ကရင်တောင်တန်း



မနက်ကလဲ အိပ်ရေးဝအောင် မအိပ်ထားဘူး ဒီနေ့တနေ့လုံး အိမ်သန့်ရှင်းရေးလုပ်ထားတော့ လူကမလှုပ်ချင်တော့ဘူး..

ညဘက်မှာလဲ ဆေးရုံသွားပြီး သားသားကိုသွားကြည့်ရသေးတယ် 
သူ့ကို၂ရက်လောက်မတွေ့ရတာ ကျွန်တော့်မှာသတိတွေရနေတာ နောက်ဆို အလုပ်ပိတ်ရက်တွေဆိုရင် သူ့စီရောက်နေမှာ အသေအချာပဲ ဒီကောင်က တော်တော်ချစ်ဖို့ကောင်းတယ်..

လူကအိပ်ချင်နေပေမယ့် စာကရေးချင်ပြန်ရော စာမရေးဖြစ်တာ မှတ်တောင်မမှတ်မိတော့ဘူး နော်ဘူတောသွားခဲ့တဲ့ အမှတ်တရလေးက ၃ပတ်ဆိုတော့ ပျောက်လုပျောက်ခင်ဖြစ်နေပြီ..

ခံစားချက်လေး မကုန်သွားသေးခင် အိပ်ချင်မူးတူးနဲ့ စာဝင်ရေးဖြစ်တာဗျ..

Day Trip သွားမှာပဲသိတာ ဘယ်ခရီးစဉ်မှန်းမသိဘူး တောင်တက်မယ် ရေကူးမယ် ဆင်စခန်းသွားမယ် ဒါပဲသိတာ ကိုယ့်တူမကလဲ ဘူမသိကိုးမသိဆိုတော့ ထပ်မမေးတော့ဘူး ၁ယောက်တစ်သောင်းခွဲဆိုတော့ အိုကေပေါ့ (ပိုက်ဆံမရှိလို့ ပုဂံတောင်မသွားရသေးတဲ့ဘဝလေ ဘက်ဂျက်ခရီးစဉ်ဆိုတော့ ပျော်တာပေါ့)..

စနေနေ့ညသာသွားရမှာ တနေ့လုံး တပတ်စာအဝတ်တွေလျှော်ရတာ ညနေ၆နာရီကျော်မှရေချိုးရတယ် မနက်စာနဲ့ညစာပေါင်းစား 
Game ခဏဆော့ ၈နာရီကျော်တော့ ကလေး၂ယောက်အတွက် အထုပ်ရယ် ကိုယ့်အထုပ်ရယ်ပြင်ြပြီး ရယ်ဒီပဲဗျာ (အဝတ်တထည်ကိုယ်တစ်ခုသွားချင်ပေမယ့် ဟိုဟာပူ ဒီဟာပူတက်တဲ့အကောင်ဆိုတော့ လိုတာမှန်သမျှအကုန်သယ်လာမိတော့ ကားပေါ်ရောက်တော့ သေရော)..

၉နာရီခွဲတော့ စုရပ်ကိုကြရော ဟိုရောက်မှ သူတို့အုပ်စုကအများသား တူမတွေသူငယ်ချင်းတင် ၆ယောက် ကလေး၃ယောက် မိဘတွေကကိုယ်အပါအဝင် ၅ယောက် ၁၄ယောက် အန်စာတုံးဆိုရင် ယာဉ်မောင်းမပါသေးဘူး လူပြည့်နေပြီ..

၁၀နာရီကျော်တော့ လူကစုံနေပြီကားမလာသေးဘူး ကားလာတော့ ယာဉ်မောင်းနဲ့ပိုင်ရှင်၂ယောက်လိုက်မှာ ဘုရားရေ ၁၆ယောက် စတွေ့ပြီ ဘယ်လိုစခန်းသွားမလဲဆိုတာ..

အမယ်သူတို့ဘာသာစီစဉ်တာဆိုတော့ ၆ယောက်သားဝုန်းဝုန်းနဲ့ ၄ယောက်တန်းမှာ၅ယောက်ထိုင် ကလေး၃ယောက်ကို ၂ယောက်ခုံမှာ ၃ယောက်ထိုင်ခိုင်းရော ကိုယ်တူက ကိုယ်တပိုင်းဖြစ်နေတော့ အဆင်ပြေပါ့မလားစိုးရိမ်တာ ဒင်းကအဖွဲ့ကျပြီးသွာဖြီးနေတော့ အေးဆေးဖြစ်သွားရော..

ကျွန်တော်သာ ဒင်းတို့မုန့်ထုပ်တွေ စိတ်ပူပြီးလိုတာထည့်လာမိတဲ့အထုပ်ရယ် ကိုယ့်အဝတ်ထုပ်ရယ်နဲ့ခြေချစရာမရှိဘူး ေဩာ်.. သွားချင်အုန်းဟဲ့ခရီးဆိုပြီး စိတ်ဒုန်းဒုန်းချလိုက်လာခဲ့တာ နော်ဘူတောင်ပေါ်ရောက်တော့ ခရီးပန်းသမျှ အိပ်ရေးပျက်ခဲ့တာတွေ အလုပ်ကစိတ်တာတွေ အကုန်လုံးမေ့သွားရတာ..

မျက်စိကဖွင့်လို့မရတော့ဘူး နောက်ရက်မှ ထပ်ရေးတော့မယ်ဗျာ..

ပုဂံပြီးရင် နော်ဘူတောတောင်ပေါ်ကနေ ပတ်ဝန်ူကျင်တောင်တန်းတွေကို ငေးကြည့်နေရတဲ့ အခိုက်အတန့်လေးက ကျွန်တော့်အတွက် တော်တော်လေးကို တကာ်ကျေနပ်ခဲ့ရပါတယ် Covid ကြီးပြီးလို့ ခရီးသွားဖြစ်ခဲ့ရင် နော်ဘူတောကို အလည်သွားပါအုန်းမယ်ဗျာ.