Why

ဘာလဲကွယ်

ဘာအကြောင်းမှ မရှိဘဲ
မင်းကို ချစ်မိသွားတယ်..

ဘာအကြောင်းမှ မရှိဘဲ
မင်းကို လွမ်းတယ်...

ဘာအကြောင်းမှ မရှိဘဲ
မင်းဒီကဗျာကို ရေးမိတယ်..

တစ်ကယ်တော့လည်း
ဘာကြောင်းမှမရှိပါဘူး သူငယ်ချင်း..

တာရာမင်းဝေ

ကဗျာ

သတိရကြောင်း 

မှော်ဆရာရေ... 
စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ 
ဝိဥာဉ်ကို ကော်နဲ့ကပ်ပြီး 
လူဖြစ်အောင် ငါအသက်သွင်းဖူးတယ်

မီးခြစ်ကျောက်ကို 
လက်သည်းနဲ့ ပွင့်ထွက်အောင်တောက် 
မီးတောက်ကို ခါးကလိမ်ချိုး 
စီးကရက်သောက်ရင်း သူ ချောင်းဆိုးဖူးတယ်

သူ့ခြေထောက်အတွက် 
သူ့ဖိနပ်အတွက် 
မြေပြင်သက်သက် ခင်းပေးစရာမလို 
` ကြယ်ကို ကြယ်နဲ့ ရံမတဲ့ ` 
သံအိပ်မက်ကြီးနဲ့ 
ပင်လယ်ရေပွက်ထဲကည 
အားလုံးကို သူ အပိုင်ရတယ်

ပထမတော့...
လ ကို ခိုစီး 
ကောင်းကင်ကြီးနဲ့တွဲက 
စက္ကူဂီတာတစ်လက်ပိုက်ပြီး 
ပျော်လိုက်ရတာ...

နောက်မှ 
စကြာဝဠာရဲ့ 
မဟာတွင်းနက်ထဲကို 
လက်ခနဲခုန်ချ 
သူ...
ဘယ်ဆီကျသွားပါသလဲ...

ကဲ.... မှော်ဆရာ 
အပိုင်းပိုင်းအထစ်ထစ် 
သက္ကရာဇ်တို့ မပြိုခင်မှာ 
သုည တစ်လုံးပဲရှိတဲ့ 
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပေးပါ

ဘာပဲဖြစ်ဖြစ် 
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည 
ငါ... သူ့ကို သတိရကြောင်း 
ပြောပြပေးပါ......၊၊

တာရာမင်းဝေ

ကဗျာ

ကျွန်တော်နဲ့တိမ်ညိုနိမိတ်

ကျွန်တော်နဲ့တိမ်ညိုနိမိတ်
ဒီလမ်းမှာဘယ်သူ့ကိုမှ ခေါ်မသွားဘူးဆိုရင်တောင်
ကျွန်တော်နဲ့ ဖိနပ်ကလေးကိုတော့ ခေါ်သွားရမှာပဲ

ကျောက်စရစ်ခဲလေးက ပြောတယ်ဖေဖေ...
မြေပြင်က ဘာမှမပြောင်းလဲပါဘူး
ခြေထောက်တွေကသာ ပြောင်းလဲနေကြတာတဲ့။

တာရာမင်းဝေ


နတ်ပူးနေတဲ့ကောင်

လွင့်လိုက်ရတာ
မုတ်သုန်ဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ၊
တယ်လီဖုန်းခေါ်သံတွေကြားတာတောင်
ပြန်မထူးဖြစ်ခဲ့တဲ့ကောင်ပါ

မေမေရေ…
မိုးတိမ်ကြီးထဲမှာ
ခြေပစ်လက်ပစ် သား ၀င်အိပ်လိုက်ချင်ရဲ့
ကောင်းကင်ကို ပြန်တည့်ရတာ
.…မောတယ်။

တာရာမင်းဝေ

အဖေ

အဖေ
ငါ့အတွက်တော့

အနှိုင်းမဲ့မေတ္တာတန်ခိုးရှင်ပါ။

ဒီအချိန်ထိတိုင်

ငါ့ကို မွေးစကလေးလို

အရိပ်ကြည့်နေဆဲပါ။

အဖေ

ငါ့အတွက်တော့

ဘုရားတစ်ဆူပါ။

ပင််််််််််််လယ်ရေးတဲ့စာ တာရာမင်းဝေ

ရေတံခွန်ကြီးတစ်ခုလို 

ခုန်ချလိုက်ချင်တယ်

မြင်းမိုရ်တောင်ကိုလည်း 

မိုးကြိုးပစ်ချလိုက်ချင်ရဲ့။

ကျောက်မြင်းရုပ်ကြီးလို

ပဒပ်ရပ်ထချင်တယ်

ပင်လယ်ကဗီးပင်တွေလိုလည်း

တရှဲရှဲအော်လိုက်ချင်တယ်။

ခုတော့....

ဘယ်ဖြစ်တော့မှာလဲ

သူမက

ငါ့ကို

ငြိမ်ငြိမ်လေးပဲ

လက်ပိုက်ရပ်နေတဲ့....။

တာရာမင်းဝေ

မိုး တာရာမင််််းဝေ

ချစ်သူရေ

ဟောဒီ ကောင်းကင် တစ်ရိုးက

ရေခိုးရေငွေ့ အိုးကြီးကို

မိုးတိမ်လို့ ခေါ်ကြလေရဲ့။

ကိုရွှေမုတ်သုံလေက

သူခြေထောက်ကို သူဂရုမစိုက်

အိုးကြီးကို တည့်တည့် ၀င်တိုက်တယ်။

အိုကြီးလည်း ဗိုက်ပွင့် ကွဲကြေ

သေပါလေရော။

အိုးခြမ်းကွဲထဲကနေ

ရေစက်တွေ ရေစက်တွေ

၀င်း၀င်းလက်လက်

လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။

ကျောက်ဆောင် ကျောက်မြေနဲ့

စောင့်နေတဲ့ ပင်လယ်အော်တွေလည်း

သွားရည်တမြမြ

ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။

အို ချစ်သူရေ

ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ။

လာ ရဲရဲလာ

ထီးရွက်တွေ မပါလည်း

လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။

ငါတို့ရဲ့ မိုး

ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ

သူ

ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။

တာရာမင်းဝေ

“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

ဘ၀




https://images.app.goo.gl/N33a3SUmaGwA4xgz5


ဘ၀

စကားလုံးနှစ်လုံးထဲပါ

ခံစားရတာအတိုင်းအဆမဲ့

သြော်...

မေးလိုက်ချင်ပါတယ်

ဘယ်အချိန်ထိ

ငါ့ကိုအလဲထိုးမှာလဲလို့


ကျဆင်းသွားတဲ့စိတ်ဓာတ်က

တမလွန်ထိ

ဘာသာတရားရဲ့

အဆုံးအမမရှိရင်

ငါဆိုတာ

ပျောက်ကွယ်သွားတာကြာပါပြီ။