မေတ္တာစာ

 မေတ္တာဆိုတာ

အသွားအပြန်ရှိတယ်တဲ့

Uni တက်တုန်းက

ရည်းစားစာပေးခံရတာ


​ေ_ာက်တုံးဆိုတော့

ဓမ္မစေတီခေါင်းလောင်းမှာ

စာပေးတဲ့သူကိုခေါ်ပြီး

တရားပြလိုက်တာပေါ့


အခုတော့

ကျွန်တော်စီကအသွားပဲရှိတဲ့

မေတ္တာတရားတွေကို

တရားပြရပါတော့မယ်။


#​ေ_ာက်တလွဲ

#feeling



သဗ္ဗေ သင်္ခါရ အနိစ္စာ



https://images.squarespace-cdn.com/content/v1/



https://my.m.wikipedia.org/wiki/%E1%80%A1%E1%80%94%E1%80%AD%E1%80%85%E1%80%B9%E1%80%85


အနိစ္စ anicca, impermanence / inconstancy သည် မမြဲခြင်းသဘာဝကို ခေါ်သည်။ အနိစ္စ(မမြဲမရှိခြင်း non-existence / non-selfhood)၊ ဒုက္ခ(ဆင်းရဲခြင်း dukkha, unsatisfactoriness / suffering)၊ အနတ္တ(ငါ၏ခန္ဓာကိုယ်မဟုတ်) အနိစ္စဆိုတာ ပရမတ္ထ(တကယ့်အမှန်တရား )တရား ဖြစ်ပါတယ်။ ဗုဒ္ဓဝါဒရဲ့ အရေးကြီးတဲ့ ဒေသနာဖြစ်နေတော့ နားလည်ဖို့ ခက်ပေမဲ့ နားလည်အောင် ကြိုးစားရမည့်တရားလည်းဖြစ်ပါတယ်။ ဒီတရားကိုနားလည်သဘောပေါက်တယ်ဆို ရင် နားလည်တဲ့အတိုင်းအတာနဲ့ အညီအမျှ ချမ်းသာသုခ ရရှိနိုင်ပါတယ်။

အနိစ္စဆိုတဲ့ စကားဟာ အဓိပ္ပာယ် လေးနက်ပေမဲ့ မြန်မာတွေနဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ အနိစ္စရဲ့ အခြေခံကျတဲ့ အဓိပ္ပာယ်ကို သက်ရှိသက်မဲ့ အရာအားလုံး အမြဲမပြတ် ဖြစ်လိုက်ချုပ်လိုက် တရွေ့ရွေ့ ပြောင်းလဲနေခြင်းလို့ဖွင့်ဆိုနိုင်ပါတယ်။ ဖောက်ပြန် ပြောင်းလဲ တတ်တဲ့သဘော၊ အကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်လာပြီး အကြောင်း မညီညွတ် တော့ပျက်သုဉ်းသွားတဲ့အခါ ဘာရယ်လို့ လက်ဆုပ်လက်ကိုင် ပြစရာမရှိ တဲ့သဘော၊ အခိုက်အတန့်သာ တည်မြဲနေနိုင်တဲ့သဘော၊ ဖြစ်ပြီးပျက်တတ်တဲ့ သဘော၊ အချိန်ကြာကြာ ဖြစ်တည်မနေနိုင်တဲ့သဘောတွေကို အနိစ္စလို့ ခေါ်ပါ တယ်။

အသက်ရှင်ရာကနေ သေဆုံးသွားတာမျိုး၊ ပစ္စည်းတစ်ခု အကောင်းပကတိ ကနေကွဲပျက်သွားတာမျိုး အကောင်းဘက်ကနေ အဆိုးဘက် ပြောင်းလဲသွားတာ တစ်ခုတည်းကိုပဲ အနိစ္စလို့ခေါ်ရတာ မဟုတ်ပါဘူး။ ဘဝသစ် တစ်ခု မွေးဖွားဖြစ် တည်လာတာမျိုး၊ အပျက် အစီးကို ပြန်လည်ပြင်ဆင်နိုင်တာမျိုး တွေဟာလည်း ရွေ့ရှားပြောင်းလဲမှု အမျိုးအစားတွေ ဖြစ်နေတော့အနိစ္စသဘောတွေပါပဲ။ အရှင်းဆုံး ပြောရရင် သက်ရှိသက်မဲ့ အရာရာဟာ အနိစ္စပါပဲ။ ဒီသဘောကိုပဲ ဘုရားရှင်က သဗ္ဗေ သင်္ခါရာ အနိစ္စာ လို့ ဟောတော်မူခဲ့ပါတယ်။ သင်္ခါရတရား အားလုံးဟာ အနိစ္စ သဘောတွေဖြစ်တယ်လို့ဆိုလိုတာပါ။

သင်္ခါရဆိုတာကတော့ အပြုပြင်ခံတရားတွေ၊ ဖန်တီးထားတဲ့ အရာတွေဖြစ် ပါတယ်။ ကံတရားက ဖန်တီးလိုက်တဲ့ ဘဝအမျိုးမျိုးနဲ့ လူဖန်တီးတဲ့အရာ၊ ဥတုကြောင့်ဖြစ်ပေါ်လာတဲ့ အရာတွေဟာ သင်္ခါရတရားတွေဖြစ်ပါတယ်။ ဒါတွေဟာ အနိစ္စတရားတွေသာဖြစ်ပါတယ်။ ကံဖန်တီးတဲ့ ဘဝဟာ အမြဲမပြတ် ပြောင်လဲရွေ့ ရှားနေပါတယ်။ နုပျိုရာကနေအိုမင်းလာပါတယ်။ အဆင်ပြေရာကနေ အဆင်မပြေ တဲ့ဘက် ပြောင်းလဲတာလဲ ရှိပါတယ်။ ငိုရာကနေပြုံးရတာလဲရှိပါတယ်။ ဆုံလိုက်ကွဲ လိုက်၊ ပျော်လိုက် ငိုလိုက်၊ အောင်လိုက် ရှုံးလိုက် အမြဲပဲပြောင်းလဲနေပါတယ်။ ဒါပေမဲ့ မြန်မာစကားမှာတော့ ကွယ်လွန်အနိစ္စရောက်တယ်ဆိုပြီး အနိစ္စကို သေခြင်းတရားအဖြစ်ပဲ အများအားဖြင့် ရည်ညွန်းလေ့ရှိကြပါတယ်။ (အားလုံးကို မပြောဆိုပါဘူး)။ အနိစ္စသဘော ကိစ္စချောလို့လည်း နဘေကာရန်နဲ့ စာသံပါပါပြော လေ့ရှိကြပါတယ်။

တကယ်တော့ အနိစ္စဆိုတာ သေခြင်းတရား တစ်ခုတည်းကိုပဲ ဆိုလိုတာ မဟုတ်ဘူးလို့နားလည်ကြရပါမယ်။ မတည်မြဲတဲ့ အနိစ္စ သဘောကို သိထားတယ်ဆိုရင် ကိုယ်ရောစိတ်ပါ သက်သာရာ ရနိုင်ပါတယ်။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဖြစ်ရတာဟာ အဆိုးလောဓံ အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ အဆိုးလောကဓံ ဆိုတာဟာလည်း ဘဝဖွဲ့စည်းမှု အစိတ် အပိုင်းများစွာထဲက တစ်စိတ်တစ်ပိုင်းသာ ဖြစ်နေတော့ သူလည်းအနိစ္စပဲ၊ ကြာရှည် မတည်နိုင်ဘူးလို့သဘောပိုက်လိုက်နိုင်ရင် သက်သာရာ ရနိုင်ပါတယ်။ တစ်မျိုးပြော ရရင် ဒုက္ခရောက်ရတယ်၊ ကိုယ်စိတ် ဆင်းရဲရတယ်ဆိုတဲ့ (ဒုက္ခသစ္စာ)ဟာ မသိမှု (အဝိဇ္ဇာ)ကြောင့် ဖြစ်ပေါ်လာရတာပါ။

ထို့ကြောင့် သိမှု(ဝိဇ္ဇာ) ဖြစ်အောင်နေထိုင်ကျင့်ကြံသွားရပါမယ်။ လူသားတိုင်းသည် အမြဲမပြတ် နေနိုင်မည်မဟုတ်ပါ။ ထိုသို့မမြဲသော သဘောကို ပင်သိနေ ရပါမည်။ ထိုသဘောသည်ပင် အနိစ္စဖြစ်ပါတယ်။ အကြောင်းအရာ တစ်ခုကိုတင်ပြ ပါရစေ။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားရသော အရာများ၊ သတ္တဝါများသည် လည်း အနိစ္စတရားပင်ဖြစ်ပါတယ်။ ယခုအချိန်မှာ မပျက်စီးနိုင်ဘူးဟု ထင်ထားသော်လည်း ပျက်စီးသွားကြသောအခါ များစွာပူးဆွေးသောက ရောက်ကြရပါတယ်။ (မိမိတို့သည်လည်း အချိန်မရွေး၊ နေရာမရွေး ပျက်စီးသွားနိုင်သည်ကို သတိသံဝေဂရကြပါစေ)။ တကယ်တော့ မိမိသည် ဖြစ်ပေါ်လာသော တရားတို့ပေါ် တွင် ဉာဏ်နှင့်ယှဉ်သော အသိဖြင့် သိပြီး၊ ပျက်စီးသွားသော အရာများပေါ်တွင် တဏှာနှင့် ယှဉ်သောစိတ်နှင့် ပူဆွေးသောက မဖြစ်ရန် အနိစ္စတရားကို သိနေဖို့လို အပ်ပါတယ်။ ဤသို့ဖြင့် အနိစ္စသဘာဝကို ဘာမှမသိလိုက်ဘဲ အနိစ္စဒဏ်ချက်ကို ဘုမသိဘမသိခေါင်းငုံ့ခံနေရတာမျိုး၊ ဘဝအဆက်ဆက် ဒုက္ခသံသရာ လည်နေရတာမျိုး မဖြစ်ရအောင်ဒုက္ခဇာတ်သိမ်းသည်အထိ အနိစ္စသဘာဝကို ကိုယ့်ဉာဏ်အလျောက် သုံးသပ်ဆင်ခြင်သင့်ပါတယ်။ “ဓမ္မာသုညာ အတ္တေနဝါ အတ္တနယေနဝါ” ~~ ဓမ္မာ= ဓမ္မာရုံဖြစ်ပျက်တရားတို့သည်၊ အတ္တေနဝါ= ငါဟုဆိုအပ်သော အတ္တဒိဋ္ဌိမှ လည်းကောင်း၊ အတ္တနယေနဝါ= ငါ့ဥစ္စာဟုဆိုအပ်သော တဏှာမှ လည်းကောင်း၊ သုညာ= ဆိတ်သုဉ်းကုန်၏။

၁။ မစင်ပမာ ငါ့ခန္ဓာကား ဘယ်ခါမစဲ ပျက်လျှက်ဆဲမို့ အမြဲတရား ရှုမှတ်ပွားသည်။ ဩော် (အနိစ္စ ပါတကား)

၂။ ၃၂-ဖြာ ငါ့ခန္ဓာကား ချမ်းသာကင်းဝေး ဒုက္ခဘေးမို့ ဝဋ်ကြွေးတရား ရှုမှတ်ပွားသည်။ ဩော် (ဒုက္ခ ပါတကား)

၃။ ၄၂-ဖြာ ငါ့ခန္ဓာကား ရောဂါဘေးဆိုး အမျိုးမျိုးကို လိုစိုးမပိုင် တားမနိုင်မို့ မဆိုင်တရား ရှုမှတ်ပွားသည်။ ဩော် (အနတ္တ ပါတကား)


မှတ်ချက် = ကျေးဇူးတော်ရှင်ဓမ္မစေတီဆရာတော် ဦးကောသလ္လ အဘိဓမ္မာစာပေမှရေးသားတင်ပြပါသည်။


      • ဉာဏ်ရရှိလာနိုင်တယ်။
   ဗုဒ္ဓ ၏ ဗုဒ္ဓဝါဒ (အရှင်ကောဝိဒ(ယော))

အကျိုးကြီးသော သညာ(၇)မျိုး ရဟန်းတို့ ဤမှတ်သားမှု သညာခုနှစ်မျိုးတို့ကို ပွားများအပ်၊ ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးအာနိသင် ကြီးမားကုန်၏။ နိဗ္ဗာန်လျှင် တည်ရာရှိကုန်၏။ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။ အဘယ်(၇)မျိုးတို့နည်းဟူမူ - (၁) မတင့်တယ်ဟု မှတ်သားမှု အသုဘသညာ (၂) သေခြင်း၌မှတ်သားမှု မရဏသညာ (၃) စားဖွယ်၌ ရွံစရာဟု မှတ်သားမှု အာဟာရေပဋိကူလသညာ (၄) လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု မှတ်သားမှု သဗ္ဗလောကေ အနဘိရတိသညာ (၅) မမြဲဟုမှတ်သားမှု အနိစ္စသညာ (၆) မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု အနိစ္စေ ဒုက္ခသညာ (၇) ဆင်းရဲခြင်း၌ အစိုးမရ အနတ္တဟု မှတ်သားမှု ဒုက္ခေ အနတ္တသညာ တို့တည်း။ (သတ္တကနိပါတ်၊ မဟာယညဝဂ်၊ ပထမသညာ သုတ်)


           ဒေါက်တာမင်းတင်မွန် ရေး ဖားအောက်တောရမိတ်ဆက် မှ သစ်သီးဆရာတော်၏

အနန္တစကြဝဠာ သတ္တဝါတို့အား မေတ္တာပို့

အထက်သို့ အဘဂ်တိုင်အောင်၊ အောက်သို့ အဝီစိတိုင်အောင် ထက်ဝန်းကျင်မှ အနန္တစကြဝဠာမြေ၌ ကျက်စားကြကုန်သော အကြင်သတ္တဝါတို့သည် ရှိ၏။ ထိုသတ္တဝါတို့သည် (ချမ်းသာကြပါစေကုန်သတည်း)၂ အထက်သို့ အဘဂ်တိုင်အောင်၊ အောက်သို့ အဝီစိတိုင်အောင် ထက်ဝန်းကျင်မှ အနန္တစကြဝဠာရေ၌ ကျက်စားကြကုန်သော အကြင်သတ္တဝါတို့သည် ရှိ၏။ ထိုသတ္တဝါတို့သည် (ချမ်းသာကြပါစေကုန်သတည်း)၂ အထက်သို့ အဘဂ်တိုင်အောင်၊ အောက်သို့ အဝီစိတိုင်အောင် ထက်ဝန်းကျင်မှ အနန္တစကြဝဠာကောင်းကင်၌ ကျက်စားကြကုန်သော အကြင်သတ္တဝါတို့သည် ရှိ၏။ ထိုသတ္တဝါတို့သည် (ချမ်းသာကြပါစေကုန်သတည်း)၂

           သစ်သီးဆရာတော်၏

၁။ နာမရူပ ပရိစ္ဆေဒဉာဏ် ပွားနည်း

   ဖောက်ပြန်တတ်သော သဘောတရားတို့သည် ရုပ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။

အာရုံကိုယူတတ်သော သဘောတရားတို့သည် နာမ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ငါ ဧကန် မဟုတ်ကုန်ပါတကား။ (တစ်နည်းကား) မသိတတ်သော သဘောတရားတို့သည် ရုပ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ သိတတ်သော သဘောတရားတို့သည် နာမ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ငါ ဧကန် မဟုတ်ကုန်ပါတကား။ (နာမရူပ ပရိစ္ဆေဉာဏ်ဖြင့် သက္ကာယဒိဋ္ဌိ ကိုပယ်၏) ၂။ ပစ္စယ ပရိဂ္ဂဟဉာဏ် ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃

   ရုပ်နာမ်တို့သည် အမှန်ကို မသိတတ်သော အဝိဇ္ဇာကြောင့် ဖြစ်ကုန်ပါတကား။

ရုပ်နာမ်တို့သည် တပ်မက်သော တဏှာကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် စွဲလန်းသော ဥပါဒါန်ကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ စသော အကြောင်းတရားတို့ကြောင့် ဖြစ်ကုန်ပါတကား။


(ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ကံကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် စိတ်ကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ဥတုကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် အာဟာရကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ စသော အကြောင်းတရားတို့ကြောင့် ဖြစ်ကုန်ပါတကား။


၃။ သမ္မသန ဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ယခုဖြစ်၊ ယခုပျက်၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာဖြစ်၊ ယခုများစွာပျက်၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ဖြစ်၊ မရေမတွက်နိုင်အောင်ပျက်၍ နေကုန်ပါတကား။ (အနိစ္စသမ္မသနဉာဏ်)


(ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ယခုဆင်းရဲ၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာဆင်းရဲ၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ဆင်းရဲ၍ နေကုန်ပါတကား။ (ဒုက္ခသမ္မသနဉာဏ်)


(ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ယခုအသုံးမကျ၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာများစွာအသုံးမကျ၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်အသုံးမကျ၍ နေကုန်ပါတကား။ (အနတ္တသမ္မသနဉာဏ်) (သမ္မသနဉာဏ်ဖြင့် သမူဟဂါဟ ကို ပယ်၏)


၄။ ဥဒယဗ္ဗယဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ဖြစ်ပျက်၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာဖြစ်ပျက်၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ဖြစ်ပျက်၍ နေကုန်ပါတကား။ (ဥဒယဗ္ဗဉာဏ်ဖြင့် ဥစ္ဆေဒဒိဋ္ဌိ၊ သဿတဒိဋ္ဌိ တို့ကိုပယ်၏)


၅။ ဘင်္ဂဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ပျက်စီး၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာပျက်စီး၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ပျက်စီး၍ နေကုန်ပါတကား။ (ဘင်္ဂဉာဏ်ဖြင့် သဿတဒိဋ္ဌိ ကိုပယ်၏)


၆။ ဘယဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့သည် ကြောက်မက်ဖွယ်ဘေးရန်ကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် များစွာကြောက်မက်ဖွယ်ဘေးရန်ကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် မရေမတွက်နိုငအောင်ကြောက်မက်ဖွယ်ဘေးရန်ကြီးပါတကား။ (ဘယဉာဏ်ဖြင့် အဘယဉာဏ်ကိုပယ်၏)


၇။ အာဒီနဝဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့သည် အပြစ်စုကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် များစွာများစွာအပြစ်စုကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်အပြစ်စုကြီးပါတကား။ (အာဒီနဝဉာဏ်ဖြင့် အဿာဒသညာ ကိုပယ်၏)


၈။ နိဗ္ဗိဒါဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့သည် ငြီးငွေ့ဖွယ်ကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် များစွာငြီးငွေ့ဖွယ်ကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ငြီးငွေ့ဖွယ်ကြီးပါတကား။ (နိဗ္ဗိဒါဉာဏ်ဖြင့် သပီတိကတဏှာ ကိုပယ်၏)


၉။ မုဉ္စိ တုကမျတာဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့မှ လွတ်ခြင်းငှာ အလိုဆန္ဒကြီးရှိပါတကား။ ပျက်စီးသောရုပ်နာမ်တို့မှ လွတ်ခြင်းငှာ များစွာအလိုဆန္ဒကြီးရှိပါတကား။ ပျက်စီးသောရုပ်နာမ်တို့မှ လွတ်ခြင်းငှာ မရေမတွက်နိုင်အောင်အလိုဆန္ဒကြီးရှိပါတကား။ (မုဉ္စိ တုကမျတာဉာဏ်ဖြင့် အမုဓိတုကာမဘာဝ ကိုပယ်၏)


၁၀။ ပဋိသင်္ခါဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့သည် အမြဲမရှိစွတကား။ ပျက်စီးသောရုပ်နာမ်တို့သည် ဆင်းရဲစွတကား။ ပျက်စီးသောရုပ်နာမ်တို့သည် အသုံးမကျစွတကား။ (ပဋိသင်္ခါဉာဏ်ဖြင့် မောဟကို ပယ်၏)


၁၁။ သင်္ခါရုပေက္ခာဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် မချစ်အပ်၊ မမုန်းအပ်ပါတကား။ ရုပ်နာမ်တို့ကို ချစ်/မုန်းလျှင် ဆင်းရဲဒုက္ခကြီး ရောက်ရမည် မှန်ပါတကား။ ရုပ်နာမ်တို့ကို မချစ်/မမုန်းလျှင် နိဗ္ဗာန်ချမ်းသာကြီး ရောက်ရမည် မှန်ပါတကား။ (သစ်သီးဆရာတော်ကြီး၏ ဉာဏ်စဉ် ၁၁ ပါး ပွားနည်း ပြီး၏)

သဗ္ဗေ သင်္ခါရာ အနိစ္စာ

 




သဗ္ဗေ သင်္ခါရာ အနိစ္စာ

ဒီနှစ်မကုန်ခင်တော့ကျွန်တော်နှလုံးသွင်းနိုင်ဖို့

ကြိုးစားရတော့မယ်


သင်္ခါရတရား 

ငယ်ငယ်ထဲကသေချင်းတရားကို

အလွန်အမင်းကြောင်တက်လွန်းလို့

နှလုံးသွင်းနိုင်ဖို့ကြိုးစားခဲ့ပါတယ်


၁၉၉၇၊၁၉၉၈ ကျောက်မြောင်းစရောက်ထဲက

ဘုရားကျောင်းကန်နဲ့အလှမ်းဝေးခဲ့ရပြီး

လူမိုက်ဖြစ်ခဲ့တာပါ


ဒီအသက်အရွယ်ရမှ ၂၀၂၁ အာဏာထိမ်းတာထက် 

ပိုပြီးကြောက်ဖို့ကောင်းတာက အနိစ္စတရားမှန်း 

ပြီးခဲ့တဲ့လထဲက သိလိုက်ရတာပါ


သူလဲသတ္တဝါ ကျွန်တော်လဲသတ္တဝါဆိုတဲ့ အသိတရားလက်ကိုင်ထားပေမယ့် တကယ်တမ်းသောကနဲ့ ကြုံတွေ့လာရရင် ကျွန်တော်ပြိုလဲသွားရတာပါပဲ


ဘဝအဆက်ဆက်က ကုသိုလ်ကံကြောင့် ကလေးတွေနဲ့ဆုံစည်းခဲ့ရပေမယ် ကျွန်တော်အတွက့် ရေစက်ကတကယ်ကိုနည်းလွန်းလှပါတယ် 


မနေ့ညထဲက ကလေးအသက်ရှင်နိုင်ဖို့ မလွယ်နိုင်ဘူးလို့ စိတ်ဒုံးဒုံးချထားပေမယ့် တကယ်တမ်းသူအသက်မဲ့သွားတော့ ကျွန်တော်ဖြေဆယ်လို့မရပါဘူး


ဘဝမှာပထမဆုံး ထွက်သက်တစ်ခုက ကျွန်တော့်လက်ပေါ်မှာတင် ချုပ်ငြိမ်းသွားရတာပါ သူသွားခါနီး ကျွန်တော်ဘေးမှာ လာအိပ်နေခဲ့ပေးတာ


အပူတကာ အပူထဲမှာ သံယောဇဉ်ဆိုတဲ့အပူက လောင်မြှိုက်စွမ်းအားကြီးလွန်းလှပါတယ်ဗျာ


ကလေးတွေအကုန်လုံး ဘဝသံသရာမှာ ဘုန်းကြီးလို့ အသက်ရှည်ပါစေလို့ဆုတောင်းပေးရင်း နောင်ကြုံတွေ့ရမယ့် သောကတွေအတွက် သဗ္ဗေ သင်္ခါရ အနိစ္စာကို နှလုံးသွင်းနိုင်ဖို့ ကြိုးစားအားထုတ်ရပါတော့မယ်။


🙏🙏🙏🙏🙏


Baby Pan Lone

#15.05.2021 - #22.08.2021

ရာသီပြောင်းချိန် (ကာဗာ) ဆေးစက်

ညသန်းခေါင်ကျော်လဲ
အခုလိုမျိုး
ပလပ်ကျွတ်တက်ပါသည်
Cus  ကျွန်တော်က 
ကျွန်တော်ဖြစ်နေလို့ပါဗျ..

😁😁😁


အသည်းကွဲတယ်ဆိုတာ

 



ကျွန်တော့်လိုကောင်နဲ့ level လာညှိလို့ကတော့ ခင်ဗျားတစ်ယောက် စိတ္တဇဆေးရုံရောက်ဖို့ ၁၀၀% သေချာသွားပါပြီ..


အလုပ်ကလေးကပါးတော့ stress ကနည်းနေတယ် September မွေးနေ့အတွက် ပိုက်ဆံနည်းနေတဲ့ကြားက Guess watch လဲမှာထားပြီပြီဆိုတော့ ရေလည်သာယာနေတာဗျ..


အဲ့ဒီတော့ ​ေ_ာက်သည်းကွဲချင်လာရော ဟိုကဖြင့် ဖုတ်လေတဲ့ငါးပိတောင်မရှိဘူး သူ့ခမျာသူ့အလုပ်နဲ့တင် မအားရတာ ရှိဖို့လဲမမြင်ပါဘူး..


ဒါနဲ့ပဲ ကိုယ့်ဘာသာ ​ေ_ာက်သည်းကွဲပြီး Feel နေတော့တာပါပဲ ကျွန်တော်ဆိုတဲ့ကောင်က ယောကျင်္ားဆိုရင် မင်းခယောကျင်္ားဖြစ်လာမှာဗျ မိန်းမဆိုတော့လဲ သုံးယောက်မလိုပါဘူး တစ်ယောက်ထဲနဲ့  ဆလံသနေရတဲ့သူပါ..


အခုအချိန်မှာ အပုလေးရော ဘွားတော်ကိုရော ခေါင်းထဲမရှိတော့ပါဘူး ၇လပြည့်တော့မယ် ဘာမှဖြစ်လာတာမှ မဟုတ်တာ ကျွန်တော်တောင် သူဌေးကောင်းလို့ ထမင်းနပ်မှန်အောင်စားနေရတာ ( အဲ့လိုအချိန်မှာတောင် Guess ဝယ်လိုက်သေးတယ်ဗျ မဝယ်ပေးရင် အဲ့ဒီကောင်က  ​​ေ_ာက်ရူးထအုန်းမှာ )


Monday to Saturday အလုပ်သွားမယ် Sunday ကို အိမ်မှာခွေမယ် ပိုးတွေ့နည်းသွားရင် အပြင်ထွက်လည်မယ် နှစ်ကုန်ရင် ခရီးသွားမယ် ညဘက်တိုင်း ခင်ဗျား Wall ပေါ်ဝင်ကြည့်ရင်း Feel မယ် တခါတလေ  ​ေ_ာက်သည်းကွဲမယ် ဒါပါပဲ..


ကျွန်တော့်အတွက်တော့ ရိုးရှင်းပါတယ် အဲ့ဒါကြောင့် level လာမညှိပါနဲ့ ခင်ဗျားရူးသွားနိုင်ပါတယ်။



အသည်းကွဲတယ်ဆိုတာ

အရူးလိုပဲကွာ

အရူးလိုပဲလား

အသည်းကွဲတယ်ဆိုတာ


😞😞😞

ဘေဘီဝလုံး

 









ရှင်ကွဲကွဲရတဲ့ ဒုက္ခထက် သေကွဲကွဲရတဲ့ သောကက ပိုပြီးလောင်မြှိုက်တယ်ဆိုတာ ခင်ဗျားနားလည်မှာ မဟုတ်ပါဘူး..


ဘေဘီဝလုံး

15_05_2021 - 6_08_2021


စနေသားလေးတစ်ယောက် ဘဝကူးသွားရတာ ကျွန်တော်ရင်နာနေရပါပြီဗျာ..



မနေ့ညက သူအရမ်းမောနေလို့ နေသာအောင်လို့ တက်နိုင်သမျှ စောင့်ရှောက်ပေးနေတယ် တညလုံးလဲ စိတ်ချလက်ချမအိပ်ရဲဘူး ကလေးတစ်ခုခုဖြစ်မှာ ကြောက်တဲ့စိတ်က လူကိုကြီးစိုးနေတာ ညလည်လောက်မှာ မျက်လုံးလေးပြန်ပွင့်လာလို့ အားဆေးရည်တောင် ထတိုက်ထားပါတယ်..



ဒီီီီီမနက်မျက်လုံးလေးပွင့်လို့ သူ့ကိုအိပ်ယာပေါ်မှာမထားဘဲ လှောင်အိမ်​မှာသေချာပြင်ပြီး ထားမယ်လုပ်တော့ မျက်ရည်တွေလဲ့နေတာနဲ့ အလုပ်မသွားခင် ၁၀နာရီခွဲအထိ  အိပ်ယာပေါ်မှာထားပြီး အရိပ်တကြည့်ကြည့် လုပ်ခဲ့ပါတယ်..



အလုပ်ကိုမဖြစ်မနေသွားရပေမယ့် အိမ်ရှိလူကုန် အဖေ၊အမေ၊အောင်ခန့် အကုန်းလုံးကို သေချာဂရုစိုက်ဖို့ မှာခဲ့ပါတယ် သွားခါနီးတောင် သူ့နှာခေါင်းလေးကိုနမ်းတော့ အရင်လိုတွန်းထုတ်လိုက်သေးတယ်..




ညကဆိုရင် အသက်ရှုနေတာကလွဲရင် နမ်းတာတောင်မှ တုပ်တုပ်မလှုပ်ရှာဘူးလေ အခုတော့ ကျွန်တော်မမြင်ကွယ်ရာအရပ်ကို ထွက်သွားပြီဗျာ..



ခင်ဗျားအတွက် အဟိတိရိစ္ဆာန်ဆိုပေမယ့် ကျွန်တော့်အတွက် လူသားတစ်ယောက်လိုပါပဲ သူ့အဖေနဲ့အမေ စရောက်လာတဲ့ ၃လကျော်ထဲက အရိပ်တကြည့်ကြည့်နဲ့ နေလာခဲ့ရတာပါ..



တပတ်သားလောက်သာ ဘာမှန်းမသိပေမယ့် အမွှေးအရောင်လေးတွ စပြီးထွက်လာထဲက  လုံးကစ်နေလို့ ဝလုံးဆိုပြီး ကျွန်တော်နာမည်ပေးထားတာ..


ကျွန်တော်ကြောင့် ၂လသားအရွယ်မှ သူ့အမေပျောက်သွားရတယ် တစ်လကျော်ထဲက ခွဲထားတော့ အမေပျောက်တာ မသိရှာဘူး အမေပျောက်ပြီး မကြာဘူး သူ့ညီမ အိပ်ပုတ်လေး နေမကောင်းဖြစ်ပြီး ဆုံးသွားတယ် မနက်လင်းအားကြီးထကြည့်တော့ ကလေးကအသက်မရှိတော့ဘူး ဝလုံးတစ်ယောက် ယောက်ယက်ခတ်နေတယ်..


အိပ်ပုတ်ဆုံးပြီး ဝလုံးလေးနေမကောင်းဖြစ်တာနဲ့ အမေက သူ့အဖေနာမည်ဖြူလုံးကိုယူပြီး ဘေဘီဖြူလုံးနာမည်ပြောင်းလိုက်တယ် သူ့အဖေလိုကျန်းမာအောင်လို့ ကလေးကသက်သာလာတယ်..



ကလေးက အရမ်းနုမှန်းသိလိုက်ရတော့ သူ့ကိုပိုဂရုစိုက်တယ် မနေ့မနက်က ကလေးကမလန်းဘူး နေမကောင်းမှန်းသိပေမယ့် သေချာဂရုမစိုက်လိုက်မိဘူး အဲ့ဒါကြောင့် အခုရင်နာနေရပြီဗျာ..



မနေ့ကအလုပ်ကပြန်လာတော့ အကျီတောင်မလဲနိုင်ဘူး သူနဲ့တချိန်လုံးနေပေးနေတာ ထမင်းစားတာ​တောင် အိပ်ယာပေါ်မှာပဲ စားလိုက်တယ်..


ညဘက်ကျတော့လဲ မှန်ကန်ထဲမထည့်ရဲဘူး သူတစ်ခုခုဖြစ်မှာ စိုးရိမ်စိတ်နဲ့ ကလေးကိုခေါ်သိပ်တယ် ၂နာရီလောက်ကျတော့ သူ့အိပ်ယာကနေ မွေ့ယာပေါ်ဆင်းလာပြီး ယိုင်နဲ့နဲ့လျှောက်သွားနေတယ် အားဆေးရေတိုက်ပြီး အိပ်ပျော်သွားရင် သူ့ပိမှာကြောက်လို့ တဖက်ကပ်ပြီး နိုးတဝက်စိတ်နဲ့ အိပ်နေတယ်..



ကိုယ်ပေါ်တက်ပြီး ကုတင်ပေါ်ကဆင်းမယ်ပြင်တိုင်း သူ့အိပ်ယာထဲ ပြန်ထည့်ပေးတယ် ဖြတ်ကနဲနိုးလို့ အိပ်ယာထဲမှာမရှိရင် အသည်းအသန်ရှာရတယ် အိပ်ရင်မီးဖွင့်ဖို့မပြောနဲ့ တံခါးခဏဖွင့်ရင်တောင် မကြိုက်တဲ့လူက ကလေးဇောနဲ့ တညလုံးမီးဖွင့်အိပ်တယ်..



မနက်နိုးလို့ မျက်လုံးလေးဖွင့်လာ​တော့ ပျော်တဲ့အပျော်က ငါ့ကလေး ဒီတောင်ကိုကျော်နိုင်ပြီလို့ စိတ်မချရငေးမှန်းသိပေမယ့် ထားသွားမယ်မှန်း မသိပါဘူး တကယ်လို့သာ သူသွားမယ်မှန်းသိခဲ့ရင် ကျွန်တော်အလုပ်မသွားပါဘူးဗျာ..



၁၂နာရီကျော်တခါ ၂နာရီတစ်ခါ ၄နာရီကျော်တစ်ခါ ဖုန်းတက်မေးပါတယ် ကလေးသက်သာရဲ့လား နို့ကိုဇွန်းလေးနဲ့တိုက်နော် စိုသွားရင် အအေးပတ်မှာစိုးလို့ တစ်ရှုးနဲ့သေချာသုတ်နော် အိပ်နေတယ်ပြောလို့ နှိုးပြီးနို့တိုက်ပေးနော်..



၆နာရီမှ ပြန်လာရလို့ ကလေးဘယ်လိုနေလဲ ဗုံးပေါက်လို့လမ်းတွေပိတ်ထားတော့ အိမ်ကိုဖွင့်တဲ့လမ်းကနေ ပတ်ပြန်နေတယ် အိမ်ကိုဖုန်းထပ်ဆက်ပါသေးတယ်..



အမောမပြေပါဘူး အိမ်ရောက်တော့ လက်ဆေးပြီး ကလေးကိုရှာတော့ မတွေ့ဘူး မေးတော့မှ ဆုံးသွားပြီတဲ့ အလုပ်ထဲမှာဖြစ်လို့ မပြောတာပါ..



သူတစ်ကယ်ထွက်သွားမယ်မှန်း သိခဲ့ရင် ကျွန်တော် ဘယ်မှမသွားပါဘူးဗျာ..။


သားရေ ဘဝဆက်တိုင်း ဘဝဆက်တိုင်း ဘုန်းကြီးလို့ အသက်ရှည်ပါစေ ဝလုံးရယ်။


🙏🙏🙏🙏🙏