အမှတ်တရ















 14 December ခိုင်သူ့မွေးနေ့ ဘုရားပေါ်ရောက်တာ 15 December ခပ်တည်တည်ပဲ 14 December နဲ့ လှူခဲ့တယ်





Best friend forever ( နောက်တစ်ယောက်ကတော့ နတ်ပြည်ကနေကြည့်ပြီးတော့ ငါမပါဘူးဆိုပြီး နှူတ်ခမ်းစူနေလောက်ပြီ )


၁၄ရက်နေ့က ခိုင်သူနဲ့ကျိုက်ထီးရိုးဘုရားသွားဖူးတယ် ၈နှစ်လောက်ကွဲသွားပြီးမှ ပြန်တွေ့ရတဲ့ ရေစက် နေ့ချင်းပြန်ဆိုတော့ ခရီးပန်းတာနဲ့ ပြန်လာတဲ့ရက်မှာ Blog မရေးဖြစ်သေးဘူး နောက်ရက်မှ Feeling နဲ့ အေးဆေးရေးမယ်ပေါ့..


၂၁ရက်နေ့ ခါးပိုက်နှိူက်ခံရတယ် ရှိသမျှ Data တွေ ဖုန်းနံပါတ်တွေ ဓါတ်ပုံတွေ Memo တွေ အကုန်အကုန်ပါသွားရော ၂၂ရက်နေ့ အဘွားမွေးနေ့တောင် မသွားဖြစ်ဘူး ဖုန်းသံယောဇဉ်နဲ့ ၂ရက်၃ရက်လောက့် စိတ်ဆင်းရဲသွားတာ အခုအချိန်ထိ တရေးနိုးရင် မျက်ရည်ကျနေတုန်း..


အလုပ်ကိစ္စတွေက ဒီနံပါတ်နဲ့သုံးနေတာဆိုတော့ မဖြစ်မနေ ဖုန်းရှိမှ ဖြစ်မှာလေ အဖေကဖုန်းထပ်ဝယ်ပေးတယ် အားနာပေမယ့် ကိုယ့်မှာပိုက်ဆံမှ မရှိတာ အဖေဝယ်ပေးနိုင်တာတောင် ကံကောင်းတယ်..


ဖုန်းစကိုင်တုန်းက Malaysia မှာ Nokia ပဲ သဘောကျတယ် ရန်ကုန်ပြန်ရောက်မှ Samsung စကိုင်ဖြစ်တာ ဒီကောင်နဲ့ ၄နှစ်ကျော်အသားကျနေတော့ ကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပြီ ဒီကောင်ပါသွားတော့ နေရတာအဆင်မပြေဘူး..


Samsung ပြန်ဝယ်ချင်ပေမယ့် ဒီအချိန်မှာ Note ဆိုတာ အနားမကပ်နိုင်တဲ့ဘဝ ဖြစ်နေတော့ Mi ကိုပဲ မျက်စိစုံမှိတ်ပြီး သုံးနေရတယ်..


Fb ထဲ က ရသမျှပုံတွေ ပြန် Down ပြီး ဒီ Post ရေးနိုင်ဖို့ အချိန်၃နာရီလောက်ပေးရပြီး Play Store ကနေ Browser ၁၀ ခုလောက် Down ယူရတယ်..


Bravo Mi ခင်ဗျားတို့ မျိုးချစ်စိတ်ဓါတ်နဲ့ သွင်းပေးထားတဲ့ App တွေက ကျွန်တော့်လို နည်းပညာအားနည်းတဲ့ကောင်အတွက် စိတ်ဒုက္ခ တော်တော်ပေးနိုင်ပါတယ်..


ဒီကောင်နဲ့တော့ တပတ်နေလို့ တစ်ခါတောင် Blog ဝင်မရေးနိုင်တော့ဘူးဗျာ။

No comments: