ကဗျာ

သတိရကြောင်း 

မှော်ဆရာရေ... 
စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ 
ဝိဥာဉ်ကို ကော်နဲ့ကပ်ပြီး 
လူဖြစ်အောင် ငါအသက်သွင်းဖူးတယ်

မီးခြစ်ကျောက်ကို 
လက်သည်းနဲ့ ပွင့်ထွက်အောင်တောက် 
မီးတောက်ကို ခါးကလိမ်ချိုး 
စီးကရက်သောက်ရင်း သူ ချောင်းဆိုးဖူးတယ်

သူ့ခြေထောက်အတွက် 
သူ့ဖိနပ်အတွက် 
မြေပြင်သက်သက် ခင်းပေးစရာမလို 
` ကြယ်ကို ကြယ်နဲ့ ရံမတဲ့ ` 
သံအိပ်မက်ကြီးနဲ့ 
ပင်လယ်ရေပွက်ထဲကည 
အားလုံးကို သူ အပိုင်ရတယ်

ပထမတော့...
လ ကို ခိုစီး 
ကောင်းကင်ကြီးနဲ့တွဲက 
စက္ကူဂီတာတစ်လက်ပိုက်ပြီး 
ပျော်လိုက်ရတာ...

နောက်မှ 
စကြာဝဠာရဲ့ 
မဟာတွင်းနက်ထဲကို 
လက်ခနဲခုန်ချ 
သူ...
ဘယ်ဆီကျသွားပါသလဲ...

ကဲ.... မှော်ဆရာ 
အပိုင်းပိုင်းအထစ်ထစ် 
သက္ကရာဇ်တို့ မပြိုခင်မှာ 
သုည တစ်လုံးပဲရှိတဲ့ 
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပေးပါ

ဘာပဲဖြစ်ဖြစ် 
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည 
ငါ... သူ့ကို သတိရကြောင်း 
ပြောပြပေးပါ......၊၊

တာရာမင်းဝေ

No comments: