အချိန်


အနည်ထိုင်ချိန်မှာ မင်းရောက်လာတာ
အင်မတန်မှပဲ
ဝမ်းနည်းစရာ...
အခုအချိန်မှတော့ နောင်တမရမိတော့ပါဘူး ဘဝဆိုတာ ကိုယ်တိုင်ရေးလို့ရတဲ့ အက်ဆေးတစ်ပုဒ် မဟုတ်ဘူးလေဗျာ..
မိန်းမတစ်ယောက်ရဲ့ ခံစားချက်ဆိုတာ တသတ်မတ်ထဲ တည်ရှိနေပါ့မလားဗျာ သူလဲလူတစ်ယောက်ဖြစ်တော့ ပြောင်းလဲသွားနိုင်တယ်ဆိုတာ လက်ခံပေးလိုက်ရင်
ခင်ဗျား အဆင်ပြေသွားမှာပါ...
အကြိမ်ကြိမ်အခါခါ အဲ့ဒီခံစားချက်တွေကြောင့် ပူလောင်နစ်မွမ်းခဲ့ပြီးလို့ အခုအချိန်မှာတော့ အိမ်မက်ဆိုးကြီး ပြန်မမက်ချင်တော့ဘူးဗျာ..
လူဆိုတော့လဲ အပ်ကျမတ်ကျ မပြောရဲပါဘူး ကံကိုလဲပုံမချချင်ပါဘူး ကျွန်တော့်ကို စိတ်ဆင်းရဲစရာတွေ ယူလာမပေးတဲ့သူ ကျွန်တော့်ခံစားချက်တွေကို ဝေမျှခံစားပေးမယ့်သူ ဆိုရင်တော့ May be ပေါ့ဗျာ ကျွန်တော်က သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ လူဖြစ်နေတော့ လက်ခံမှာပေါ့ဗျာ..
😇😇😇
အခုအချိန် ပြန်တွေးကြည့်ရင်တော့ အတိတ်ကအဖြစ်တွေဟာ ရယ်စရာပြက်လုံးတစ်ခုလိုပါပဲ..
ရည်းစားဦးတုန်းက ကိုယ့်မှာတော့ချစ်လိုက်ရတာ မမမြင်ဘူး မူးမြစ်ထင်တာမဟုတ်ဘူး ပင်လယ်လောက်ကို ထင်ခဲ့မိတာ ရေမြေခြားနေတာတောင် ငါ့ကိုချစ်လိုက်တာ သူ့ခမျာဖုန်းဖိုးတွေ စျေးကြီးတာတောင် နေ့တဒူဝ ငါ့ကိုဂရုတစိုက် ဖုန်းဆက်ရတာ ဆိုပြီးတော့ အသည်းတွေ တဖြုတ်တ်ဖြုတ် ကြွေခဲ့မိတာ..
နောက်တစ်ယောက်ရှိနေတာ သိရတော့ အသည်းတင်မကဘူး အသက်ပါ တဖုတ်ဖုတ် ကြွေသွားရတာ ငါအသက်မရှင်နိုင်တော့ပါဘူးဆိုပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေဖို့အထိတောင် လုပ်ခဲ့ဘူးတာ အခုအချိန်မှာ ပြန်တွေးကြည့်တော့ ( သတ်သေဖို့စဉ်းစားမိတာကို ဥာဏ်နည်းလှချေလားပြီးအံသြမိတယ် ) သတ်မသေမိတာ ကျေးဇူးတင်ပါတယ် နွားမရယ်ဆိုပြီး ချီးကျူးမိပါတယ်..
ကိုယ့်ကိုထားခဲ့တဲ့ ဒင်းကိုလည်း ရှိကြီးခိုးမိတယ် မောင်မင်ကြီးသား ကျန်းမာ၊ ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ် ဒင်းကျေးဇူကြီးလို့ ကလေးတဖက်နဲ့ ဒူးနဲ့မျက်ရည်သုပ်နေရမယ့် ဘဝမျိုးမရောက်ခဲ့တာ..
🙏🙏🙏
နောက်တစ်ယောက်ကျတော့လဲ ထိုနည်းလည်းကောင်းပါပဲ ငါ့ကို ဂရုစိုက်ပါလားဆိုပြီး ဒုတိယမ္ပိ စိတ်ကြီးတွေဝင်ပြီးသကာလ နွားဖြစ်ခဲ့တဲ့ ဘဝကိုမေ့ပြီး ခွေးဘဝရောက်တော့တာပဲ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား ကျောင်းချင်မိတာထက်ဆိုးတယ် ကြီးတော်ထမိန် လျှော်ပေးချင်တာ..
မောင်မင်ကြီးသားက ကိုယ့်အရည်အချင်းကိုပြီး သုံးစားမရမှန်းသိလို့ ကိုယ့်ကိုနှစ်ပြားမတန်အောင် မှတ်လောက်သားလောက် အပြောအဆိုခံရပြီးမှ ခွေးဘဝရောက်နေမှန်း
အသိဝင်တော့တယ် ဒါတောင်နှစ်ခါလောက်ကို ခြေသလုံးဖက်ချင်သေးတာ ထမိန်လျှော်ဘဝလေးကို ဖက်တွယ်နေချင်သေးလို့..
ဒီမောင်မင်းကြီးသားကိုလဲ ကျေးဇူးတင်မိပါတယ် ကျန်းမာ၊ ချမ်းသာပါစေ ဒင်းသာဒီလိုမျိုး နှစ်ပြားမတန်ပြောခဲ့လို နောက်ဆိုငါလျှော်နေတဲ့ထမိန် မပေးနိုင်ဘူးဆိုပြီးတော့ ထမိန်လျှော်တဲ့ဘဝကို ဖက်တွယ်ထားနေအုန်းမှာ..
🙏🙏🙏
Crush တွေတုန်းကလည်း သူကလွဲရင် ဖွဲနဲ့ဆန်ကွဲ ထင်ခဲ့မိတာပါပဲ ရည်းစားတွေတုန်းကလဲ နောက်ဆုံးအချစ်ပြီး ထင်ခဲ့မိတာပါ
နောက်တစ်ယောက်မတွေ့ခင် အချိန်အထိတော့ ဟုတ်နေတာပဲ နောက်တစ်ယောက်တွေ့တဲ့အခါကျမှ ကိုယ်ထင်တာတွေ
တက်တက်စင်အောင် လွဲနေမှန်းသိတော့တာပါဗျာ...။

😊😊😊
@Ygn,MM.

Dear crush


နေ့တိုင်းမဟုတ်ရင်တောင်
ခဏခဏ ခင်ဗျားလေးကိုသတိရနေတယ်..

အလွမ်းတွေက မစိုက်ပျိုးပဲ
ရင်ဘက်တခြမ်းလုံးနီးပါး
ရှင်သန်လာကြတယ်..

တချို့အတိတ်တွေက
အဲ့လောက်တောင်ချိုမြိန်မှန်း
ကျွန်တော်မသိခဲ့ပါဘူး..

အလွမ်းတွေကို မခုတ်ထွင်ပဲသူ့ဘာသာ
ရှင်သန်စေတက်ပါပြီ..

ဆစ်ကနဲစူးရှရှ နာကျင်ရတာထက်
ဖျတ်ကနဲနာကျင်ခြင်းက ပိုလှပနေခဲ့တယ်..

အနာဂတ်မှာလဲ ခင်ဗျားမရှိနိုင်သလို
ပစ္စုပ္ပန်မှာလဲ ကျွန်တော်တစ်ယောက်ထဲပါပဲ..

သို့သော်..
ကျွန်တော့်ရင်ထဲက ပုံရိပ်တွေကတော့
မပျောက်ပျယ်သွားပါဘူး..

တနေ့ဆိုတာကိုမတမ်းတနေတော့ပဲ
အတွေးတွေနဲ့ ကျွန်တော်ကျေနပ်ခဲ့ပါပြီ
နေကောင်းပါစေလို့ တိုးဖွဖွဆုတောင်းရင်း
သတိရမိပါတယ် ချစ်သောပိုးဟပ်ဖြူ။

#Dear_crush_soon