မမရောဂါ


ဒီအသက်အရွယ်ရောက်မှ ဒီရောဂါရတာလဲ မလွယ်ပါဘူးဗျာ..

မနေ့ညက မြန်မာအိုင်ဒေါကြည့်ရင်းနဲ့ ဖြိုးမြတ်အောင်ရဲ့ မမသီချင်းကို တကယ်ခိုက်သွားမိတယ် အဲ့ကလေးကိုမပြောနဲ့ ၁၁ယောက်လုံးကို ရေရေရာရာမသိပါဘူး..

TV မကြည့်ဖြစ်တာ တော်တော်ကြာပြီ FB မှာ ပလူပျံလာတော့မှ စိတ်ဝင်စားမိတာ ကျွန်တော်က အားနည်းသူဘက်က ရပ်တည်တာကို Ethics လို့ လက်ခံထားတဲ့သူလေ အဲဒီတော့ မနေ့ကမှ သူ့သီချင်းဆိုတာကို သေချာ နားထောင်ဖြစ်တယ်..

ပထမတစ်ပုဒ်ဆိုတာ မကြိုက်ဘူး ဒါပေမယ့် သူစကားပြောတာကို သဘောကျတယ် အရိုးခံပါပဲ မမ သီချင်းနားထောင်ပြီးတော့ တဖြုတ်ဖြုတ်ကြွေတော့တာပဲ..

ဇာတ်လမ်းက အခုမှစတာ မနက်ဖြန်သဘက်ဆိုရင် အသက်၁နှစ်တိုးတော့မယ် နောက်၃နှစ်ဆိုရင် အသက်၄၀ပြည့်ပြီ အခုမှ မမရောဂါစရပြီ..

ရည်းစားလေး၂ယောက်ထားဘူးပါတယ် ၁ယောက်ကလဲ ကိုယ့်ထက်၆နှစ်ငယ်တယ် ခပ်တည်တည်ပဲ မင်းထက်၁နှစ်ကြီးတယ်ဆိုတာကို ယုံခဲ့မိလို့ မမ မလုပ်ခဲ့ရဘူး (၆နှစ်ငယ်တာတောင် ရည်းစားဖြစ်ပြီး ၆လလောက်နေမှ သူဖွင့်ပြောလို့သိတာ ကိုယ်ထက်ငယ်တာကို သဘောမကျပေမယ့် အဲ့အချိန်မှာ ရောဂါရင့်နေပြီ ကျွန်တော်ဆိုတဲ့ကောင်က အဲ့လိုနုံခဲ့ဘူးတာ..)

နောက်တစ်ယောက်ကလဲ ကိုယ်ထက် ၂နှစ်လောက်ကြီးတော့ မမ မလုပ်ရပြန်ဘူး (အရင်ကတော့ ကိုယ့်ထက်ငယ်တာကို လုံးဝ လုံးဝ မကြိုက်ပေမယ့် အခုတော့ စိတ်ပြောင်းသွားပြီ..)

စိတ်ပြောင်းတယ်ဆိုပေမယ့် အရမ်းကြီးမငယ်ချင်ပါဘူး ၁နှစ်၊၂နှစ်လောက်ဆိုရင် ကျေနပ်ပြီ အဓိကက ကျွန်တော်ကို မမလို့ခေါ်တာကို ကြားချင်တာလေ..

ကျွန်တော်ဆိုတဲ့ကောင်က ရူးပြီဆိုရင် လွတ်ရူးတက်တဲ့ကောင်ဆိုတော့ 2018 ကုန်ရင်တောင် မမရောဂါက တော်တော်နဲ့ပျောက်မှာ မဟုတ်ဘူးဗျ..။

မမက သိပ်ချစ်ဖို့ကောင်းတယ် လူကွယ်တိုင်း အနားနားကပ်ခါရယ် 

တိတ်တိတ်လေး ခိုးခိုးပြီးနမ်းတယ် 

မမကို သိပ်ချစ်တာပဲ ကွယ်..

💖💖💖

ဖြိုးမြတ်အောင် (မမ)

တည်ငြိမ်ခြင်းရသ



ကမ္ဘာကြီးကကျည်းကျည်းလေးပါ
အမုန်းတရားအာဃာတတွေကြောင့်သာ
အကျည်းတန်ခဲ့ရတာ

တနေ့နေ့တချိန်ချိန်မှာ
နှုတ်ဆက်ရမယ့်အတူတူ
လူတိုင်းလူတိုင်းကိုအပြုံးနဲ့ခွဲခွာနိုင်တာ
အနုပညာတရပ်ပါပဲ

စည်းတစ်ခုကိုကျော်ဖြတ်နိုင်ဖို့
အချိန်ကာလတစ်ခုကိုပေးဆပ်ရမယ့်အစား
အဲ့ဒီစည်းအတွင်းမှာရပ်နေလိုက်တာ
သေချာတဲ့အဖြေတစ်ခုပါ

တချို့အမှားတွေက
ကိုယ်တိုင်ဖန်တီးခဲ့သလို
ကိုယ်မဖန်တီးခဲ့တဲ့အမှားတွေအတွက်
ဘယ်သူမှနောင်တမရသင့်ပါဘူး

The good, The best , The ugly

လူတော်လူကောင်းမဟုတ်ပေမယ့်
လူယုတ်မာတော့မဖြစ်ခဲ့ပါဘူး
အဲ့ဒီ Feeling နဲ့တင်
ကျွန်တော်ရှင်သန်လို့ရတာပါ။






Raywai - ပေးစာ