ကျုပ်သောကတွေနဲ့ ဗျာပါဒများနေချိန်မှာ

ခင်ဗျားအပူက ပိုပြီးလောက်မြှိုက်

စေပါတယ်..

ကလေးမွေးလာတာလဲ ကြုံခဲ့ဘူးပါတယ်

နာမကျန်းတာလဲလက်တွေ့ပါပဲ

မသာပို့လိုက်ရတာလဲ အခေါက်ပေါင်း

မနည်းပါဘူး..

အခုထိမိုက်နေဆဲဆိုတော့ ဟဲ့ငနွား နင့်မိုက်ပြစ်နဲ့ နင်ခံရော့ဆိုပြီး သိကြားကဇိကုတ်ဆွဲမတင်တော့ပဲ ဖနောင့်နဲ့သာ ကျွန်တော့်ကို ကန်ချလိုက်ပါတော့တယ်..။


ဒြပ်မဲ့ပန်းခင်း


Sources: https://m.facebook.com/story.

ကျွန်တော် သိန်း၁၀၀၀ထီပေါက်ဖို့ ဆုတောင်းနေချိန်မှာ ၈နှစ်သားလေးက ၃,၅၀၀ရဖို့ ၁၁မိုင်ခရီးကို နေ့တဒူဝဖြတ်သန်းနေရတာကို တကယ်မသိခဲ့ရပါဘူး...


ဆံပင်တွေလဲဖြူလာပါပြီ ကျွန်တော်ကိုကျွန်တော်လဲ အသက်ကြီးလာကို ကျေကျေနပ်နပ်ကြီးလက်ခံပေးထားပါတယ် ဒါပေမယ့်လဲ လောကဓံကို ဒီအသက်အရွယ်အထိ မကျေမနပ်ဖြစ်နေဆဲပါ...


ငွေကြေးကိစ္စမပြေလည်တိုင်း ကျွန်တော်ကျမှ ဘာလို့ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့ရတာလဲ တခြားလူတွေလို ဘဝကို အခက်အခဲမရှိ ဖြတ်သန်းခွင့်မရခဲ့တာလဲ ကျွန်တော်ရေရွတ်နေတုန်းပါပဲ...


ကျွန်တော်စိတ်ညစ်လာတိုင်း စိတ်ထွက်ပေါက်အဖြစ် Game ဆော့ဖြစ်တယ် Game ထဲက ကျွန်တော့် Castel လာအတိုက်ခံရတိုင်း ဒေါသတကြီးဖြစ်မိတယ် Castel တိုက်ခံရတိုင်း ခဏခဏဒေါသဖြစ်ရတော့ Game မဆော့တော့ပဲ Netflix က ဇာတ်ကားတွေကြည့်ပြီး ဘဝကို ပန်းခင်းလမ်းကြီးထင်ပြီး သာယာမိပြန်တယ်...


ဘဝဆိုတာကို Netflix က ဇာတ်ကောင်တွေလို ရွှေမှုံကြဲထားတဲ့ ပန်းခင်းကြီးလိုအထင်ရောက်မိခဲ့တယ် တကယ့်လက်တွေ့ဘဝကတော့ ၃၅၀၀ရဖို့ ၇ပိဿာလေးတဲ့ ခြင်းတောင်းကိုသယ်ပြီး တနေ့၁၁မိုင်ခရီးကို ဖြတ်သန်းနေရမှန်း မသိခဲ့မိဘူးဗျာ...


ဘဝမှာ ဘုရားစီကနေ အများကြီးဆုတောင်းခဲ့ဘူးပါတယ် သူစိမ်းတွေစီကလဲ အများကြီးမျှော်လင့်ခဲ့ဘူးပါတယ် ဘဝကိုဇာတ်လမ်းတစ်ပုဒ်လို့ထင်ခဲ့ပြီးတော့ အများကြီးစိတ်ကူးယဉ်ခဲ့ဘူးပါတယ်...


တော်လောက်ပြီဗျာ ဘုရားစီကနေရော တစိမ်းတွေစီကနေရော ဘဝကြီးစီကနေရော အများကြီးမမျှော်လင့်တော့ပါဘူး ဝင်သက်ထွက်သက်လေးနဲ့ တည်ဆောက်ထားတဲ့ ဘဝဆိုတာ ဒြပ်မဲ့တစ်ခုဆိုတာကို အသေအချာလက်ခံပေးလိုက်ပါတယ်။