ကျွန်ချင်းတူရင်တောင် 

ဘုံကျွန်ဖြစ်ရတဲကောင်ကိုပိုပြီးသနားတယ်ဗျ

တနေ့ထမင်းနှစ်နပ်စားပြီး

ကျောတခင်းစားအိပ်ရတာချင်းတူပေမယ့်

ဘုံကျွန်ရဲ့အိမ်မက်ဆိုတာ 

ရေပေါ်အရုပ်ရေးသလိုပါပဲ

တနေ့တော့

ကျွန်ဘဝဇာတ်သိမ်းရမယ်လို့

ကြွေးကြော်ရင်း

ဘုံကျွန်တစ်ကောင် နေဝင်သွားရတာပဲ။