ဆုတောင်းပေးပါတယ်ဗျာ



မနေ့ညက အိပ်ခါနီး ကျွန်တော့် Wall မှာ သူ့ပုံတက်လာတော့ Like တောင် ပေးလိုက်သေးတယ် ဒီပုံကို သဘောကျတော့ တော်တော် Handsome ဖြစ်လာတယ်ဆိုပြီး တွေးမိလိုက်သေးတယ်..

ကျွန်တော်သဘောကျတဲ့ မြန်မာမင်းသားတွေက သူအပါအဝင် လက်၅ချောင်းတောင် မပြည့်ပါဘူးဗျာ..

ဒီနေ့လည် MCB Bank ရောက်တော့ မင်းသွေးဆုံးတယ်ဆိုတဲ့ သတင်းကို ဘဏ်ကဝန်ထမ်းတွေပြောကြေတာ မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိတယ် FB မှာ Friend ဖြစ်တာကြာနေပေမယ့် သူနဲ့ စကားတခါမှမပြောမိခဲ့ဘူး Message လေးတောင် မပိုမိခဲ့ဘူးဗျာ (အခုတော့ မပို့မိခဲ့လို့ နောင်တရနေပြီ) အခုတော့ သူ့ Wall ကို ဝင်ကြည့်ပြီး သူတကယ်ဆုံးသွားတာ လက်ခံလိုက်ရပါပြီ.. 😭😭😭

၃၃နှစ်ဆိုတာ ယောင်္ကျားလေးတစ်ယောက်အတွက် အရွယ်ရောက်ပြီးစ အချိန်ပဲရှိပါသေးတယ် Bro ရာ ခင်ဗျားထွက်သွားတာ အရမ်းစောလွန်းပါတယ် လူချင်းမတွေ့ဘူးတဲ့ ကျွန်တော်လို ၁၀၀% တစိမ်းတစ်ယောက်အတွက်တောင် တော်တော်ခံစားရပါတယ်..

ကိုနေမင်းအောင်ရေ ဖြစ်လေရာ လူ့ဘဝတိုင်းမှာ အသက်ရှည်ရှည် အနာမဲ့စွာနဲ့ နေရပြီး မကြောင့်မကျ မတောင်းမတ လိုတရတဲ့ ဘဝမျိုးပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးပါတယ်။
🙏🙏🙏🙏🙏