လူအိုတစ်ယောက်ရဲ့လောဘတရား။

 


အပိုင်း ၁။


အရင်နှစ်တွေက ညီမလေးတစ်ယောက် အမွေကိစ္စရေးတာမြင်တော့
ဒီကလေးနဲ့ဘာလို့ public ကို ချပြတာလည်းလို့ အပြစ်တင်ခဲ့မိပါတယ် ကိုယ်ချင်းမျှမစာမိတာကို အခုတော့ အဖေ့ကျန်းမာရေးဖြစ်ခဲ့တဲ့အချိန် ဇွန်လတုန်းက လက်ထဲငွေမရှိတဲ့အချိန်မှ ကိုယ်ချင်းစာမိတာပါ ကိုယ်မကုပေးနိုင်လို့ သူ့မိဘအမွေသူရမယ့်ပိုက်ဆံနဲ့ သူ့ကိုအကြောင့်ကြမရှိဆေးကုသစေချင်တာပါ



အဖေရမယ့်အမွေက လေးပုံတစ်ပုံဆိုတော့ ( ဘာလို့လေးပုံပုံတာလည်းဆိုတော့ အဘွားနဲ့အတူနေခဲ့တဲ့မိသားစုကို အဖေတို့ဘာသာ တစ်ပုံပိုပေးခဲ့တာပါ ) ကျောက်မြောင်းလမ်းပေါ်က ၁၇ပေ × ပေ၆၀ တိုက်ခန်းအတွက် ကာလပေါက်စျေးထားလိုက်ပါ အကျိုးဆောင်တွေကောက်စျေး သိန်း၁၁၀၀ကျော်နဲ့တွက်ရင်တောင် ၂၇၅သိန်းကျော်ရမှာပေါ့ ၇၈နှစ်အရွယ် လူအိုကြီးတစ်ယောက်အတွက်တော့ ၂၇၅သိန်းဆိုတဲ့ပိုက်ဆံက ဆေးကုသစရိတ် ကောင်းကောင်းသုံးလို့ရပါတယ်



လူဆိုတဲ့အမျိုးကလည်း အတော်လေးရယ်စရာကောင်းပါတယ် (17.12.2003) မှာ အဘိုးဆုံးပြီးတော့ အဘွားဆုံးတဲ့ (17.02.2016) နောက်ပိုင်းနှစ်တွေမှာ အမွေခွဲပေးစရာရှိတာကို မသိကျိုးကျွန်ပြုပြီး အခုအချိန်အထိတိုင် မခွဲပေးသေးဘူးဗျာ မိဘအိမ်ကိုတောင်မှ အတူနေဆိုပြီး မောင်ပိုင်စီးထားတာ တကယ်ကိုအတ္တကြီးလွန်းပါတယ်

ပိုက်ဆံအဆင်ပြေတဲ့အချိန်တုံးကတော့ အဲ့ဒီပိုက်ဆံကိုတကယ်ကို ကျွန်တော်ခေါင်းထဲကိုမထည့်ထားတာပါ သူတို့မျှအဖေ့စီမှာနောင်ဘဝမြေခံရမှာမကြောက်လို့ ဒီနေ့ဒီအချိန်အထိအဖေ့ကိုမပေးဘဲယူထားတာလေဗျာ 



ဘာလို့ public မှာ ရေးပြလည်းဆိုရင် အဘွားဆုံးပြီး (၈)နှစ်ကျော်လာတောင် 17.08.2024 ဆိုရင် ၈နှစ်ခွဲတိတိ အသက်၇၄နှစ်ကျော်အရွယ် အမွေခွဲမပေးဘဲမောင်ပိုင်စီးထားတဲ့လူကြီးက အသက်၇၈နှစ်ကျော်လူအိုကြီး အဖေတောင်းဆိုခဲ့တာကိုအလေးမထားပဲ သူတို့ဘယ်လိုတွေ လုပ်ဆောင်ခဲ့လည်းဆိုတာ သိရှိနိုင်အောင်ရေးပြတာပါ
( ဒါတောင်အဖေက အမွေကိစ္စနဲ့ပတ်သက်ပြီး တော်ယုံမပြောခဲ့ပါဘူး
အရင်နှစ်ကမှ သူအသက်ကြီးလို့ကျန်းမာရေးမကောင်းစဖြစ်လာလို့ အိမ်ကမိသားစုကပြောလို့ သူစပြောခဲ့တာပါ အဲ့ဒီအချိန်ထဲက
အစ်ကိုစီစဥ်ပေးပါမယ်ပဲပြောခဲ့တာ။ )



အဖေနေမကောင်းတဲ့အချိန်မှာ အမွေပေးစရာရှိတဲ့သူကလည်း အစ်ကိုရေ အကုန်လုံးတော့ကျွန်တော်မပေးနိုင်သေးဘူးဗျာ ဆေးဘိုးအနေနဲ့ကျွန်တော်တော့ဘယ်ရွေ့ဘယ်မျှအရင်ပေးထားပေးပါမယ် အဲ့လိုဖြစ်စေချင်တာပါ  ( ၇လပိုင်း၁ရက်နေ့မှာ အဖေနေမကောင်းလို့ သီးစုံပဲကုလားဟင်းတစ်ခွက်နဲ့ ဆိတ်သားကြော်တစ်ခွက်တော့ရောက်ခဲ့ပါတယ် ) အသက်၇၄နှစ်ကျော် လူကြီးဖြစ်ပြီး နောင်ဘဝမြေပါမှာကို မကြောက်တက်လိုက်ကြတာ



ဘာလို့အမွေကိစ္စထပ်ရေးပြတာဆိုရင် အဖေ့ရပိုင်ခွင့်ကိုလိုချင်လို့ဗျ အဖေ့ကိုရေရည်ည်အတွက်ဆေးကုပေးရအုန်းမှာခင်ဗျ

ကျွန်တော်က သဘောကောင်းရင် သူတစ်ပါးထက်သဘောကောင်းပေးတယ် ကျွန်တော့်မိသားစုအပေါ် ယုတ်မာလာပြီဆိုရင် ရေကုန်ရေခန်းအဲ့ဒီလူကို တူသောအကျိုးပေးအောင် ပြန်ပြီးတုံ့ပြန်တက်တဲ့သူပါ။



၂၆ရက်နေ့ည သောကြာနေ့ညက အမေဆေးရုံတင်ရတော့ အဖေက ၂၇ရက်နေ့ဖုန်းဆက်တော့ စီစဥ်ပေးမှာပဲပြန်ပြောတယ် ဒီနေ့အထိဘာမှမလုပ်ပေးလို့ အဖေကဒီနေ့နေ့လည် ၂ရက်၊သြဂုတ်လ၊၂၀၂၄ခုနှစ်။ နေ့လည်၁၂နာရီကျော်မှာဖုန်းထပ်ဆက်တော့ ကျောက်မြောင်းလမ်းအိမ်ကို ဆုံးသွားပြီဖြစ်တဲ့ အဘိုးဦးအောင်သန်း အဘွားဒေါ်မြကျင်က ဒုတိယသားဖြစ်တဲ့ ဦးဝင်းနောင် (ခ) ဦးပန်းချီ သူ့တစ်ယောက်ထဲကိုပဲပေးခဲ့တာတဲ့ အသက်၇၄နှစ်ကျော် ယောင်္ကျားကြီးတစ်ယောက်ရဲ့လောဘကြောင့်  သူ့ရဲ့သိက္ခာအရှက်တရားက ကုန်သွားရှာပါပြီ



အခုအချိန်ကစပြီးတော့ အမွေကိစ္စနဲ့ပတ်သက်ပြီးတော့ တရားစွဲဆိုပါတော့မယ်။



#၂၊သြဂုတ်လ၊၂၀၂၄ခုနှစ်။
#၆၈၊ကျောက်မြောင်းလမ်း၊ကျောက်/ရှေ့ရပ်ကွက်၊
တာမွေ။
#အမွေဆိုင်အိမ်
#အမွေကိစ္စတရားစွဲရန်



အပိုင်း ၂။



ဒီအိမ်ကကျွန်တော့်အိမ် စာချုပ်စာတန်းနဲ့ အမွေပေးခဲ့တာ
အစ်ကိုလုပ်ချင်တာလုပ် တိုင်ချင်ရာတိုင်ဆိုတဲ့စကားကို
၂ရက်၊သြဂုတ်လ၊၂၀၂၄ခုနှစ်။ နေ့လည်၁၂နာရီကျော်က
အဖေ့ကိုပြောခဲ့တာပါ။



အဖေ့အမွေကိစ္စအတွက် တင်ထားတဲ့ Post ကို လုံးဝ(လုံးဝ) မဖျက်ပေးပါဘူး တဖက်လူကိုမမှန်မကန်တောင်းဆိုထားတာ တဖက်လူအပေါ်မမှန်မကန်​ပြောဆိုထားတာ တစ်ခွန်းတပါဒမျှ မပါဝင်ပါဘူး။




အပိုင်း ၃။



အမွေကိစ္စကို post တင်လို့ ၆၆(ဃ)နဲ့စွဲလိမ့်မယ်လို့
ဥိီးလေးအငယ်က အဖေ့စီဖုန်းဆက်တယ် မဟုတ်မမှန်တာ တစ်လုံးတစ်ပါဒမျှ ရေးထားတာမပါလို့ post တင်ထားတာပါ
ရေနစ်သူဝါးကူထိုးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့။




အပိုင်း ၄။



၂၀၁၆ခုနှစ်၊ဖေဖေါ်ဝါရီ၊၁၇ရက်နေ့မှာ အဘွားဆုံးတယ် အဘွားဆုံးပြီးနည်းနည်းကြာတော့ အဖေ့တို့ညီအစ်ကိုတွေ အမွေကိစ္စပြောကြတယ် အဲ့ဒီအချိန်တုန်းက သိန်း၆၀၀ကျော်စျေးပေါက်တော့ အတူနေမိသားစုကို ၂ပုံပေးဖို့ သဘောတူပြီး ကျန်တဲ့ညီအစ်ကိုနှစ်ယောက်အတွက် တစ်ယောက်သိန်း၁၅၀ အမ်းပေးဖို့သဘောတူလိုက်ကြတယ်။



၂၀၁၇၊၂၀၁၈ ဒီအတိုင်းပါပဲ ၂၀၁၉ခုနှစ်မှာ ဦးလေးမိန်းမဘက်ကနေ ကမ္ဘာအေး၊လမ်းဝခြံအတွက် အမွေသိန်းထောင်ချီရမှာဖြစ်လို့ အဲ့ဒီပိုက်ဆံရရင် အမွေအမ်းပေးမယ်ပြောတယ် ခြံကစျေးဆိုင်ပြီးမှ ဂရန်ပျောက်နေလို့ အဲ့ဒီ့ပိုက်ဆံမရလိုက်ဘူး



၂၀၂၁ခုနှစ်မှာ ဦလေးမိန်းမဘက်ကနေပဲ မုံရွာခြံအမွေရဖို့ရှိတယ် အဲ့ဒီ့ပိုက်ဆံရရင် အမွေအမ်း​ပေးမယ်ထပ်ပြောတယ် မုံရွာသွားပြီးလက်မှတ်ထိုးပေးတယ် အမွေရ၊မရမသိရသလို အဖေ့ကိုလည်း တစ်ကျပ်တစ်ပြားမျှ အမွေအမ်းမပေးရသေးပါဘူး



၂၀၂၃ခုနှစ် အဖေကျန်းမာရေး အားနည်းလာလို့ ကျောက်မြောင်းလမ်းအိမ်သွားပြီး အမွေခွဲပေးဖို့ပြောတော့ အစ်ကိုကျွန်တော်စီစဥ်ပေးပါမယ်ပဲ စကားဆိုပါတယ်။



ကျောက်မြောင်းလမ်းလို နေရာမျိုးမှာ အခန်းကျယ်ကို ငှားနေရင်တောင် တစ်လပျမ်းမျှ ၂သိန်းခွဲနဲ့ ၈နှစ်ဆိုရင် သိန်း၂၄၀ပေးရမှာပါ ကိုယ်ချင်းစာတရားရှိရင် နားလည်တဲ့သူဆိုရင် ပြောပြတာပါ။



ကျွန်တော်ကစာလည်းရေးတက်တယ် စကားလည်းပြောတက်တဲ့ ဒါပေမယ့်ရိုင်းရိုင်းစိုင်းစိုင်းမပြောပါဘူး လူ့ယဥ်ကျေးအသုံးအနှုန်းပဲသုံးထားတာပါ။



(   ဝဋ်ဆိုတာ အရမ်းကြောက်ဖို့ကောင်းတဲ့အတွက် တစ်ဖက်သားအပေါ် တူသောအကျိုးပေးပါစေလို့ ဆုမတောင်းပါဘူး တရားကိုနတ်စောင့်တယ် လူကောင်းကို သူတော်ကောင်းတွေ မစပါတယ်။   )




#2nd August 2024