ဘောလုံးနဲ့ကျွန်တော်

မိန်းမဖြစ်ပေမယ့် ကျွန်တော်ဘောလုံးပွဲကြိုက်တယ် (ပရီးမီးယားလိဒ်တော့မပါဘူးြ

မြန်မာလက်ရွေးစင်အသင်း မြန်မာ U အသင်းတွေအကုန်အားပေးတယ်

ကမ္ဘာ့ဖလားလဲကြိုက်တာပဲ)..

မှတ်မှတ်ရရ ၁၉၉၆ ၈တန်းကျောင်းသူဘဝ အရှေ့တောင်အာရှ Sea Game 

ပွဲထင်တယ် ဂိုးသမားအာင်ကျော်ကျော်က ထိုင်းဘောလုံးသမားကို ဟီး 

လက်သီးနဲ့ထိုးတာလား တက်နင်းလိုက်တာလား မမှတ်မိတော့ဘူး

 အနီကဒ်နဲ့အထုတ်ခံလိုက်ရတော့ ငိုလိုက်ရတာ ငိုလိုက်ရတာ 

ညစာထမင်းတောင် မစားနိုင်တော့တဲ့အထိ အားပေးခဲ့တာ 

အဲ့ကနေ ဘောလုံးပွဲပိုးက အရိုးစွဲသွားတာ..

အခုအသက်အရွယ်ထိ ဘောလုံးပွဲဆို အားပေးကြမ်းနေတုန်း ဘောလုံးပွဲကြည့်ရင်

ဟီး ၁၂ယောက်မြောက် အားကစားသမားနေရာတင် မဟုတ်ဘူး 

အသင်းနည်းပြ အသင်းအုပ်ချုပ်သူ ရှေ့တန်း နောက်တန်း အလယ်တန်း ဂိုသမား

နေရာထိ တစ်ကွင်းလုံးပါးစပ်နဲ့ ပတ်ကန်နေမိတာ နိုင်ရင်တော့ မမောနိုင်ပါဘူး 

၂နာရီလောက် အာဗြဲစိန်ဖြစ်နေလဲ အဲ ရှုံးရင်တော့ 

မျက်ရည်ကဘူးသီးလုံးလောက်ကို ထွက်လာတာ..

ဦးဇော်ဇော်ခမျာလဲ ကျွန်တော်သိသလောက် ၁၀နှစ်ဝန်းကျင်ရှိပြီ

မြန်မာဘောလုံးအသင်းကို ထောက့်ပံ့လာတာ ကစားသမားတွေလဲ 

တိုးတက်လာပါတယ် ခက်တာက ကလေးတွေက ကွင်းပြင်မှာ 

ဘယ်လောက်တော်တော် ကွင်းထဲရောက်ရင် တဖက်ကပရိတ်သတ်ကြောင့် 

သွေးပျက်သွားတာ တဖက်အသင်းကြောင့် ကစားကွက်ပျက်တာ 

တစ်ဦးကောင်းကစားတာ ပြဿ    နာဖြစ်ရင်ဒေါသကြီးတုန့်ပြန်တာ  

အကုန်လုံးက အရှုံးကိုဦးတည်သွားနေတာ..

ဒီနေ့လဲ အင်ဒိုနီးရှားကို နိုင်မယ်လို့မျှော်လင့်နေတာ အောင်သူတိုင်ထိတဲ့

ဘောလုံးက သန်းပိုင်ကိုသာပေးလိုက်ရင် ဦးဆောင်ဂိုးရတယ်ဗျာ 

သန်းပိုင်ထပ်သွင်းတဲ့တစ်ဂိုးနဲ့ဆို ပထမပိုင်းတင် 0 - 2 ဖြစ်နေပြီ စိတ်ဓါတ်အရ 

အင်ဒိုတွေကို နိုင်ထားလို့ရတာပေါ့..

ဒုတိယပိုင်းကျတော့ ကစားအားကျသွားတယ် ကျွန်တော်စိတ်ပူနေပြီ Draw 

ဆို သေပြီ ၁၀မိနစ်ပဲရှိသေးတယ် ချေပဂိုးရသွားပြီ ဟာ တောင် မဆုံးသေးဘူး 

ဦးဆောင်ဂိုးထပ်ပေးလိုက်ရတယ် ကစားသမားတွေကြည့်တော့ သွားပြီဆိုတာ 

သိလိုက်တယ် မကြာပါဘူး နောက်ထပ်ဦးဆောင်ဂိုးတစ်လုံး 3 - 1  Enough 

TV ပိတ်လိုက်တယ် ထပ်ကြည့်ရင် ဒေါသထွက်ပြီး ဆဲမိတော့မယ်လေ ပွဲပြီးရင် 

မျက်ရည်ဘူးသီးလုံးလောက် ထွက်လာတော့မယ်ကျွန်တော့ဘာသာ

နှစ်သိပ့်လိုက်ပါတယ် နင်တောင်သူတို့လိုအရှိန်နဲ့

ဘောလုံးကွင်းတစ်ပတ်ပြေးနိုင်လားလို့..

ကျွန်တော်လောဘမကြီးပါဘူး မြန်မာဘောလုံးအသင်းရယ် 

ကမ္ဘာ့ဖလားလဲ မမှန်းပါဘူး Suzuki ဖလားဖြစ်ဖြစ် Sea Game က

ရွှေတံဆိပ်ပဲဖြစ်ဖြစ် တစ်ခါလောက်ရရင် သေပျော်ပါပြီဗျာ..။

U Htin Kyaw

Open main menu

Search

EditWatch this pageRead in another languageHtin Kyaw

Not to be confused with Kyaw Htin.

Htin Kyaw (Burmese: ထင်ကျော်,pronounced [tʰɪ̀ɴ tɕɔ̀] or [tʰɪ̀ɴ dʑɔ̀]; born 20 July 1946) is a Burmese politician and scholar who has been President of Myanmarsince 2016. He is the first elected president to hold the office with no ties to the military since the 1962 coup d'état. The second son of scholar Min Thu Wun, Htin Kyaw had held various positions in the education, planning and treasury ministries in prior governments.

U
Htin Kyawထင်ကျော်9th President of Myanmar

Incumbent

Assumed office
30 March 2016State CounsellorAung San Suu KyiVice PresidentMyint Swe
Henry Van ThioPreceded byThein SeinPersonal detailsBorn20 July 1946 (age 71)
Rangoon, British Burma
(now Yangon)Political partyNational League for DemocracySpouse(s)Su Su Lwin (m. 1973)ParentsMin Thu Wun, Kyi KyiResidencePresidential PalaceAlma materYangon Institute of Economics
University of London
Arthur D. Little School of ManagementCabinetHtin Kyaw's CabinetWebsiteGovernment website

The ethnic Mon-Bamar politician is viewed as a proxy of the National League for Democracyleader and State Counsellor Aung San Suu Kyi, who is constitutionally barred from the presidency. He was inaugurated as president on 30 March 2016, taking office from his predecessor Thein Sein.

Early life and educationEdit

Htin Kyaw with his father Min Thu Wun in 1952

Htin Kyaw was born in Rangoon, British Burma (now Myanmar), to the late Burmese scholar and poet Min Thu Wun and Kyi Kyi.[1][2]

Htin Kyaw graduated high school fromEnglish Methodist High School in 1962. He enrolled at the Rangoon Institute of Economics (then part of Rangoon Arts and Science University) and graduated with anM.Econ. in statistics in 1968. He started working as a teacher while studying towards his master's degree.[3] He then moved to the University Computer Centre as aprogrammer/system analyst in 1970.

Htin Kyaw pursued further studies on a scholarship to the Institute of Computer Science, University of London in 1971–1972 and attended computer studies in Asia Electronics Union, Tokyo in 1974. He completed his second master's degree in 1975.[1][4] He attended a course at the Arthur D. Little School of Management in Cambridge, Massachusetts, in 1987.[5][6]

CareerEdit

In 1975, Htin Kyaw joined to the Ministry of Industry 2 as a Deputy Division Chief.[7] In 1980, he was appointed as a Deputy Director in the Foreign Economic Relations Department, Ministry of Planning and Finance, and resigned from government service in 1992.[1]

He was arrested on 22 September 2000, and spent four months in Insein prison for assisting Aung San Suu Kyi's trip outsideYangon.[8] From 2012, he worked as a senior executive for Daw Khin Kyi Foundation, founded by Aung San Suu Kyi and named after her mother Khin Kyi. Though not a veteran member of the NLD, Kyaw worked very closely with Aung San Suu Kyi at the Office of NLD Chairperson.

He was mentioned as a possible presidential pick after the NLD won a sweeping victory in the 2015 general election. Aung San Suu Kyi was constitutionally barred from the presidency, since her late husband and both of her children are British citizens; the constitution does not allow a president, his parents, his spouse, or his children to "owe allegiance to a foreign power." Upon his nomination, Aung San Suu Kyi said she had chosen him for his truthfulness, loyalty and respectable education.[9][10][11]

PresidencyEdit

On 10 March 2016, he was nominated as one of the Vice Presidents of Myanmar by theNLD for the House of Representatives (Lower House). On 11 March 2016, 274 MPs out of 317 (during Elected MPs assembly) voted him as one of the Vice Presidents. On 15 March 2016, 360 MPs out of 652 of theAssembly of the Union (Union Parliament) voted him as the President, ahead of Myint Swe and his party colleague Henry Van Thio.[12][13]

On 17 March 2016, Htin Kyaw proposed a cabinet of 21 ministries.[14] On 21 March 2016, he delivered a speech in the Assembly of the Union for the first time regarding the proposal of the formation of ministries and the MPs of the Union Parliament approved it.[15]

On 30 March 2016, Htin Kyaw was sworn in as President of Myanmar, becoming the first president since U Nu's overthrow in 1962 to have no ties to the military. Despite Htin Kyaw being a nominally independent leader, Aung San Suu Kyi has said that she will in fact direct the actions of the president and lead the country through him. Aung San Suu Kyi publicly stated before Htin Kyaw's election that she would "be above the president” and make all key decisions.[16] Indeed, the post ofState Counsellor–equivalent to a Prime Minister–was created for her.

Personal lifeEdit

Htin Kyaw has been married to Su Su Lwinsince 1973; she is the incumbent House of Representatives MP for Thongwa Townshipand a Member of the International Relations Committee of the House of Representatives. The couple have no children.[17]

His father was the famous writer, poet and scholar Min Thu Wun, who won a seat in the1990 election. His father-in-law, U Lwin, was a co-founder of the National League for Democracy.[1][9]

Literary worksEdit

Htin Kyaw writes under the pen name Dala Ban, a prominent title of ancient Moncommanders. He wrote a biographical book about his father Min Thu Wun: The Father’s Life: Glimpses of my Father (Aba Bawa Aba Akyaung Tase Tasaung).[1]

References

External links

Last edited 2 days ago by an anonymous user

RELATED ARTICLES

Credit : https://en.m.wikipedia.org/wiki/Htin_Kyaw

Skip to main content

Menu

You are here

Home » Section » Interview » ‘‘သူ(ဦးထင်ကျော်)က အင်မတန်မှ လာဘ်စားတာကို ရွံမုန်းတဲ့လူတစ်ယောက်ဖြစ်တယ်’’

‘‘သူ(ဦးထင်ကျော်)က အင်မတန်မှ လာဘ်စားတာကို ရွံမုန်းတဲ့လူတစ်ယောက်ဖြစ်တယ်’’

သမ္မတသစ် ဦးထင်ကျော်၏ အစ်ကို ဦးဉာဏ်စိုးနှင့် တွေ့ဆုံခြင်း

By

အောင်သစ်လွင်

On

Thu, 2016-03-17 06:30

Issue No.

No.1041 Thursday, March 17, 2016

သမ္မတဦးထင်ကျော်၏အစ်ကိုကြီး ဦးဉာဏ်စိုးနှင့် ဇနီးတို့ကို မြေးဖြစ်သူနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးထွန်း)

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခံရသည့် ဦးထင်ကျော်သည် မြန်မာစာပေနှင့် နိုင်ငံရေးလောက၌ ထင်ရှားခဲ့သည့် ကဗျာဆရာကြီး မင်းသုဝဏ်၏ မျိုးဆက်တစ်ဦးဖြစ်သည်။ သမ္မတ ဦးထင်ကျော်တွင် မွေးချင်းမောင်နှမသုံးဦးရှိပြီး ၎င်းမှာ ဒုတိယမြောက်သားဖြစ်သည်။ ဦးထင်ကျော်၏ ငယ်ဘ၀အကြောင်း အရာများနှင့် ဦးထင်ကျော်အကြောင်းတစေ့ တစောင်းကို 7Day Daily စာဖတ်ပရိသတ်များသိနိုင်ရန် ဦးထင်ကျော်၏ အစ်ကိုရင်း ဦးဉာဏ်စိုးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ် ပါသည်။

ကျွန်တော်တို့နိုင်ငံမှာ အရပ်သား သမ္မတစစ်စစ် ရွေးချယ်လိုက်နိုင် တဲ့အပေါ် ပြည်သူတွေကိုယ်တိုင် က မယုံကြည်နိုင်လောက်အောင် အံ့သြ၀မ်းသာဖြစ်နေကြရပါတယ်။ မနေ့က  နိုင်ငံတော်သမ္မတ  ရွေး ချယ်ကြေညာလိုက်တဲ့အချိန် အန် ကယ်ရဲ့ စိတ်ခံစားမှုကို ပြောပြ ပေးပါ။

အခု ဖြစ်ရပ်ကတော့ လူထု က အင်မတန်မှ မျှော်လင့်ခဲ့တဲ့  ဖြစ်ရပ်တစ်ခုပေါ့။ ဒီဟာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က နှစ် ပေါင်းများစွာ မွမ်းမံပြီးတော့ အ မျိုးမျိုး အနစ်နာခံခဲ့တယ်။တကယ် သမ္မတဖြစ်တယ်ဆိုတာ သိတဲ့ အချိန်မှာ ပြည်သူလူထုလည်း အံ့ သြမယ်။ အားလုံးကလည်း အံ့သြ ကြတယ်။ သူက (ဦးထင်ကျော်) ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်မ တန်မှ ယုံကြည်စိတ်ချရတဲ့ လူ တစ်ယောက်အနေနဲ့ အရွေးခံရ တယ်။ သူ့ကိုတင်မြှောက်ခံရတယ် ဆိုတော့ ကျွန်တော့်အနေနဲ့၊ ကျွန် တော်တို့မိသားစုအနေနဲ့က အ တိုင်းမသိ ၀မ်းသာပါတယ်။ ကျွန် တော်တို့မိသားစုထက် တိုင်းပြည် နဲ့ လူမျိုးတွေအားလုံးအတွက်ဝမ်း သာပါတယ်။ ဘာကြောင့်လဲဆို တော့ တကယ့်အရပ်သားစစ်စစ် တစ်ယောက်က သမ္မတဖြစ်လာ တဲ့အခါ အင်မတန်မှ ဂုဏ်ယူစရာ ကောင်းပါတယ်။

ဆရာကြီးမင်းသုဝဏ်က ကွမ်းခြံ ကုန်းဇာတိဆိုပေမယ့် ဦးထင် ကျော်ကတော့ ရန်ကုန်ဇာတိလို့ သိရပါတယ်။ အန်ကယ် ဦးထင် ကျော်မွေးဖွားတဲ့နေရာလေးပြော ပြပေးပါဦး။

ကျွန်တော့်အဖေက ကွမ်းခြံ ကုန်းမှာပဲနေခဲ့ပါတယ်။ ဦးထင် ကျော်အနေနဲ့ကတော့ ရန်ကုန်မှာ ပဲ မွေးတယ်။ ရန်ကုန်မှာပဲ ကြီး ပြင်းခဲ့ပါတယ်။ သူ့ကိုမွေးတာ တော့ ကျွန်တော်တို့ စိန်ရတုဝင်း ထဲမှာ ပဲခူးဆောင်ဆိုတာ ရှိပါ တယ်။ အဲဒီမှာမွေးတာပါ။ ဆေး တက္ကသိုလ်(၁)က ဒေါက်တာဒေါ် ဖေက မွေးပေးခဲ့တာပါ။ ဦးထင် ကျော်အိမ်ထောင်ပြုပြီးတဲ့နောက် ပိုင်းမှာ သူ့ဇနီးအိမ်မှာ လိုက်နေပါ တယ်။ ကျွန်တော်တို့ကတော့ မိဘအိမ်မှာပဲ နေတယ်။

အစ်ကိုတစ်ယောက်အနေနဲ့ ညီ ဖြစ်သူဦးထင်ကျော်က ဘယ်လို ညီမျိုးဖြစ်တယ်ဆိုတာပြောပြပေး ပါလား။

ဦးထင်ကျော်က ငယ်စဉ် ကျောင်းနေကတည်းက ရိုးသားမှု ရှိတယ်။ ဖြောင့်မတ်တယ်။ သူ များမဟုတ်တာလုပ်လည်း မ ကြိုက်ဘူး။ ကိုယ့်မိသားစုထဲမှာ လည်း အမြဲကောင်းကောင်းမွန်မွန် နေတယ်။ အဖေ၊ အမေရဲ့ ယဉ် ကျေးမှုအားလုံးကို သူက ထိန်း သိမ်းတယ်။ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ နေထိုင်တဲ့ ညီ တစ်ယောက်လို့ပြောချင်ပါတယ်။

အန်ကယ်တို့ညီအစ်ကိုမောင်နှမ သုံးယောက်ရဲ့ ငယ်ဘ၀အမှတ်တရ တစ်ခုခု ပြောပြပါလား။

ကျွန်တော်တို့အဖေက နွေ ရာသီကျောင်းပိတ်တဲ့အခါမှာ နယ်တွေအလည်သွားဖို့ဆိုပြီး အ မြဲစီစဉ်ပေးတယ်။ နွေရာသီ ကျောင်းပိတ်ရက်ဆို ငပလီသွား တယ်။ မောင်းမကန်သွားတယ်။ ရှမ်းပြည်သွားတယ်။စသဖြင့်ပေါ့။ အဲဒီအခါမှာ ကျွန်တော်တို့ညီအစ် ကိုမောင်နှမတွေ စုစုစည်းစည်းနဲ့ သွားကြတယ်။

မကြာခင် နေပြည်တော်သမ္မတ အိမ်တော်ရောက်မယ့်  သမ္မတကြီး ဦးထင်ကျော်က ဘယ်လိုအစားအ စာမျိုးကို ကြိုက်နှစ်သက်လဲခင်ဗျ။

အစားအစာကတော့ အထူး တလည် ရွေးပြီးတော့ ကြိုက်တာ မျိုးတော့မရှိပါဘူး။ ဒါပေမဲ့ကြက် သားချိုချဉ်၊ ၀က်သားချိုချဉ်လို ဟာမျိုး၊ ခေါက်ဆွဲလိုဟာမျိုးတော့ သူကြိုက်တယ်။ သူကစားတဲ့အခါ မှာလည်း အင်မတန်ဈေးကြီးတဲ့ ကောင်းတယ်ဆိုတဲ့ နေရာမျိုးမှာ စားလေ့စားထမရှိပါဘူး။ သူက နေကတည်းက ခြိုးခြိုးခြံခြံနဲ့ဘယ် ဆိုင်မှာ သွားစားရင် ကောင်းလဲ၊ သက်လည်းသက်သာတယ်၊ အ စားအစာလည်းကောင်းတယ်။ သန့်လည်းသန့်တယ်။ ကျွန်တော် တို့ကိုလည်း အမြဲ Introduce လုပ်ပါတယ်။ ဘယ်နားကဆိုင် တော့ အစ်ကိုကြီးရေကောင်းတယ်။ သွားစား။ ဈေးလည်းသက်သာ တယ် စသဖြင့်ပေါ့။ သူက အဲဒီလို လုပ်လေ့လုပ်ထရှိပါတယ်။

အားကစားမှာကော ဘယ်လို အားကစားမျိုး ဦးထင်ကျော် ၀ါသနာပါ လဲ။

သူက ရေကူးဝါသနာပါ တယ်။ ရေကူးပြိုင်ပွဲတွေ ဘာတွေ ၀င်တယ်။ ကျွန်တော်တို့လည်း ကူးတယ်ပေါ့။ ကျွန်တော့်ထက် စာရင် သူက ရေကူးမှာကောင်း တယ်။ ကျွန်တော်တို့ အင်းလျား ကန်မှာ ရေကူးပြိုင်တဲ့အခါမှာ လည်း သူက၀င်ပြိုင်တယ်။ Across the lake ကန်ကိုဖြတ် ပြိုင်တဲ့အခါ ကျွန်တော့်အဖေနဲ့ ကျွန်တော်နဲ့က ဘေးကနေ လှော် တက်ကလေးနဲ့ တစ်ခုခုဖြစ်မှာ စိုးလို့ လိုက်ပေးရတယ်။ ဆုံးခန်း တိုင်အောင်၊ ပန်းတိုင်ရောက် အောင် ကူးခဲ့တယ်။ ဆုတွေဘာ တွေလည်းရတယ်။

နိုင်ငံရေးအခုလို    ပွင့်လင်းမှုမရှိ သေးတဲ့ ဟိုတစ်ချိန်တုန်းက ဦး ထင်ကျော် ထိန်းသိမ်းခံရတာမျိုး ရှိခဲ့တယ်။ ပြီးတော့ ဒေါ်အောင် ဆန်းစုကြည်အနားမှာ အနီးကပ် ရှိနေခဲ့သူဆိုတော့ မိသားစုမှာ ပူ ပန်နေခဲ့ရတာမျိုး ရှိမှာပေါ့။ အခု အချိန်မှာ သမ္မတကြီးအဖြစ် တာ ၀န်ယူမယ့် ညီလေးအတွက် ပူပန် မိတာမျိုးကော ရှိပါသလား။

ပြည်သူလူထုအနေနဲ့က လက်ခံထားတဲ့ လူတစ်ယောက် လည်းဖြစ်နေတယ်၊ ဒေါ်အောင် ဆန်းစုကြည်ယုံကြည်တဲ့သူလည်း ဖြစ်နေတယ်ဆိုတော့ ဘာပဲပြော ပြော အရပ်သားသမ္မတတစ် ယောက်တော့ ဘယ်သူမှအဆုံးရှုံး ခံချင်ကြမယ်မထင်ဘူး။ အရပ် သားတွေကလည်း တတ်နိုင်သမျှ လုံခြုံရေးကို စောင့်ရှောက်ကြလိမ့် မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်ထင်ပါတယ်။ အရပ် သားအစိုးရအနေနဲ့ လုပ်တဲ့အခါ မှာ သူလုပ်တာ ကိုင်တာတွေ ကောင်းတယ်၊ တိုင်းပြည်အတွက် ကောင်းတယ်ဆိုရင်တော့ ဘယ် သူမှ သူ့ကိုနှောင့်ယှက်မယ့်သူ မရှိ နိုင်ပါဘူးလို့ ထင်ပါတယ်။

ဦးထင်ကျော်က ၀န်ထမ်းဘ၀က နေ ထွက်ခဲ့တယ်လို့ သိရတယ်။ ဘာကြောင့်ထွက်ခဲ့ရတာပါလဲ။

သူထွက်ခဲ့တဲ့အကြောင်းရင်း က ဘာလဲဆိုတော့ အဲဒီအချိန်မှာ သူ့ယောက္ခမဖြစ်တဲ့     ဦးလွင်က လည်း အင်န်အယ်လ်ဒီမှာအလုပ်  များနေတဲ့အချိန်၊ ကျွန်တော့် အ ဖေကလည်း အင်န်အယ်လ်ဒီအ မတ်ဖြစ်နေတဲ့အချိန်၊ အဲဒီအချိန် သူက နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနမှာ အလုပ်လုပ် နေတော့ အပေါ်ကလူကြီးကနေ ပြီးတော့ သူ့ကို ဒီဟာတွေနဲ့မပတ် သက်ပါနဲ့၊ မလုပ်ပါနဲ့လို့ ပြော တယ်။ သူက ကျွန်တော်ကတော့ မပတ်သက်လို့မရဘူး။ ကျွန်တော့် ယောက္ခမကလည်း    အင်န် အယ်လ်ဒီကပဲ။

ကျွန်တော့်အဖေ ကလည်း အင်န်အယ်လ်ဒီကပဲ။ အဲဒီတော့ ကျွန်တော့်ကို ထွက်ခွင့် ပြုပါ။ ကျွန်တော်ဒီလိုလုပ်နေလို့ ၀န်ကြီးလောက်ကနေ ပြောလို့ရှိ ရင် ဗိုလ်ချုပ်ကြီးဒုက္ခရောက်မယ်။ အဲဒီတော့ ကျွန်တော့်ကိုထွက်ခွင့် ပြုပါဆိုပြီးပြောတာ။

နိုင်ငံရေးခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ဖူးတဲ့ အန်ကယ့်အနေ  နဲ့ လက်ရှိနိုင်ငံရေးအခြေအနေ အပေါ်မှာ ဘယ်လို ရင်ခုန်မျှော် လင့်ပါသလဲ။

အခုဟာက   စနစ်ကလုံးဝ ပြောင်းသွားတယ်လေ။စစ်အစိုးရ  အုပ်ချုပ်တာကနေ အရပ်သား အစိုးရအုပ်ချုပ်တာကို လုံးဝ ပြောင်းသွားတယ်။ ပြောင်းသွား တော့ အိမ်အိုအိမ်ပျက်ကြီးပေါ်ကို ရောက်လာပြီးတော့ ဒီအိမ်ကြီးကို နေလို့ရအောင် အရင်ဆုံးတည် ဆောက်ရမယ့်ပုံစံမျိုး ရှိတယ်။ ဒါ ကို ဦးထင်ကျော်တို့က အင်န် အယ်လ်ဒီအစိုးရအနေနဲ့ တည် ဆောက်ရမယ်။ ကျွန်တော်မျှော် လင့်ပါတယ်။ သူတို့လက်ထက် မှာတင် တော်တော်လေး ထူးထူး ခြားခြား ဖြစ်လာမယ်လို့။ ဘာ ကြောင့်လဲဆိုတော့ လုပ်ရကိုင်ရ တာ ယဉ်ပါးနေပြီဆိုတော့။ အ လုပ်ကို အင်မတန်ကြိုးစားတတ် တဲ့သူဖြစ်တဲ့အတွက်ကြောင့်။ ကျွန်တော်ယုံကြည်တာက သူ အုပ်ချုပ်တဲ့အခါမှာ အားလုံး ညီ ညီညာညာနဲ့၊ သန့်သန့်ရှင်းရှင်း ဖြူဖြူစင်စင်နဲ့တိုင်းပြည်ကို အုပ် ချုပ်နိုင်မယ်လို့။

ဒီနေ့ နိုင်ငံရေးအခြေအနေကို ဒေါ် အောင်ဆန်းစုကြည်က ဦးဆောင် မောင်းနှင်လာတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ်ကို ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်အ ကြောင်း ပြောရရင် ကျွန်တော့် အဖေလက်ထက်ကနေစပြီး ပြော ရမှာ။ ကျွန်တော့်အဖေကအသက် ကြီးတဲ့အခါမှာ ကျွန်တော်တို့က တရားတွေဘာတွေ ထိုင်စေချင် ပါတယ်။ အဲဒီအချိန်မှာ ဒေါ်စုက အကျဉ်းချခံရတယ်။ တရားထိုင် ဖို့ ကျွန်တော်တို့ ပြောတဲ့အခါမှာ ဘာပြောလဲဆိုတော့ ဒီကလေးမ လေး မလွတ်မချင်း သူတရားထိုင် လို့မရပါဘူးတဲ့။ အဲဒီလောက်အ ထိ သံယောဇဉ်ရှိတယ်။ နောက် ပြီးတော့လည်း သူက ဗိုလ်ချုပ် အောင်ဆန်းနဲ့ ရင်းနှီးခဲ့တဲ့အတွက် ကြောင့်မို့လို့ င့ါမှာ တာဝန်ရှိတယ်၊ စောင့်ရှောက်ရမယ်ဆိုပြီးတော့ စိတ်မျိုးရှိတယ်။ အစဉ်အဆက်က အဲဒီလိုဖြစ်သွားတယ်ပေါ့။ ဒေါ်စု ကလည်း ကျွန်တော်တို့မိသားစုကို အထူးသဖြင့် ဦးထင်ကျော်တို့ လင်မယားကို မောင်နှမအရင်းအ ချာလိုပဲ၊ သူ့အနားမှာထားတယ်။

ဆရာကြီးမင်းသုဝဏ်ရဲ့ မျိုးဆက် အဆင့်ဆင့် သမိုင်းကြောင်းကို ပြောပြပါဦးခင်ဗျ။

ကျွန်တော့်အဖေရဲ့အဘိုးက ကွမ်းခြံကုန်းမှာနေတယ်။ သူတို့ က လယ်ပဲလုပ်ပါတယ်။ တကယ့် တောင်သူလယ်သမားတွေပါပဲ။ ဒါပေမဲ့ အရပ်ထဲမှာဆိုရင်တော့ လူကြီးတစ်ယောက်အနေနဲ့။ အဲဒီ က အမျိုးသားကျောင်းတွေ ဘာ တွေဆိုရင် အဘိုးကနေပြီး တည် ထောင်ပါတယ်။ တည်ထောင်ပြီး တော့ လူကြီးလုပ်တယ်ပေါ့။ နောက်မှသာ သူများကိုလွှဲပေး တာ။ အဘွားကတော့ အေးအေး ဆေးဆေးပဲ။ နောက်တစ်ခုက အဘိုးအနေနဲ့က တော်တော်အ သက်ကြီးတဲ့အချိန်မှာ မြွေပေါက် ခံရတယ်။ မြွေပေါက်ခံရတော့ သူ က ဘယ်လောက်သတ္တိကောင်းလဲ ဆိုရင် မနက်အစောကြီး မီးဖိုထဲ က မီးလှုံနေရင်းနဲ့ မီးစွဲနေတဲ့ ထင်းချောင်းနဲ့ ပေါက်တဲ့နေရာ ကောက်ထိုးလိုက်တာ ခဲသွားရော။ အဲဒီလောက်အထိတောင် သတ္တိ ကောင်းတယ်။ အဲဒါကတော့ အ သက်တော့ မသေဘူးပေါ့နော်။ မျက်စိကွယ်သွားတယ်။ မျက်စိ ကွယ်သွားတော့ ကျွန်တော်တို့နဲ့ အတူတူ ပုဂံလမ်း အိမ်နံပါတ် (၅) မှာနေခဲ့တယ်။ အဖေကတက္ကသိုလ် က ဆရာတစ်ယောက်ဖြစ်တော့ ပုဂံလမ်းအိမ်နံပါတ် (၅) မှာပေး ထားတယ်။ အဲဒီမှာနေခဲ့တယ်။ နောက်ပြီးတော့ အခုပြောကြ တယ်ပေါ့နော်။ ဦးထင်ကျော်ကို မွန်ဆိုပြီးတော့ ပြောကြတယ်။ တကယ်တော့ ကျွန်တော်တို့ အ ဘိုးဘက်ကဆိုရင် မွန်သွေးအ ထိုက်အလျောက်ပါတယ်။ ရှမ်း သွေးလည်းပါတယ်။ ဗမာလည်း ဗမာ။ မွန်သွေးနည်းနည်းပါတယ် ဆိုတော့ ဘယ်လိုပဲပြောပြော ပေါ့ နော်။ သက်ဆိုင်ရာပါတဲ့လူတွေ က ကွမ်းခြံကုန်းလိုပေါ့။ (သမ္မတ ဦးထင်ကျော်အား သမ္မတအဖြစ် ရွေးချယ်လိုက်သည့် မတ်လ ၁၅ ရက်က ဆရာကြီး မင်းသုဝဏ်၏ ဇာတိကွမ်းခြံကုန်းမြို့နယ်တွင် မြို့ခံများ အောင်ပွဲခံခဲ့ကြသည်) ဂုဏ်ယူချင်ကြတာပေါ့။ ချီး မြှောက်ချင်ကြတာပေါ့။ ဒါက လည်း ကောင်းတဲ့အချက်ပါပဲ။ သူတို့အနေနဲ့ ချီးမြှောက်ချင်တဲ့ သဘောနဲ့ ပြောကြတာ။

လက်ရှိနိုင်ငံရေးဖြစ်စဉ်အပေါ်မှာ နိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်လိုမျှော်လင့်ပါသလဲ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အရပ်သား ခေါင်းဆောင်မရှိခဲ့တာကနေ အ ရပ်သားခေါင်းဆောင် သမ္မတ တစ်ယောက်ရတဲ့အတွက် နိုင်ငံ သားတစ်ယောက်အနေနဲ့ ၀မ်း သာတယ်။ အရွေးခံရတဲ့ သမ္မတ ကလည်း တိုင်းပြည်ကောင်းကျိုး အတွက် လုပ်နိုင်လိမ့်မယ်လို့ ယုံ ကြည်တယ်။ သူ့ရဲ့စိတ်ဓာတ်က လည်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲလာတာကြာပြီဆိုတော့ ဒေါ် အောင်ဆန်းစုကြည် ခံယူချက်အ တိုင်း တော်တော်များများ သူ့မှာ ရှိပါတယ်။ ဒီတော့ ကောင်းတာပဲ ဖြစ်မယ်၊ မကောင်းတာမဖြစ်ဘူး လို့ ယုံကြည်တယ်။ နောက်ပိုင်း ဘယ်သူနဲ့ပဲ ဆက်သွယ်ရ ဆက် သွယ်ရ၊ တပ်နဲ့ပဲ ဆက်သွယ်ရ ဆက်သွယ်ရ သူဟာ ပြေပြေလည် လည်နဲ့ ဆက်ဆံနိုင်မယ့်သူ တစ် ယောက်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြော  ထားတာရှိတယ်။ ဘယ်အခြေအ နေမှာဖြစ်ဖြစ် နိုင်ငံကိုရော၊သမ္မတ ကိုရောသူပဲ ဦးဆောင်မယ်ဆိုပြီး တော့။ ဒီလိုအခြေအနေမှာ ဦး ထင်ကျော်အနေနဲ့ နိုင်ငံ့တာဝန်ကို စနစ်တကျ နိုင်နိုင်နင်းနင်း ကိုင် တွယ်သွားနိုင်မယ်လို့ ယုံကြည်ပါ သလား။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်မှုနဲ့ ခန့်အပ်ခံရတယ်ဆို တာကိုက ဒေါ်အောင်ဆန်းစု ကြည်က ဘယ်နေရာမှာနေနေ ခုနကပြောသလို နှစ်ပေါင်းများ စွာ တွဲလာခဲ့တာကြောင့် သူ(ဒေါ် အောင်ဆန်းစုကြည်) က ဖြစ်စေ ချင်တာတွေကို တချို့ဟာတွေ မ ပြောဘဲနဲ့တောင် လုပ်နိုင်တဲ့အခြေ အနေမျိုးရှိတယ်။ ဒါကြောင့် ဘာ မှ ပြဿနာမရှိဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။

နိုင်ငံ့အကြီးအကဲတာဝန်ကို ယူ တော့မယ့် ညီဖြစ်သူအတွက် ဘာ များ မှတ်ချက်ပေးစရာရှိမလဲ။

ကျွန်တော်တို့မိသားစုထက် တိုင်းသူပြည်သားအားလုံးအ တွက်ကို ၀မ်းသာပီတိဖြစ်ရတယ်။ တိုင်းပြည်ကောင်းလာဖို့ များတယ်လို့ပဲ ယူဆတယ်လေ။ ဖြစ်လာလိမ့်မယ်။ ဒါကတော့ သေချာသလောက်ပဲ။ အနှေးနဲ့အမြန်အဲဒီလိုဖြစ်လာလိမ့်မယ်။ သူကိုယ်တိုင်လည်း စိတ်ရင်းသဘောထား အင်မတန်ကောင်းတယ်။ ဖြူစင်တယ်။သန့်စင်တယ်။ နောက်ပြီးတော့အဓိကလူတိုင်း ပြောနေတဲ့လာဘ်စားတဲ့ကိစ္စပေါ့။ သူကအင်မတန်မှ လာဘ်စားတာကို ရွံမုန်းတဲ့လူတစ်ယောက်ဖြစ်တယ်။

ကျေးဇူးတင်ပါတယ်။

Credit : http://7daydaily.com/story/60530