ခွက်ကျန်





ခွက်ကျန်
______
အစစ်အမှန် အဖြစ်အပျက်တွေက
ကာလ ယန္တယားအောက်မှာ
ပုံရိပ်ယောင်တွေ ဖြစ်ခဲ့ပြီ ။
လက်ကျန်ဘဝရဲ့
ညနေခင်းတိုင်း ဟာလည်း
အလင်းယိုင်ခဲ့သလို့
လမ်းတိုင်းဟာလည်း
မှောင်ပျပျ နဲ့ ဝိုးတဝါး ။
သွားလာဖြစ်ရုံ လက်ကျန် ကံလမ်းက
ယိုယွင်းခြင်း အနောက်ခြမ်းကို
တိုးတိုးပြီးညွှန်ချိန်မှာ
တိမ်တောက်တာတွေလည်း ပြယ်ခဲ့ပြီ ။
ကဲ ......
ခု အလင်းလက်ကျန် ယဲ့ယဲ့မှာ
မျှော်လင့်ချက် ခွက်ကျန် နဲ့
လူတစ်လုံး သူတစ်လုံး ဖြစ်ဖို့ရော
ရှိပါဦးမလားပဲ ...။
     -မှတ်စုကြမ်း   #AungOo
Source:  https://m.facebook.com/story.php?
Remark: Fb က သူများ Post ကို မလာပြန်ပြီဗျာ။
ကျွန်တော် ကဗျာလေးဖတ်ပြီး သဘောကျသွားတယ်ဗျာ
မှန်ကြည့်မိသလို ကဗျာထဲက ဇာတ်ဆောင်က ကိုယ်ဖြစ်သွားတာပါ။
လူတစ်လုံး သူတစ်လုံးဖြစ်ဖို့ ဝင်သက်၊ထွက်သက်လေးအေးမြနေဖို့ ြကြိုးစားရအုန်းမယ်ဗျာ..