ဘောလုံးနဲ့ကျွန်တော်



မိန်းမဖြစ်ပေမယ့် ကျွန်တော်ဘောလုံးပွဲကြိုက်တယ် (ပရီးမီးယားလိဒ်တော့မပါဘူးြ

မြန်မာလက်ရွေးစင်အသင်း မြန်မာ U အသင်းတွေအကုန်အားပေးတယ်

ကမ္ဘာ့ဖလားလဲကြိုက်တာပဲ)..

မှတ်မှတ်ရရ ၁၉၉၆ ၈တန်းကျောင်းသူဘဝ အရှေ့တောင်အာရှ Sea Game 

ပွဲထင်တယ် ဂိုးသမားအာင်ကျော်ကျော်က ထိုင်းဘောလုံးသမားကို ဟီး 

လက်သီးနဲ့ထိုးတာလား တက်နင်းလိုက်တာလား မမှတ်မိတော့ဘူး

 အနီကဒ်နဲ့အထုတ်ခံလိုက်ရတော့ ငိုလိုက်ရတာ ငိုလိုက်ရတာ 

ညစာထမင်းတောင် မစားနိုင်တော့တဲ့အထိ အားပေးခဲ့တာ 

အဲ့ကနေ ဘောလုံးပွဲပိုးက အရိုးစွဲသွားတာ..

အခုအသက်အရွယ်ထိ ဘောလုံးပွဲဆို အားပေးကြမ်းနေတုန်း ဘောလုံးပွဲကြည့်ရင်

ဟီး ၁၂ယောက်မြောက် အားကစားသမားနေရာတင် မဟုတ်ဘူး 

အသင်းနည်းပြ အသင်းအုပ်ချုပ်သူ ရှေ့တန်း နောက်တန်း အလယ်တန်း ဂိုသမား

နေရာထိ တစ်ကွင်းလုံးပါးစပ်နဲ့ ပတ်ကန်နေမိတာ နိုင်ရင်တော့ မမောနိုင်ပါဘူး 

၂နာရီလောက် အာဗြဲစိန်ဖြစ်နေလဲ အဲ ရှုံးရင်တော့ 

မျက်ရည်ကဘူးသီးလုံးလောက်ကို ထွက်လာတာ..

ဦးဇော်ဇော်ခမျာလဲ ကျွန်တော်သိသလောက် ၁၀နှစ်ဝန်းကျင်ရှိပြီ

မြန်မာဘောလုံးအသင်းကို ထောက့်ပံ့လာတာ ကစားသမားတွေလဲ 

တိုးတက်လာပါတယ် ခက်တာက ကလေးတွေက ကွင်းပြင်မှာ 

ဘယ်လောက်တော်တော် ကွင်းထဲရောက်ရင် တဖက်ကပရိတ်သတ်ကြောင့် 

သွေးပျက်သွားတာ တဖက်အသင်းကြောင့် ကစားကွက်ပျက်တာ 

တစ်ဦးကောင်းကစားတာ ပြဿ    နာဖြစ်ရင်ဒေါသကြီးတုန့်ပြန်တာ  

အကုန်လုံးက အရှုံးကိုဦးတည်သွားနေတာ..

ဒီနေ့လဲ အင်ဒိုနီးရှားကို နိုင်မယ်လို့မျှော်လင့်နေတာ အောင်သူတိုင်ထိတဲ့

ဘောလုံးက သန်းပိုင်ကိုသာပေးလိုက်ရင် ဦးဆောင်ဂိုးရတယ်ဗျာ 

သန်းပိုင်ထပ်သွင်းတဲ့တစ်ဂိုးနဲ့ဆို ပထမပိုင်းတင် 0 - 2 ဖြစ်နေပြီ စိတ်ဓါတ်အရ 

အင်ဒိုတွေကို နိုင်ထားလို့ရတာပေါ့..

ဒုတိယပိုင်းကျတော့ ကစားအားကျသွားတယ် ကျွန်တော်စိတ်ပူနေပြီ Draw 

ဆို သေပြီ ၁၀မိနစ်ပဲရှိသေးတယ် ချေပဂိုးရသွားပြီ ဟာ တောင် မဆုံးသေးဘူး 

ဦးဆောင်ဂိုးထပ်ပေးလိုက်ရတယ် ကစားသမားတွေကြည့်တော့ သွားပြီဆိုတာ 

သိလိုက်တယ် မကြာပါဘူး နောက်ထပ်ဦးဆောင်ဂိုးတစ်လုံး 3 - 1  Enough 

TV ပိတ်လိုက်တယ် ထပ်ကြည့်ရင် ဒေါသထွက်ပြီး ဆဲမိတော့မယ်လေ ပွဲပြီးရင် 

မျက်ရည်ဘူးသီးလုံးလောက် ထွက်လာတော့မယ်ကျွန်တော့ဘာသာ

နှစ်သိပ့်လိုက်ပါတယ် နင်တောင်သူတို့လိုအရှိန်နဲ့

ဘောလုံးကွင်းတစ်ပတ်ပြေးနိုင်လားလို့..

ကျွန်တော်လောဘမကြီးပါဘူး မြန်မာဘောလုံးအသင်းရယ် 

ကမ္ဘာ့ဖလားလဲ မမှန်းပါဘူး Suzuki ဖလားဖြစ်ဖြစ် Sea Game က

ရွှေတံဆိပ်ပဲဖြစ်ဖြစ် တစ်ခါလောက်ရရင် သေပျော်ပါပြီဗျာ..။











No comments: