Rainy day


        Source : https://images.app.goo


YBS ကားပေါ်က အဆင်း မိုးဖွဲဖွဲအောက်မှာ လူရှင်းပြီး စိမ်းစိုနေတဲ့ ဗန္ဓုလပန်းခြံကို တွေ့လိုက်ရတော့ ကြည်နူးသွားရတယ်..


အလုပ်သွားနေကျ ဗန္ဓုလပန်းခြံအပြင်ကနေ ပတ်မသွားပဲ ပန်းခြံထဲကနေ  ဖြတ်သွားမလား တွေးမိလိုက်တော့ ခေါင်းယမ်းမိလိုက်ပါတယ်..


တချိန်က ပန်းခြံပိတ်ချိန်မှာ ထိုင်ခဲ့ဘူးတဲ့ အတိတ်ဆိုတာ ကျွန်တော်ရဲ့ မသိစိတ်မှာ တည်ရှိနေသေးတဲ့ မလိုချင်တော့တဲ့ အတိတ်ကို အမှတ်တမဲ့ သတိရမိလိုက်တယ်..


ပျော်ရွှင်စရာမဟုတ်ခဲ့တဲ့ အတိတ်တွေကိုကူးတကကြီး မဟုတ်ပေမယ့် မေ့ပြစ်လိုက်တာတော့ ကျွန်တော်ရဲ့ အားသာချက်ပါ..


မိုးဖွဲဖွဲအောက်မှာ စိတ်ကလေးသာသာယာယာနဲ့လျှောက်နေတုန်း ပန်းခြံဒေါင့်နားမှာ ဇရစ်တစ်ကောင်က နှုတ်ဆက်နေတော့ #one for sorrow လို့ ရေရွတ်လိုက်ရင်း သူ့အလိုလိုပြုံးမိလိုက်ပါတယ်..


ကျွန်တော်လိုလူတစ်ယောက်အတွက်တော့ ဇရစ်တစ်ကောင်မြင်ယုံနဲ့တော့ ထူးပြီဝမ်းနည်းစရာမရှိပါဘူး ဘဝမှာ ကြုံခဲ့ရတဲ့ ဇရစ်တစ်ကောင်ပေါင်းများစွာက အသက်ရှုနေတဲ့ သက်တမ်းတဝက်မျှပါပဲ..


one for sorrow , two for love လို့ ခပ်မြူးမြူးလေး ရေရွတ်ရင်း မိုးမနက်ခင်မှာ သာသာယာယာနဲ့ အလုပ်ကိုချီတက်သွားလိုက်တယ်..


မနက်က ၇နာရီ Alram မြည်တာကို ပိတ်လိုက်ရင်း ဆက်အိပ်နေမိတယ် အခုတလော အိပ်ရေးဝဝမအိပ်ရတာ လချီနေပြီ အလုပ်ကိစ္စစိတ်ဖိစီးတာနဲ့ အိပ်ရေးပျက်တော့ ကျန်းမာရေးပါ အားနည်းလာတယ်..


မနက်လင်းပြီဆိုမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာ တကယ်မလွယ်ဘူး အခုလိုကြပ်တည်းနေတဲ့ အချိန်မှာ ခွင့်ယူဖို့ဆို စွန့်စားခန်းတရပ်မို့လို့ ကျွန်တော်ခွင့်မယူရဲဘူးဗျ..


အိပ်တဝက် နိုးတဝက်ဖြစ်နေတုန်း အမေ့အသံကြားလိုက်ရတယ် ၈နာရီ ၁၅မိနစ် ဖြစ်နေပြီ မထသေးဘူးလား သွားပြီ ဒီနေ့လဲ Taxi လား လိုင်းကား ၂ဆင့်ပြောင်းစီးရမလား အသိနဲ့ ကော်ဖီသောက် ကျန်းမာရေးကိစ္စရှင်း ရေမိုးချိုးအလှပြင်တာနဲ့ ၉နာရီ ၁၅ ဖြစ်သွားပြီ..


ပြတ်တုန်းလတ်တုန်း ၂၃ ကျွန်တော်က ပြတ်တုန်းလတ်တုန်း ၁၃ ကောင်ဆိုတော့ Taxi မငှားနိုင်တော့ဘူး လမ်းထိပ်ကို ခပ်သုပ်သုပ်လျှောက်ရင်း YBS ကားစီးလိုက်တယ် အိမ်ကနေ ၉နာရီကျော်ထွက်ရင် မြို့တော်ခန်းမရှေ့ကနေ လမ်းလျှောက်ရင် အလုပ်ချိန်မှီပေမယ့် ၉နာရီ ၁၅ ဆိုရင် ပန်းဆိုးတန်းကနေ ကားပြောင်းစီးမှ မီတယ်..


YBS ကားပေါ် ခဏစီးမိလိုက်ယုံနဲ့ ဒီနေတော့ လမ်းလျှောက်ယုံနဲ့ အလုပ်ချိန်အမီရောက်ပြီဆိုတာ သိလိုက်ရတော့ ပျော်သွားတယ် မိုးဖွဲဖွဲအောက်မှာ လူရှင်းတဲ့လမ်းမတလျှောက် လမ်းလျှောက်ရတာလဲ ရသတစ်ခုကို ခံစားရသလိုပါပဲ မနက်ခင်းမှာ ကော်ဖီသောက်ရသလိုပါဘဲ..


ဆူးလေရောက်တော့ ၉နာရီ ၃၅ ဒီကနေ အလုပ်ကိုသာသာယာယာသွားလို့ရပြီဆိုတဲ့ အသိအပြင် မျက်စိရှေ့က စိမ်းစိုအေးမြနေတဲ့ ဗန္ဓုလပန်းခြံကြောင့် မိုးမနက်ခင်းက ကျွန်တော့်အတွက် ခွန်အားတရပ်ပါပဲ..

#20_Aug_2020




No comments: