Electrocardiogram


အသက်ရှုမဝလို့ Oxygen machine လေးတောင့်တမိခဲ့ပါတယ်

Oxygen mask တပ်ပြီးကာမှ Oxygen မရှိတော့တဲ့ဘဝ

Mask ကို အသာအယာချွတ်ပြီးတော့ အပြုံးလေးတစ်ပွင့် လက်ဆောင်ပေးခဲ့ပါတယ် 

ရှိပါစေတော့ဗျာ သန်းခေါင်အပြင်ညမနက်တော့ဘူးလို့ ရေရွတ်ပြီးတော့ ဒုတိယမိ ခပ်ဖွဖွလေးပြုံးလိုက်ပါတယ်

ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်မှ မဖြစ်နိုင်တာဗျာ။

#Malkhin_crazytime

April အကုန်မှ တင်လိုက်တာပါ ဒီ post ကို ရေးထားတာ ရက်တော်တော် ကြာပါပြီ။

Be the flame


အလူမီနီယံလိုမျိုး အကန့်အသတ်မရှိ
တန်ပြန်သံသရာ လည်နိုင်တယ်
ဒီလိုစိတ်ကလေးနဲ့ပဲ ခင်ဗျားကို ချစ်ခဲ့တာ။

Like an aluminium,
Can be recycled regardless of
limitation,
I'd simply loved you.

တေဇာ (လရောင်လမ်း)
#29.01.2011


ဒီကဗျာကို တော်တော်လေး သဘောကျလို့ save ထားတာကြာပါပြီ ဒီနေ့မှ စိတ်ထဲမှာကသိကအောက်ဖြစ်နေတာနဲ့ တင်ဖြစ်သွားတာ..

အဓိကက ကျွန်တော်အမှားတစ်ခုကို ကျူးလွန်လိုက်မိတာပါ..

တခါတလေမှာ မလိုအပ်တာတွေ အပိုစာသားတွေကို ကျွန်တော်လုပ်မိသွားတက်ပါတယ် အိုဗာတင်းတွေပေါ့ဗျာ အိုဗာတင်းတွေ သိပ်မသောက်မိဖို့အတွက် ကြိုးစားပါမယ်ဗျာ..

ကျွံသွားတဲ့ ခြေလှမ်းကို နှုတ်ယူဖို့ လွယ်ပေမယ့် ကျွံသွားတဲ့ စကားကို နှုတ်ယူဖို့ မလွယ်ကူဘူးလေဗျာ..

နောင်တဆိုတာ နောင်မှရတက်တယ်ဆိုတာ နားလည်လိုက်ပါပြီ။

“The Desire of The Moth
for The Star,

of The Night
for The Morrow”

By Shelley.

ပိုးဖလံဘဝကို စိတ်နာနေပါပြီဗျာ..

#Malkhin_themoth



Thirty–seven


Thirty–seven

တစ်ရက်ကို တစ်လလောက်ကြာခွင့်ပြုပါ
လောကဓံဆိုတာကြီးကို ဒီအချိန်မှာတော့
ဒူးနဲ့တိုက်ဖို့ဝေးစွ မျက်ခုံးလေးတောင် ပင့်ပြီးမကြည့်ရဲတော့ပါဘူး
ပစ္စပ္ပုန်တည့်တည့်အောက်မှ ာရပ်နေရင်း
အနာဂတ်ဆိုတာကို မျက်စိမှိတ်ရင်းပွေ့ဖက်လိုက်ပါတယ်..

#Malkhin_thawka