100 Days My Prince


https://m.facebook.com/story.php?story_fbid=495139344351757&id=459529411246084

ကျုပ်ခမျာလဲ Blog မရေးနိုင်တိုင်း Game လေးဆော့လိုက် သီချင်းလေးနားထောင်လိုက် ဇာတ်လမ်းတွဲလေးကြည့်လိုက်နဲ့ သာယာနေတဲ့ဘဝဗျ..

ဒါတောင် Blog ကို သံယောဇဉ်မပြတ်တော့ သီချင်းလေးဘာလေး လာလာတင်နေရတာ ဇာတ်လမ်းတွဲလဲ ပါသပေါ့ဗျာ..

မင်းမရှိရင်မဖြစ်လို့

ပိုးဟပ်ဖြူ














၇နှစ်ကြာမှ ခင်ဗျားကို ပြန်သတိရမိတဲ့ ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ဗျာ..


ဒီဇင်ဘာလရောက်တိုင်း ခင်ဗျားလေး မွေးနေ့ကို သတိမရတော့တာ အတော်ကြာပြီဗျာ..


Witch' Love ကို မကြည့်မိရင် ခင်ဗျားကို ပြန်သတိရမှာ မဟုတ်ဘူးဗျ အဲ့ဒီ Series ကြပြီး တစ်ယောက်ယောက်ကို သတိရမိတယ် Actor ရဲ့ မျက်လုံးတွေက ကျွန်တော်ရင်းနှီးနေသလို ခံစားရတာ..


မနေ့က Kim Hyun Woo ပုံတွေ ရှာရင်းနဲ့ ခင်ဗျားကို ပြန်တွေ့လိုက်မိတာ ကျွန်တော်ရဲ့ ပိုးဟပ်ဖြူ   ယောကျာင်္းတစ်ယောက်အနေနဲ့ ခင်ဗျားမျက်လုံးတွေက အရမ်း Soft ဖြစ်လွန်းပေမယ့် ကျွန်တော်အရမ်းသဘောကျမိတယ်..


အဲ့ဒီမျက်လုံးတွေကနေတဆင့် တဖက်သားကို အလေးထားတက်တဲ့ စာနာတက်တဲ့ ဂရုစိုက်တက်တဲ့ ခင်ဗျားရင်ဘက်ကို အတိုင်းသားမြင်ရတယ်ဗျာ..


အရင်ကတော့ ကျွန်တော်အမှားလုပ်မိတိုင်း ပြသနာဖြစ်တိုင်း Cover ပေးတဲ့ Care လုပ်တက်တဲ့ ခင်ဗျားကို သတိရမိတယ် အခုတော့ ခင်ဗျားကိုမေ့သွားတာ အတော်ကြာသွားပြီ ဒီဇင်ဘာလရောက်တိုင်း ခင်ဗျားမွေးနေ့ကို သတိမရတာလဲ အတော်ကြာပြီဗျ အခုတော့ ရင်ဘက်ထဲ ပြန်ဝင်လာပြပြီဗျာ..


အခုမှ အမှတ်မထင် ရက်စွဲတွေ နောက်ပြန်ရစ်ပြီး သတိရမိသွားတာ ခွင့်လွှတ်ပါ အရင်လို ခဏခဏနေမကောင်း ဖြစ်သေးလား partner တွေကိုရော Cover လုပ်ပေးနေတုန်းပဲလား ခရီးကပြန်လာတိုင်း ဆေးရုံတက်ရသေးလား ကျွန်တော်သိချင်တာတွေ အများကြီးဗျာ..


မနက်က နေမကောင်းတာတောင် အလုပ်သွားရင်း ခင်ဗျားအကြောင်းတွေးနေတာ အိမ်ပြန်ရောက်တော့ ခင်ဗျား  Account ထဲ ဝင်ကြည့်မိတယ် အရင်အတိုင်းပဲ မပြောင်းလဲပါဘူး ၇နှစ်အတွင်း ခင်ဗျားပုံ ပြောင်းလဲသွားပြီလား သိချင်နေတဲ့ ကျွန်တော့်ဆန္ဒ ဆုတောင်းမပြည့်ဘူးဗျာ..


တနေနေ့ တချိန်ချိန်မှာတော့ ခင်ဗျားကို ပြန်တွေ့ရမယ်လို့ မျှော်လင့်မိပါတယ် but ကံကြမ္မာဆိုတာ ကျွန်တော်မှ ဇာတ်ညွှန်းရေးလို့မရတာဗျာ။


Soon, I really sorry for save your photo but only one photo.