ရေပူဖောင်း


Source: https://thumbs.dreamstime


Blog မှာ ရေးသမျှ အကြောင်းအရာအတော်များများ ကျွန်တော်အကြောင်းတွေသာ ပိုများမှာပါ ဒါပေမယ့် အခုအချိန်အထိ သူတစ်ပါးကို နားလည်ပေးနိုင်ဖို့မပြောနဲ့ ကျွန်တော်ကိုယ် ကျွန်တော်တောင် နားမလည်နိုင်သေးလို့ ထပ်ရေးလိုက်ပါတယ်...


#2020 အမှန်အတိုင်းဝန်ခံရရင် အသက်တစ်နှစ်ကြီးသွားရတာထက် လူဖြစ်လာရတဲ့ သက်တမ်းတလျှောက်မှာ အလဟဿအချိန်ကုန်သွားရသလို ခံစားခဲ့ရတဲ့ ခုနှစ် သက္ကရာဇ် နောက်ထပ်၅ရက်ကျော် အသက်ရှင်နေအုန်းမယ်ဆိုရင် #Good bye ဆိုပြီး ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ချင်တဲ့ ပြဿနာကောင်..


ရေပူဖောင်းပုံရှာနေရင်းနဲ့ ရယ်မိတယ်ဗျာ ရေပူဖောင်းတောင်မှ အဆုံးအစရှိတဲ့မြစ်ထဲက ပူဖောင်းဖြစ်ချင်တဲ့ဘဝ အသက်ရလာလေ ကျွန်တော်အတ္တက ပိုပြီးလှပလာလေ..


လူပီသလားလို့မမေးနဲ့ ခင်ဗျားတို့ ထင်မှတ်မထားတဲ့ အကျင့်စရိုက်တွေ ကျွန်တော့်တစ်ကိုယ်လုံးမှာ ဖြစ်တည်နေတဲ့လူ..


တချို့အရာတွေမှာ ပျော့ညံ့တယ်ထင်ပြီး မာကျောသလောက် မထင်မှတ်ထားတဲ့အချိန်မှာ ကျရှုံံးနေတက်တဲ့လူ..


လူဟာ သူတစ်ပါးထက် ကိုယ့်ကိုကိုယ် ပိုချစ်တယ်လို့ပြောကြတယ် ကျွန်တော်က သူများထက်အကဲပိုပြီး ပိုချစ်နေလားလို့ တွေးမိပါတယ်..


တစ်ယောက်ထဲနေရတဲ့ဘဝမှာ အသားကျလာတော့ ဒီပုံစံခွက်ထဲမှာ အနည်ထိုင်သွားတာနေမှာပါ ပုံစံပျက်သွားရင်တောင် အဆင်မပြေသလို ခံစားရတယ်ဗျာ..


သာယာနေတဲ့ လူမှုပတ်ဝန်းကျင်ရိုက်ခတ်မှုတွေကို အားကျမိပါတယ် ဒါပေမယ့်လဲ စွန့်စားဖို့ ကျွန်တော့အတွက် တန်ဘိုးကြီးမှန်း လက်ခံထားတော့ တစ်ယောက်ထဲပဲ အဆင်ပြေပါတယ်..


ဒီအချိန်မှာ ခေါင်းထဲရှိတာ ပိုက်ဆံ၊ပိုက်ဆံကြီးပဲဖြစ်နေတော့ ကိုယ့်ကိုကိုယ် စိတ်ပျက််််််််မိပါတယ်..


သူတစ်ပါးအတွက် ရူးရူးမိုက်မိုက်ဖြစ်တုန်းကတောင် ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားခဲပါသေးတယ် အခုကျမှ ကိုယ့်ဘာသာကိုယ်တောင် မသဒ္ဒါမိတော့ ငါဒီအချိန်မှ ငွေမက်တာကို ကျေးဇူးတွေတင်မိပါတယ် အသက်ငယ်ငယ်ထဲကသာ ငွေမက်မိရင် ဘဝကကျွမ်းထိုးနေရလောက်ပြီ (နောက်ဆို တစ်ဘဝလုံး မစားရက် မသောက်ရက် မဝယ်ရက်နဲ့ အခုလို ငတ်ပြတ်နေရမှာ ဗျ..)


လူမိုက်ဆိုတာ နာမည်သာဆိုးတာဗျ ကိုယ်ပျော်သလိုနေလို့ရတယ် လူလိမ္မာဆိုတာ ကိုယ့်ဘာသာချွန်းအုပ်ပြီး နေရတဲ့ဘဝဆိုတာ လူလိမ္မာဖြစ်ကြည့်မှ ခင်ဗျားနားလည်မှာ (ဘဝမှာ မိုက်သင့်သလောက် မိုက်ပြီးပါပြီ ထပ်မိုက်ဖို့လဲ No way ပါဗျာ..)


တချို့တချို့လူတွေရဲ့ဘဝကို အားကျမိပါတယ် ဒါပေမယ့် အားကျယုံလေးပါပဲ သူတို့ဘဝတွေအတွက် စွန့်စားဖို့  ကျွန်တော့အတွက် တန်ဘိုးအရမ်းကြီးလွန်းပါတယ်..


ဘဝကအရမ်းတည်ငြိမ်လွန်းတော့ တခါတလေ အရင်လို အလဲလဲအကွဲကွဲ အချိန်တွေကို သတိရမိတယ် ဒါပေမယ့်လဲ သတိရယုံလေးပါပဲ ကျွန်တော့်ထက် ခင်ဗျားတို့ကို ပိုချစ်နိုင်မယ့် အချိန်ကာလကို ပြန်သွားနိုင်ဖို့ဆိုတာ မလွယ်တော့ပါဘူးဗျာ..


ဒီအချိန်မှာ ကျွန်တော်အတွေ့ချင်ဆုံး လူတစ်ယောက်ကို ပြောပြပါဆိုရင် ခင်ဗျားတို့ မျက်ရည်ကျမိမယ်ထင်တယ် (ကျွန်တော်တကယ်တွေ့ချင်မိတာ ပိုးဟပ်ဖြူပါ နေရောကောင်းရဲ့လား သူဘယ်လိုနေလဲ မကြာခဏတွေးမိနေတယ်..)


ဘဝကထူးဆန်းတယ်ဗျာ ရူးရူးမိုက်မိုက် ချစ်ခဲ့ဘူးတဲ့ ခင်ဗျားတို့ကို တိုက်ဆိုင်မှုရှိရင် သတိရပါတယ် အဲ့ဒါထက်ပိုပြီး မရှိတော့တာ ကျွန်တော်က အတ္တကြီးလို့နေမယ်ဗျ..


ခေါင်းထဲမှာငွေ ခေါင်းထဲမှာရွှေ တနေ့တနေ့ တွက်ချက်နေတဲ့ ဝင်ငွေထွက်ငွေစာအုပ်သာ စကားပြောတက်ရင် ကျွန်တော့်ကို သနားပါတယ်လို့ အပြောခံရမယ့်ဘဝ..


#2020 နဲ့အတူ ကျွန်တော်မလိုချင်တော့တဲ့ အတိတ်တွေ အကြောင်းအရာတွေ ရုပ်ဝတ္တူပစ္စည်းတွေ လူတွေအကုန်လုံးကို ထားခဲ့လိုက်ပါတယ်..


နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ဒီထက်ပိုပြီး ကိုယ့်ဘာသာကိုယ် စိတ်ချမ်းသာအောင်ထားနိုင်ဖို့ အခုလို ငွေခင်မဟုတ်ဘဲ လိုချင်သာဟူသမျှ ဖြည့်စည်းပေးနိုင်ဖို့ ကြိုးစားရအုန်းမယ်ဗျာ..


🙏🙏🙏 Happy New Year ❤️❤️❤️ 2021 ❤️❤️❤️ 🙏🙏🙏