လှလှရသနဲ့ ကျွန်တော်


နောက်နှစ် ဒီအချိန်အထိ လောကဓံကို အန်တုနိုင်ပါစေ ရည်ရွယ်ြပြီး ပစ်တိုင်းထောင်တစ်စုံ လက်ဆောင်ဝယ်ပေးတယ်

လဲကျလိုက် ကုန်းထလိုက် ခဏနေ ပြန်ပြီးလဲကျလိုက် ဒီလိုနဲ့ပဲ အသက်တစ်နှစ်ကြီးပြန်ပြီ..


ဒုက္ခလှလှလဲ ခဏခဏတွေ့ရတော့ ဒုက္ခဆိုတဲ့စကားလုံးတောင် မသုံးရက်တော့ဘူး ဒီလိုပါပဲ ရက်သတ္တပတ် ၇ရက်မှာ လောကဓံ ၁၃ပါးလောက် ခံစားနေရတော့ ရသစာပေတောင် ဖတ်စရာမလိုတဲ့ဘဝ ဖြစ်နေရတာ..


ခံစားချက်တွေ ချမရေးချင်တော့ဘူး လူဆိုတဲ့သတ္တဝါတွေနဲ့ ဝေးရာနေချင်ပေမယ့်လဲ ကိုယ်တိုင်က လူတစ်ယောက်ဖြစ်နေပြန်ရော..


လူရယ်လိုဖြစ်လာရင် လောကဓံတရားက ရိုက်ခတ်မှာပဲလေ ကျွန်တော်ကမှ တခြားလူတွေလို မစီးမျောနိုင်တာ မှားယွင်းမှုတစ်ခု ဖြစ်နေတာလား လူဆိုတဲ့ ပတ်ဝန်းကျင်မှာ မကျင်လည်တက်တော့တာ အားနည်းချက်ကြီး ဖြစ်နေတာလား..


ကိုယ့်ဘာသာသတ်မှတ်ထားတဲ့ ပုံစံခွက်ထဲကနေ ရုန်းထွက်ချင်ပါတယ် ရုန်းထွက်ကြည့်ပါတယ် လူတွေနဲ့ပတ်သတ်မိတိုင်း ဒဏ်ရာတွေ အသစ်ထပ်ဖြစ်ပြန်တယ် လူဆိုတဲ့ သတ္တဝါတွေက ပုံသဏ္ဍန်သာ ကွဲပြားသွားတာပါ သူတို့ရဲ့ စိတ်ခံစားချက်တွေက ထပ်တူနီးပါး မဟုတ်ပေမယ့် တော်တော်လေး တူညီကြပါတယ် အဲ့ဒီတော့ လူတွေနဲ့ ဝေးဝေးနေလေ ကျွန်တော့်အတွက် ပိုကောင်းလေပါ...


ကျွန်တော်က မတူကွဲပြား ခြားနားနေတဲ့ လူတစ်ယောက်နေမှာပါ လူတွေကို ရင်းနှီးကျွမ်းဝင်ချင်တဲ့စိတ်ထက် လူတွေကို ရှောင်ဖယ်ချင်တဲ့အတွေးက ကြီးစိုးနေတာ နေမှာပါ..


တခြားလူတစ်ယောက်က ကျွန်တော့်ကို ဖက်တွယ်ထားစေချင်လို့ ကျွန်တော် Perfect ဖြစ်ရမယ်ဆိုတဲ့ အတွေးထက် အဲ့ဒီလူက ကျွန်တော့်ကို အရှိအတိုင်းကို လက်ခံစေချင်တဲ့ ဆန္ဒကပြိုပြီးသက်ရောက်မှုရှိနေပါတယ် ဒါကြောင့်မို့ လူတစ်ယောက်တည်ရှိဖို့ Perfect ဖြစ်ဖို့ မဆိုပါနဲ့ နေရာတစ်နေရာမှာ ကျွန်တော်ရပ်တည်နေနိုင်ဖို့တောင် ကျွန်တော်အသည်းအသန် မကြိုးစားပါဘူး အရှိအတိုင်းကို ချပြယုံကလွဲရင် Over action တွေကို မုန်းတဲ့အကောင်..


လူတွေနဲ့ ကင်းလွတ်ရာ ပုံစံခွက်ထဲမှာ နေတဲ့အကောင်ဆိုတော့ သူများထက် ခံစားတက်တယ် သူများထက်ချစ်တက်တယ် သူတစ်ပါးရဲ့ ကစားစရာဖြစ်သွားတက်တယ် အဲ့ဒီတော့ ရုန်းထွက်ဖို့ ကြိုးစားတော့ပါဘူး ဒီနေရာမှာပဲ လဲကျလိုက် ပြန်ထူလိုက်နဲ့ပဲ နေသွားပါတော့မယ်ဗျာ..


❤❤❤ Happy Birthday Pyit Tain Htaung!! ❤❤❤


Ps : မျက်စိက သိပ်မမြင်ရတော့ ကျွန်တော်အရင်လို Blog ရေးဖြစ်မှာ မဟုတ်တော့ဘူးဗျာ။