Sweet Smile



 

လုပ်ချင်တာလုပ်ထားပြီးရင် 

အလှဆုံးပြုံးနေတက်သူ..



ဖေဖေါ်ဝါရီ(၁)ရက်နေ့ အပုလေး အာဏာထိမ်းတာကစပြီးတော့ ကျွန်တော်တစ်ယောက် လူမူရေး၊စီးပွားရေး၊နိုင်ငံရေး သောကတွေပင်လယ်ဝေပြီး လမ်းပျောက်နေတာ ပိန်းဥတွေကိုပဲ စင်ဆောက်ပြီးကန်တော့ရမလား အလုပ်တွေအကန့်သတ်မရှိပိတ်လိုက်လို့ ခွက်ဆွဲပြီးပဲ တောင်းရတော့မလား 



အိမ်နောက်ဖေးက ဓါးမဆွဲပြီးတော့ မြင်မြင်သမျှလူပဲ ခုတ်ထစ်ရတော့မလား စိတ်တွေကယောက်ကယက်ဖြစ် လူလဲဖြူကာပြာကာကျပြီးတော့ မဖြစ်စေဘူး ဒီအချိန်မှ ဘုရားမှတစ်ပါး ကယ်မဲ့လူမရှိဘူးဆိုပြီး ညတိုင်းပုံမှန် ဘုရားလေးရှိခိုးမှပဲ စိတ်လေးတည်ငြိမ်ပြီး ကျန်းမာရေးလဲ မထိခိုက်တော့တာ..



အဲ့ဒါတောင်မှ တောင်မင်းကို မြောက်မင်းမကယ်နိုင်ကာလဖြစ်လို့ သင်္ကြန်မတိုင်ခင်အထိ Street တွေများပြီး ကတုံးတုံးပြီး မယ်သီလပဲဝတ်ရမလား ခြေဦးတည့်ရာပဲ ထွက်သွားလိုက်ရမလား ဖြစ်ရသေးတယ်..



မြန်မာပြည်က လူသုံးများတဲ့ Social Network ဆိုတဲ့ Facebook မှာလဲ အပုလေးမြင်တာကျနေလို့ ဆဲထားကျတာ မိုးမွှန်နေတာပဲ အခုအချိန်မှာ မြန်မာလူမျိုးပြောရမှာ တကယ်ရှက်ပါတယ် အများစုက ဟိရိရောဩတပ္ပရော ပျောက်ကွယ်သွားပါပြီ...



တစ်မအေထဲ တစ်ဖအေထဲ မွေးလာကျတဲ့ မောင်နှစ်မအရင်းခေါက်ခေါက်တွေတောင် ထပ်တူမကျနိုင်တာ နိုင်ငံရေးဆိုတဲ့ ကြီးမားကျယ်ပြန့်တဲ့ ကိစ္စရပ်မှာလဲ ဘယ်လိုလုပ်ထပ်တူကျမှာလဲ အခုက ပေါ်ပင်နိုင်ရေးခံယူချက်တွေနဲ့ဆိုတော့ ပိုဆိုးရော သူများဆဲရင်လဲ ခင်ဗျားတို့အားရပါးရ ဆဲပြလိုက်တာပဲ 



သူများဘာသာရေးနဲ့ ပတ်သတ်ပြီးအကုသိုလ်ကိစ္စရပ်တွေလုပ်ရင်လဲ ခင်ဗျားတို့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီးတော့ အားရဝမ်းသာ ဘုန်းကြီးသံဃာမဆိုနဲ့ ဘာသာတရားတောင်မချန်ဘူး အကုသိုလ်အထုပ်ပိုက်ပြီး အလုအယက်ပြောနေဆိုနေလိုက်ကျတာ ကြောက်စရာကြီးဗျာ..



ကျွန်တော်ကတော့ လူကန့်လန့်ကောင်ဆိုတော့ ခင်ဗျားတို့ မိုးမွှန်အောင်စဆဲထဲက သူငယ်ချင်းအရင်းခေါက်ခေါက် တွေကစပြီးတော့ Unfriend လုပ်ပြစ်တာ လဝက်လဲကျိုးရော Account ထဲမှာ လူတစ်ဝက်တောင်မကျန်ဘူး 



စိတ်တော့မကောင်းပါဘူး ဒါပေမယ့် အကုသိုလ်တွေလျော့သွားတဲ့အတွက် ကျေနပ်ပါတယ် (နိုင်ငံရေးကိစ္စကိုတော့ မပြောတော့ဘူးဗျ ကျွန်တော်ကလက်ဖမိုးဆို ခင်ဗျားတို့က လက်ဖဝါးလေ တစ်ခုပဲပြောမယ် မြန်မာတွေလူမြိုခံနေရတာတာ ဘာသာတရားတွေဖျက်စီးခံနေရတာ ခင်ဗျားမသိဘူးဆိုရင် ခင်ဗျားက ထမင်းစားတဲ့နွားပဲဗျ.. )



အဲ့ကျတော့ ဘာလုပ်လဲဆိုတော့ အလုပ်ကိစ္စအပြင်တွေဘာတွေသွားရရင် သောက်ခွက်က တစ်ကမ္ဘာလုံးကို တင်ကျွေးထားရသလို ထန်နေတာပဲ သူ့ဘာသာ ဖြစ်သွားတာနော် နကိုထဲကလဲ လမ်းသွားရင် လူရိုက်ခံရမယ့် မျက်နှာပါ အခုတော့ ဖနောင့်နဲ့ပါ အပေါက်ခံရမယ့် ရုပ်ဖြစ်သွားတာပေါ့..



Facebook မှာ Armyတွေ ပိန်းဥတွေကလွဲရင် ကျန်တဲ့လူတွေ Post မတင်ကျတဲ့အချိန်မှာ ကျွန်တော်ကြိုက်တဲ့ နိုင်ငံရေး Thinker တွေ follow လုပ်တယ် ကျွန်တော်ကြိုက်တဲ့ Army Account တွေ Request လုပ်တယ်



 ပိန်းဥတွေက Account တွေကို SP လုပ်နေပေမယ့် သောက်ဂရုမစိုက်ပဲ Account ကို Lock မချထားဘူး ကျွန်တော်ကြိုက်တဲ့ Post တွေကို သောက်ကြောတင်းပြီးတော့ကို Public နဲ့ Share တယ် လူ့စိတ်က ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုရင် စိတ်ဖိစီးတာတွေများတော့ ဘယ်အရာမှကိုသောက်ဂရုကိုမစိုက်တော့တာဗျ လာမယ့်ဘေးပြေးတွေ့မယ်ဆိုပြီး မောင်းတင်ထားတာဗျ..



အဲ့ဒါနဲ့ Ok Par Apps ကို ရောက်သွားရော အစဆိုတော့ ယောင်ယောင်နဲ့ Request လုပ်သမျှလူ Accepted လုပ်ပြီးတော့ Chat ပါလေရော ဘုရားဆူး Apps ဗျာ ၁၀ယောက်လာ Add ရင် ၅ယောက်က Sex profile နဲ့ ကျန်တဲ့ ၅ယောက်လဲ မထင်နဲ့ဗျ ၂ယောက်ခွဲက ဖာခေါင်းတွေဗျ..



ကျွန်တော့်ကို စကားလာပြောရင် ကျွန်တော်လဲ ပြန်ပြောပါတယ် အမှန်က ယောင်နေတာပေါ့ အလုပ်အကိုင်မရှိသေးတော့ ကျွန်တော်အသက်ကို Friend ဖြစ်တာနဲ့ မြင်ရပါတယ် Birthday အတိအကျတင်ပေးထားတာ တော်ကြာ ကလေးတွေ အဘွားကြီးမှန်းမသိဘဲ လာ Q နေမှာ စိတ်မကောင်းဖြစ်လို့ အဲ့ဒါတောင်မှ သောက်ရေးမပါတဲ့ကောင်က ဘလိုင်းကြီး စော်ကားသွားတယ်ဗျာ..




စကားစပြောတော့ ကောင်းကောင်းမွန်မွန်ပါပဲ တစ်နေတောင်မကုန်သေးဘူး ဇာတိပြတော့တာပဲ ဒီကာလကိုကြုံရဆုံရပြီး ဘုရားစရှိခိုးထဲက ဒေါသကိုတက်နိုင်သမျှ လျော့ပါတယ် ဆဲဆိုတာကိုလဲ အတက်နိုင်ဆုံး စောင့်စည်းပါတယ် အဲ့ဒီဖာခေါင်းနဲ့လဲတွေရော ဒေါသတွေစုပြုံပြီး ဆဲမိတာဗျာ 



ယီးကိုမိုးမွှန်သွားတော့တာပဲ ဒါတောင်မှ ဒီကောင်ဆက်မပြောဘဲ ရပ်လိုက်လို့ဗျ ဒီကောင်သာဆက်ပြောနေရင် တစ်မျိုးလုံးတစ်ဆွေလုံးကို ကိုင်တုပ်ဖို့လုပ်နေတာ သွေးအေးသွားတော့မှ ဒီနေ့ဘုရားရှိခိုးထားသမျှ အကုသိုလ်ဖြစ်သွားရတယ်လို့ အသိဝင်လာတော့တယ် အဲ့ဒါတောင် ဒေါသမပြေသေးလို့ နောက်နေ့မနက် Apps မှာ သွားသောင်းကျန်းလိုက်သေးတယ်..



အဲ့ဒါလဲပြီးရော ကိုယ့်ဘာသာ လက်ခံလိုက်တော့တယ် ငါဒီအတိုင်းစိတ်ကိုချုပ်တည်းပြီး ဆက်နေရင်တော့ လူတောင်သတ်မိမလား မဆိုနိုင်ဘူး အဲ့ဒီတော့ ရွက်ထားတဲ့ Stress တွေကို ဖြုတ်ချပြီးတော့ ပေါ့ပေါ့ပါးပါးပဲ ပြန်နေတော့မယ် 



မိုးပြိုအများပဲ ဖြစ်သမျှအကြောင်းက အတိတ်ကအကျိုးတွေပဲလေ ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိဆိုပြီး ဒီနေ့ကစပြီးတော့ ဘယ်သူ့ဘယ်သူကိုမှ သောက်ဂရုမစိုက်ဘဲ နေပါတော့မယ်ဗျာ..



လူ့ဘဝမှာ နောပ်ထပ်နေရလဲ မသကာ ၄၊၅၊၁၀နှစ်လေ မိသားစုလဲမိသားစုမလို့ ပတ်ဝန်းကျင်လဲပတ်ဝန်းကျင်မလို့ လုပ်ငန်းခွင်လဲလုပ်ငန်းခွင်မလို့ သူတို့အကြိုက်လိုက်နေပေးရရင် ကျန်တဲ့သက်တမ်းလေး ၁နှစ်တောင်ခံမှာ မဟုတ်ဘူး စိတ်ဖိစီးပြီး သူတို့ပဲသေမလား ကျွန်တော်ပဲသေမလား မပြောနိုင်ဘူးလေ..



So, ဒီနေ့ကစပြီးနော့ လုပ်ချင်တာလုပ်ပြီး အလှဆုံးပြုံးနေလိုက်ပါပြီ။



Do or Die!! ကျွန်တော်ကတော့ အသေမခံနိုင်ပါဘူးဗျာ။



#SmileOn2021







 




အလှဆုံးပြုံးနေတက်သူ..

































































































































#SmileOn2021