့် အချို့အဖွဲ့အစည်း များက တောင်းဆိုထားသည်။
သမ္မတအတွက် သမီး ၃ ဦးမှလွဲလျှင် ဦးထွန်းမြင့်မှာ အသက်ရှင်လျက်ရှိသည့် တစ်ဦးတည်းသော သွေးရင်းသားရင်းဖြစ်သည်။ နိုင်ငံခြားမီဒီယာများ နှင့် ပထမဆုံး အင်တာဗျူးဖြစ်သည့် မာအီနီချီနှင့် အင်တာဗျူးပြုလုပ်ချိန်တွင် မြန်မာ စစ်တပ်နှင့် ပြည်ထဲရေးဝန် ကြီးဌာနမှ ထောက်လှမ်းရေးအရာရှိ များ က စောင့်ကြည့်ခဲ့ကြသည်။

သမ္မတသည် ၁၈ နှစ်အရွယ်တွင် ဗိုလ်သင်တန်း (DSA) သို့တက်ရောက်ခဲ့ပြီး ငယ်ရွယ်သည့်အချိန်အများစုကို တိုက်ပွဲများကြားတွင် ကုန်လွန်ခဲ့သည်ဟု သမ္မတထက် ၅ နှစ်ပိုကြီးသည့် ဦးထွန်းမြင့်ကဆိုသည်။ ၎င်းက သမ္မတ ၏ ကျန်းမာရေးအတွက် စိုးရိမ်လျှက်ရှိပြီး နှစ်ပေါင်းများစွာ တောတောင် အတွင်းနေထိုင် ကာ ငှက်ဖျားရောဂါနှင့် ရင်ဆိုင်ခဲ့ရသဖြင့် သမ္မတမှာ ပင်ပန်းနေပြီ ဟု ပြောကြားခဲ့သည်။ သမ္မတဦးသိန်းစိန်သည် ဒုဗိုလ်ချုပ်ကြီး ဘ၀တွင် နာတာရှည် နှလုံးရောဂါကြောင့် နုလုံးမှာ ပုံမှန် အလုပ်မလုပ်တော့ သဖြင့် နုလုံးတု ပေ့စ်မတ်ကာစက် တပ်ဆင်ထားရသည်။ အဲသည်စက်က ညီဖြစ်သူမှာ အသက်ရှင်နေခြင်း ဖြစ်ကြောင်း ဦးထွန်းမြင့်က ၀မ်းနည်းစွာ ဆိုသည်။



ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရွာငယ်တစ်ခုရှိ ဆင်းရဲသားမိသားစု မှ မွေးဖွား ခဲ့သည့် ဦးသိန်းစိန်တို့ ညီအစ်ကို သည် ငယ်ဘ၀က တောဆင်ရိုင်းများ ရှိသည့် တောတောင်များဝန်းရံလျှက်ရှိသည့် ဒေသတွင် ကုန်လွန်ခဲ့သည်။ ဦးသိန်းစိန်၏ မိသားစုမှာ ဘာသာရေးအလွန်ကိုင်ရှိုင်းပြီး မိခင် ကွယ်လွန် ပြီးနောက် ဖခင်မှာ ဘုန်းကြီးဝတ်သွားခဲ့ သည်။ ဖခင်ကဲ့သို့ပင် ဘာသာရေး ကိုင်ရှိုင်းသည့် ဦးထွန်းမြင့်က ၎င်းတို့ညီအစ်ကိုမှာ ယခု ဘ၀ကုသိုလ်ကောင်း မှု ပြုလုပ်ခြင်းဖြင့် နောက်ဘ၀တွင် ကောင်းမွန်သည့်ဘ၀ရရှိမည်ဟု ယုံကြည်သူ များဖြစ်သည်ဟု ဆိုသည်။ ဦးထွန်း မြင့်က ညီဖြစ်သူအား ဘ၀၏ကျန်ရှိသည့် အချိန်တွင် တရားထိုင်ခြင်း၊ ပရဟိတလုပ်ငန်းများဆောင်ရွက်ခြင်းတို့ ဖြင့် ကုန်ဆုံးစေရန် မျှော်လင့်လျှက်ရှိသည်။

လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များဖြစ် သည့် မြန်မာနိုင်ငံ တွင် လူအများအပြားမှာ လုပ်ငန်းခွင်မှ အနားယူပြီးနောက် ဘာသာရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်လေ့ရှိသည်။ သမ္မတကမူ အလုပ်က အနားယူပါက ၄င်းပိုင်ဆိုင်သည့် လယ်တော်အိမ်ယာ တစ်ခုတွင် အနားယူ စိုက်ပျိုးသွားမည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ စစ်ဖက်အုပ်ချုပ်ရေး အဆုံးသတ်ချိန်က ၀န်ကြီးချုပ်ရာထူး ထမ်းဆောင် လျှက်ရှိသည့် ဦးသိန်းစိန်မှာ စစ်တပ်တွင် စတုတ္ထမြောက် ရာထူး အကြီးဆုံး ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။ ၂၀၁၁ တွင် အရပ်ဖက်အုပ်ချုပ်ရေး စတင်သည့်အခါ ဦးသိန်းစိန်က သမ္မတဖြစ်လာသည်။ စစ်အစိုးရလက်ထက် တတိယမြောက် ရာထူးအကြီးဆုံး နှင့် သမ္မတနေရာ ပြိုင်ဘက် သူရရွှေမန်း ကိုကျော်ဖြတ်ကာ သမ္မတနေရာရရှိခဲ့ခြင်းဖြစ်သည်။ သူရရွှေမန်းမှာ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်လျှက်ရှိသည်။ ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေက နိုင်ငံရေးမှ အနားယူသည့် အခါ ၄င်း၏ မိသားစုများ လုံခြုံရေးအတွက် ရည်ရွယ်၍ ဦးသိန်းစိန်အား ဆက်ခံသူ အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဦးထွန်းမြင့်က ဆိုသည်။

ဦးထွန်းမြင့်က ငယ်ဘ၀အကြောင်း ပြန်ပြောပြရာတွင် ဦးသိန်းစိန်မှာ အမြဲ ထိန်းထိန်းသိမ်းသိမ်း နေတတ်သူဟု ဆိုသည်။ ဦးသိန်းစိန် သမ္မတရာထူးအထိ တက်လှမ်းနိုင်ခြင်းမှာ အထက်လူကြီးများအား စေတနာထား၊ လေး စားပြီး မည်သည့်အခါကမှ ဆန့်ကျင်ခြင်းမပြုသည့်အတွက်ဖြစ်သည်ဟု ဦးထွန်းမြင့်က ဆိုသည်။ ဦးထွန်းမြင့်၏ နေအိမ်မှာ ပျဉ်ကာသွပ်မိုးအိမ်ဖြစ်ပြီး ဧည့်ခန်းအတွင်း ပလက်စတစ်ခုံများ အသုံးပြုထားကာ လေအေးပေးစက် မရှိပေ။ သမ္မတ ဦးသိန်းစိန် ထံမှ လက်ခံရရှိဖူးသည့် တစ်ခုတည်းသောပစ္စည်းမှာ မိုဘိုင်းဖုန်းဖြစ် သည်ဟု ဦးထွန်း မြင့်ကဆိုပြီး ခြစားမှုနှင့် ဆွေမျိုးကောင်းစားရေးဝါဒ ကြီးစိုး သည့် နိုင်ငံတွင် ထူးခြားမှုတစ်ခုဖြစ်လျှက်ရှိသည်။

သမ္မတဦးသိန်းစိန်အကြောင်း အစ်ကိုဖြစ်သူ ဦးထွန်းမြင့်က အောက်ပါ အတိုင်း ပြောပြခဲ့သည်။
“သူ ၅ နှစ်ကနေ ၇ နှစ်အရွယ်လောက်အထိ သစ်သားသေနတ်နဲ့ ကစား ပါတယ်။ အဲဒီသေနတ်က ပစ်ရင် သားရေပင်က ၀ါးတံမှာရှိတဲ့ အခြား သားရေပင်ကို သွားရိုက်မိတဲ့သေနတ်ပါ။ သူက အဲဒီသေနတ်နဲ့ ကစားရ တာ အလွန်စိတ်ဝင်စားပါတယ်။ ဒီစိတ်ဝင်စားမှုကလွဲရင် ကျန်တာတော့ အခြား သူတွေလိုပါပဲ။ ရွာမှာ ၄ တန်းအထိ သင်လို့ရတဲ့ အစိုးရ မူလတန်းကျောင်း တစ်ကျောင်းရှိတယ်။ သူက အတန်းထဲမှာ အမြဲတန်း အဆင့် ၂ (သို့) ၃ ရပေမယ့် ၁ တော့ မရပါဘူး။ သူက သင်္ချာ၊ အထွေထွေသိပ္ပံနဲ့ မြန်မာစာတွေမှာ ကြိုးစားပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ အင်္ဂလိပ်စာမသင်ရပါဘူး။ ကျွန်တော်တို့မွေးတဲ့ ကျုံကူးရွာက ပုသိမ်မြို့အနောက်ဘက်မှာရှိပြီး အိမ်ခြေ ၃၀၀ လောက်ရှိပါတယ်။"

"၁၉၄၈ မှ လွတ်လပ်ရေးရပြီး ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းစစ်တွေကြောင့် ကျွန်တော်တို့ ကလေးဘ၀က နေရာတိုင်း မှာ လက်နက်ကိုင်တွေရှိပါတယ်။ ကျွန်တော်တို့နယ်မှာ တစ်ရွာနဲ့တစ်ရွာ ၁ မိုက်ကနေ ၃ မိုင်လောက် ကွာဝေးပါ တယ်။ ကရင်နဲ့ ကွန်မြူနစ်လက်နက်ကိုင်တွေရန်က ကာကွယ်ဖို့ ရွာတွေက အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ရပါ တယ်။ သူက ငယ်ငယ်ကတည်းက သေနတ် သံတွေ ကျည်ဆံတွေနဲ့ ရင်းနှီးခဲ့ပြီး သေနတ်အစစ်ကိုပါ မြင်ဖူးပါတယ်။ လက်နက် ကိုင်တွေက ချောင်းတစ်ဖက်ကနေ လှမ်းပစ်ပြီး ရွာတွေက ပြန်ခုခံ ရပါတယ်။ ရွာကို အလွယ်တကူသိမ်းလို့မရရင် လက်နက်ကိုင်တွေ က ပြန်ထွက် သွားပါတယ်။ ရွာတွေမှာ အဲဒီလိုကြုံနေရတာပါ။ တစ်ခါတစ်ရံ အနီးကပ် တိုက်ပွဲတွေဖြစ်ပါတယ်။ အဲဒီအချိန်မှာ တပ်သားတွေ လုံလုံလောက်လောက် မရှိတဲ့အ တွက် ရွာတွေကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စစ်တပ်က သေနတ်နဲ့ ကျည်ဆံတွေထုတ်ပေးပါတယ်။"

"ကျွန်တော့် ညီက အဲဒီအချိန်မှာ သူ့ရဲ့သစ်သားသေနတ်နဲ့ ကစားနေခဲ့ပါတယ်။ သူ ၄ တန်းအောင်ပြီးတော့ ပုသိမ်မှာရှိတဲ့ အလယ်တန်းကျောင်း မှာ ၅ တန်း တက်ရပါတယ်။ ကျွန်တော်က အဲဒီ့ ကျောင်းမှာပဲ ၇ တန်းတက်နေပါပြီ။ အဲဒီ အချိန်က တိုက်ပွဲတွေကြောင့် ကျွန်တော်က ကျောင်းနေတာနောက်ကျ ပါတယ်။ အလယ်တန်းကျောင်းက ၇ တန်းအထိပဲ တက်လို့ရပါတယ်။ မိဘတွေက ညီအစ်ကိုနှစ်ယောက်လုံးအတွက် ကျောင်းစားရိတ်မတက်နိုင်တဲ့အတွက် ကျွန်တော့်ညီကို ရွာပြန်ခေါ်ပြီး ကျောင်း ၁ နှစ်နားခိုင်း ခဲ့ပါတယ်။ နောက်နှစ်ရောက်တော့ သူက အခြားရွာက ဦးလေးအိမ်မှာနေပြီး ၆ တန်းတက် ပါတယ်။ သူ ၇ တန်းအောင်ပြီးတော့ ပုသိမ်အထက်တန်းကျောင်းမှာ ဆက်တက်ပါတယ်။ ကျွန်တော်က ၁၀ တန်းမအောင်တော့ ကျောင်းထွက် ခဲ့ပါတယ်။"

"ကျွန်တော့်ညီက ကျောင်းမှာတုန်းက ဘောလီဘောကစားပြီး တစ်ခါတလေ ဘောလုံးကစားပါတယ်။ သူက လက်ရွေးစင်ဘောလီဘော အသင်း မှာ ပါပါတယ်။ သူက လက်ဖက်ရည်ဆိုင်ထိုင်တာ၊ စစ်တုရင် ကစားတာ မျိုး နဲ့ အချိန်ဖြုန်းတာ ဘယ်တော့မှမလုပ်ပါဘူး။ အဲဒီ့အစား သူက မြေပုံနဲ့ အခြား ပုံတွေဆွဲနေလေ့ရှိပါတယ်။ ပုသိမ်မှာ စာကြည့်တိုက် ၂ ခုရှိပြီး သူက လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်တွေ ရှာဖတ်ပါ တယ်။ ဘာသာပြန်စာအုပ်တွေနဲ့ နိုင်ငံတကာစစ်ရေးအကြောင်း စာအုပ်တွေလည်း ဖတ်ပါတယ်။ သူက ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ပါတယ်။ ဆေးလိပ်သောက်တာနဲ့ အချိန်ဖြုန်းတာက မကောင်းမှန်း သိတဲ့အတွက် သူဘယ်တော့မှမလုပ်ပါဘူး။"

"အဲဒီ့ခေတ်တုန်းက ၁၀ တန်းတက်နေပြီး အသက် ၁၈ နှစ်မပြည့်သေးရင် ဗိုလ်သင်တန်း ၀င်ခွင့်ဖြေနိုင်ပါတယ်။ သူက ကောလိပ်တက်ဖို့ မတက်နိုင်တဲ့ အတွက် ဗိုလ်သင်တန်းဝင်ခွင့်လျှောက်လွှာတွေခေါ်တဲ့အခါ ၀င်ဖြေပြီး စစ်ထဲ ၀င်ခဲ့ပါတယ်။ ဗိုလ်သင်တန်း ၄ နှစ်တက်ပြီးတော့ BA-DSA ဘွဲ့ရပြီး ပြန်တန်းဝင် အရာရှိဖြစ်လာပါတယ်။ ကျောင်းတုန်းက မြေပုံတွေ ဆွဲတာ ၀ါသနာပါပြီး အချိန်ရတိုင်းဆွဲနေတတ်တဲ့အတွက် တပ်ထဲမှာ မြေပုံတွေသုံးရ တဲ့အခါ အဆင်ပြေစေပါတယ်။ အဲဒီအချိန်က တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် မျိုးစုံနဲ့ တိုက်ပွဲမျိုးစုံဖြစ်နေတဲ့အတွက် အသက်ရှင်နေတာ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ကျွန်တော့်ညီဟာ ၁၈ နှစ်သား ကတည်းက တိုင်းပြည် တာဝန် ထမ်းဆောင် ခဲ့တာဖြစ်ပြီး အခု ၇၀ ရှိနေပါပြီ။"

"ကျွန်တော်က ဆယ်တန်းကျပြီးတော့ ရွာပြန်ပြီး မိသားစုစီးပွားရေးကို ကူညီ လုပ်ကိုင်ခဲ့ပါတယ်။ အမေ၊ မမနဲ့ ကျွန်တော်က လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဖွင့် ထားပြီး ခေါက်ဆွဲမုန့်ဟင်းခါးလည်း ရောင်းပါတယ်။ ကျွန်တော်တို့ နယ်မှာက တံငါလုပ်ငန်းလုပ်ကြပါတယ်။ အဖေက ငါးခြောက်လှမ်းတဲ့ ၀ါးခြမ်းပြားတွေ လုပ်ပြီး တံငါသည်တွေကို ရောင်းပါတယ်။ ရွာနားမှာ ချောင်း တစ်ခုရှိပါတယ်။ အစ်မက ကျွန်တော့်ထက် ၅ နှစ်ကြီးပြီး ကျွန်တော်က ကျွန် တော့်ညီထက် ၅ နှစ် ပိုကြီး ပါတယ်။ အစ်မက အိမ်ထောင်မပြုဘဲ အပျိုကြီး အဖြစ်နဲ့နေသွားပြီး လည်ချောင်းကင်ဆာနဲ့ ကွယ်လွန်သွားပါပြီ။"

"ကျွန်တော့်ညီက နိုဘယ်ဆုရရင်တောင် ခံစားချက်ကို ထုတ်ဖော်ပြမှာ မဟုတ်တဲ့ လူမျိုးပါ။ သူက နိုင်ငံဖွံ့ဖြိုးရေးကိုပဲ အာရုံစိုက်ပါတယ်။ တပ်ထဲမှာ အမှုထမ်းခဲ့ ရတဲ့ အတွေ့အကြုံအရ အရေးကြီး ကိစ္စတွေကို လျှို့ဝှက်ထားဖို့ သင်ယူခဲ့ရပါတယ်။ သူက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ညီအစ်ကို ချင်းတောင် ပြောလေ့မရှိဘဲ ကန့်သတ်ထားပါတယ်။ သူ့ဇနီးနဲ့ သားသမီးတွေကိုတောင် မပြောပါဘူး။ ကျွန်တော်က သူ့အလုပ်အကြောင်း မမေးသလို နားလည်းမလည်ပါဘူး။"
"သူက ပင်ပန်းနေပါပြီ။ ၁၈ နှစ်သားကတည်းက တပ်ထဲဝင်ခဲ့ပြီး တိုက်ပွဲတွေ မှာ အသက်မသေဘဲ ရှိနေခဲ့တာပါ။ သူက ခေါင်းကဆံပင်တွေမရှိတော့တဲ့အထိ တာဝန်ထမ်းဆောင်သွားမယ့်လူလို့ ဆိုနိုင်ပါတယ်။ တပ်ထဲမှာတုန်း က ငှက်ဖျားဖြစ်ပြီး သံခမောက်ဆောင်းခဲ့ရတဲ့ အချိန်ရှိပါတယ်။ ခမောက်ချွတ် လိုက်ရင် ဆံပင်တွေအထွေးလိုက် ကျွတ်ပါလာပါတယ်။ သူက ပင်ပန်းနေပါပြီ။ ဆံပင်တွေလည်း မကျန်သလောက်ပါပဲ။ စစ်သားဘ၀မှာ အစားမမှန်ဘဲ တော ထဲမှာ အရွက်တွေ၊ အမြစ်တွေ စားခဲ့ရပါတယ်။ သူ ဒုဗိုလ်ချုပ်ကြီးဖြစ်ချိန် မှာ နှလုံးခုန်စက်တပ်ထားရပါတယ်။ သူနောက်ပိုင်းမှာ နှလုံးရောဂါပါ ရလာ ပါတယ်။"

"ကျွန်တော်တို့အဖေက လက်မထပ်မီ ၃ နှစ်လောက် ရဟန်းဝတ်ခဲ့ဖူးပါတယ်။ အမေဆုံးပြီးနောက် အဖေက ရဟန်းပြန်ဝတ်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ရဟန်း ၀တ်နဲ့ပဲ နေခဲ့ပါတယ်။ ဒါကြောင့် ရဟန်းဝတ်နဲ့ အချိန်အများစု နေခဲ့တဲ့ လူတစ်ယောက်ရဲ့ သားသမီးဖြစ်တဲ့ ကျွန်တော်တို့ဟာ သာမန် ဗုဒ္ဓဘာသာ ၀င်တွေ ထက် ဘာသာရေး ပိုက်ကိုင်းရှိုင်းပါတယ်။ အခြားသူတွေ ထက် လောဘ ၊ ဒေါသတွေ ပိုနည်းပါတယ်။"
"သူ့မှာ သမီး ၃ ယောက်ရှိပြီး အားလုံး အစိုးရ၀ န်ထမ်းတွေပါ။ သူက ချမ်းသာဖို့ မလုပ်ပါဘူး။ သူက မနက်စာ၊ ညစာ ပြည့်စုံရင် တင်းတိမ်ရောင့်ရဲတတ်တဲ့ လူလို့ပြောနိုင်ပြီး လောဘမကြီးပါဘူး။ သူက ရှိတာနဲ့ ရောင့်ရဲတဲ့ အတွက် ခြစားမှု ကင်းတယ်လို့ ဆိုရမှာပါ။ သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု ရှိပါတယ်။ အထက်အရာရှိတွေ၊ မိသားစုဝင်တွေ ကို လေးစားမှု ရှိပြီး ဘယ်တော့မှ ဆန့်ကျင်ဘက်မလုပ်ပါဘူး။ ကျွန်တော့် ကိုလည်း လေးစားမှု ရှိပါတယ်။"

"ကျွန်တော်တို့က ဗုဒ္ဓဘာသာတွေပါ။ နောက်ဘ၀ကောင်းဖို့အတွက် ဒီဘ၀မှာ ကုသိုလ်ကောင်းမှုတွေ လုပ်ရပါမယ်။ သူ့အရင်ဘ၀မှာ ကောင်းမှုလုပ်ခဲ့လို့ ဒီဘ၀ကောင်းကျိုးရခဲ့တာပါ။ သူအခုလုပ်နေရတာတွေက လောကီကိစ္စတွေပါ။ ဘာသာရေးလုပ်ဖို့ အချိန်သိပ်မရှိတော့ပါဘူး။ ဘာသာရေးအလုပ်တွေ စလုပ်သင့် ပါပြီ။ သူက စီးပွားရေးနဲ့ပတ်သက်ပြီး ဘာရည်မှန်းချက်မှမရှိပါဘူး။ သူအနားယူပြီးချိန်အတွက် စီးပွားရေးလုပ်ငန်း ၁ ခုခု စလုပ်ဖို့ပြောတော့ သူက ကျွန်တော့်ကို စိတ်မပူဖို့ပြောပါတယ်။ သူက ပင်စင်ရမှာဖြစ်ပြီး သူ့အတွက် လုံ လောက်တယ်လို့ဆိုပါတယ်။" ဟု သမ္မတ ဦးသိန်းစိန်၏ အစ်ကို ဖြစ်သူ ဦးထွန်းမြင့် က ပြောကြားခဲ့ကြောင်း မာဘီနီချီရှင်ဘွန်းသတင်းစာ တွင် ဖော်ပြ ပါရှိပါသည်။

ဇန်န၀ါရီ ၉၊ ၂၀၁၅ (မာဘီနီချီရှင်ဘွန်း)
ကျော်သက် ဘာသာပြန်ဆိုသည်။
The Ladies News Journal

Credit :  this HTML class. Value is http://www.ashinpann