တည်ငြိမ်ခြင်းရသ



ကမ္ဘာကြီးကကျည်းကျည်းလေးပါ
အမုန်းတရားအာဃာတတွေကြောင့်သာ
အကျည်းတန်ခဲ့ရတာ

တနေ့နေ့တချိန်ချိန်မှာ
နှုတ်ဆက်ရမယ့်အတူတူ
လူတိုင်းလူတိုင်းကိုအပြုံးနဲ့ခွဲခွာနိုင်တာ
အနုပညာတရပ်ပါပဲ

စည်းတစ်ခုကိုကျော်ဖြတ်နိုင်ဖို့
အချိန်ကာလတစ်ခုကိုပေးဆပ်ရမယ့်အစား
အဲ့ဒီစည်းအတွင်းမှာရပ်နေလိုက်တာ
သေချာတဲ့အဖြေတစ်ခုပါ

တချို့အမှားတွေက
ကိုယ်တိုင်ဖန်တီးခဲ့သလို
ကိုယ်မဖန်တီးခဲ့တဲ့အမှားတွေအတွက်
ဘယ်သူမှနောင်တမရသင့်ပါဘူး

The good, The best , The ugly

လူတော်လူကောင်းမဟုတ်ပေမယ့်
လူယုတ်မာတော့မဖြစ်ခဲ့ပါဘူး
အဲ့ဒီ Feeling နဲ့တင်
ကျွန်တော်ရှင်သန်လို့ရတာပါ။






No comments: