Be the flame


အလူမီနီယံလိုမျိုး အကန့်အသတ်မရှိ
တန်ပြန်သံသရာ လည်နိုင်တယ်
ဒီလိုစိတ်ကလေးနဲ့ပဲ ခင်ဗျားကို ချစ်ခဲ့တာ။

Like an aluminium,
Can be recycled regardless of
limitation,
I'd simply loved you.

တေဇာ (လရောင်လမ်း)
#29.01.2011


ဒီကဗျာကို တော်တော်လေး သဘောကျလို့ save ထားတာကြာပါပြီ ဒီနေ့မှ စိတ်ထဲမှာကသိကအောက်ဖြစ်နေတာနဲ့ တင်ဖြစ်သွားတာ..

အဓိကက ကျွန်တော်အမှားတစ်ခုကို ကျူးလွန်လိုက်မိတာပါ..

တခါတလေမှာ မလိုအပ်တာတွေ အပိုစာသားတွေကို ကျွန်တော်လုပ်မိသွားတက်ပါတယ် အိုဗာတင်းတွေပေါ့ဗျာ အိုဗာတင်းတွေ သိပ်မသောက်မိဖို့အတွက် ကြိုးစားပါမယ်ဗျာ..

ကျွံသွားတဲ့ ခြေလှမ်းကို နှုတ်ယူဖို့ လွယ်ပေမယ့် ကျွံသွားတဲ့ စကားကို နှုတ်ယူဖို့ မလွယ်ကူဘူးလေဗျာ..

နောင်တဆိုတာ နောင်မှရတက်တယ်ဆိုတာ နားလည်လိုက်ပါပြီ။

“The Desire of The Moth
for The Star,

of The Night
for The Morrow”

By Shelley.

ပိုးဖလံဘဝကို စိတ်နာနေပါပြီဗျာ..

#Malkhin_themoth



No comments: