ဘေဘီဝလုံး
15_05_2021 - 6_08_2021
စနေသားလေးတစ်ယောက် ဘဝကူးသွားရတာ ကျွန်တော်ရင်နာနေရပါပြီဗျာ..
မနေ့ညက သူအရမ်းမောနေလို့ နေသာအောင်လို့ တက်နိုင်သမျှ စောင့်ရှောက်ပေးနေတယ် တညလုံးလဲ စိတ်ချလက်ချမအိပ်ရဲဘူး ကလေးတစ်ခုခုဖြစ်မှာ ကြောက်တဲ့စိတ်က လူကိုကြီးစိုးနေတာ ညလည်လောက်မှာ မျက်လုံးလေးပြန်ပွင့်လာလို့ အားဆေးရည်တောင် ထတိုက်ထားပါတယ်..
ဒီီီီီမနက်မျက်လုံးလေးပွင့်လို့ သူ့ကိုအိပ်ယာပေါ်မှာမထားဘဲ လှောင်အိမ်မှာသေချာပြင်ပြီး ထားမယ်လုပ်တော့ မျက်ရည်တွေလဲ့နေတာနဲ့ အလုပ်မသွားခင် ၁၀နာရီခွဲအထိ အိပ်ယာပေါ်မှာထားပြီး အရိပ်တကြည့်ကြည့် လုပ်ခဲ့ပါတယ်..
အလုပ်ကိုမဖြစ်မနေသွားရပေမယ့် အိမ်ရှိလူကုန် အဖေ၊အမေ၊အောင်ခန့် အကုန်းလုံးကို သေချာဂရုစိုက်ဖို့ မှာခဲ့ပါတယ် သွားခါနီးတောင် သူ့နှာခေါင်းလေးကိုနမ်းတော့ အရင်လိုတွန်းထုတ်လိုက်သေးတယ်..
ညကဆိုရင် အသက်ရှုနေတာကလွဲရင် နမ်းတာတောင်မှ တုပ်တုပ်မလှုပ်ရှာဘူးလေ အခုတော့ ကျွန်တော်မမြင်ကွယ်ရာအရပ်ကို ထွက်သွားပြီဗျာ..
ခင်ဗျားအတွက် အဟိတိရိစ္ဆာန်ဆိုပေမယ့် ကျွန်တော့်အတွက် လူသားတစ်ယောက်လိုပါပဲ သူ့အဖေနဲ့အမေ စရောက်လာတဲ့ ၃လကျော်ထဲက အရိပ်တကြည့်ကြည့်နဲ့ နေလာခဲ့ရတာပါ..
တပတ်သားလောက်သာ ဘာမှန်းမသိပေမယ့် အမွှေးအရောင်လေးတွ စပြီးထွက်လာထဲက လုံးကစ်နေလို့ ဝလုံးဆိုပြီး ကျွန်တော်နာမည်ပေးထားတာ..
ကျွန်တော်ကြောင့် ၂လသားအရွယ်မှ သူ့အမေပျောက်သွားရတယ် တစ်လကျော်ထဲက ခွဲထားတော့ အမေပျောက်တာ မသိရှာဘူး အမေပျောက်ပြီး မကြာဘူး သူ့ညီမ အိပ်ပုတ်လေး နေမကောင်းဖြစ်ပြီး ဆုံးသွားတယ် မနက်လင်းအားကြီးထကြည့်တော့ ကလေးကအသက်မရှိတော့ဘူး ဝလုံးတစ်ယောက် ယောက်ယက်ခတ်နေတယ်..
အိပ်ပုတ်ဆုံးပြီး ဝလုံးလေးနေမကောင်းဖြစ်တာနဲ့ အမေက သူ့အဖေနာမည်ဖြူလုံးကိုယူပြီး ဘေဘီဖြူလုံးနာမည်ပြောင်းလိုက်တယ် သူ့အဖေလိုကျန်းမာအောင်လို့ ကလေးကသက်သာလာတယ်..
ကလေးက အရမ်းနုမှန်းသိလိုက်ရတော့ သူ့ကိုပိုဂရုစိုက်တယ် မနေ့မနက်က ကလေးကမလန်းဘူး နေမကောင်းမှန်းသိပေမယ့် သေချာဂရုမစိုက်လိုက်မိဘူး အဲ့ဒါကြောင့် အခုရင်နာနေရပြီဗျာ..
မနေ့ကအလုပ်ကပြန်လာတော့ အကျီတောင်မလဲနိုင်ဘူး သူနဲ့တချိန်လုံးနေပေးနေတာ ထမင်းစားတာတောင် အိပ်ယာပေါ်မှာပဲ စားလိုက်တယ်..
ညဘက်ကျတော့လဲ မှန်ကန်ထဲမထည့်ရဲဘူး သူတစ်ခုခုဖြစ်မှာ စိုးရိမ်စိတ်နဲ့ ကလေးကိုခေါ်သိပ်တယ် ၂နာရီလောက်ကျတော့ သူ့အိပ်ယာကနေ မွေ့ယာပေါ်ဆင်းလာပြီး ယိုင်နဲ့နဲ့လျှောက်သွားနေတယ် အားဆေးရေတိုက်ပြီး အိပ်ပျော်သွားရင် သူ့ပိမှာကြောက်လို့ တဖက်ကပ်ပြီး နိုးတဝက်စိတ်နဲ့ အိပ်နေတယ်..
ကိုယ်ပေါ်တက်ပြီး ကုတင်ပေါ်ကဆင်းမယ်ပြင်တိုင်း သူ့အိပ်ယာထဲ ပြန်ထည့်ပေးတယ် ဖြတ်ကနဲနိုးလို့ အိပ်ယာထဲမှာမရှိရင် အသည်းအသန်ရှာရတယ် အိပ်ရင်မီးဖွင့်ဖို့မပြောနဲ့ တံခါးခဏဖွင့်ရင်တောင် မကြိုက်တဲ့လူက ကလေးဇောနဲ့ တညလုံးမီးဖွင့်အိပ်တယ်..
မနက်နိုးလို့ မျက်လုံးလေးဖွင့်လာတော့ ပျော်တဲ့အပျော်က ငါ့ကလေး ဒီတောင်ကိုကျော်နိုင်ပြီလို့ စိတ်မချရငေးမှန်းသိပေမယ့် ထားသွားမယ်မှန်း မသိပါဘူး တကယ်လို့သာ သူသွားမယ်မှန်းသိခဲ့ရင် ကျွန်တော်အလုပ်မသွားပါဘူးဗျာ..
၁၂နာရီကျော်တခါ ၂နာရီတစ်ခါ ၄နာရီကျော်တစ်ခါ ဖုန်းတက်မေးပါတယ် ကလေးသက်သာရဲ့လား နို့ကိုဇွန်းလေးနဲ့တိုက်နော် စိုသွားရင် အအေးပတ်မှာစိုးလို့ တစ်ရှုးနဲ့သေချာသုတ်နော် အိပ်နေတယ်ပြောလို့ နှိုးပြီးနို့တိုက်ပေးနော်..
၆နာရီမှ ပြန်လာရလို့ ကလေးဘယ်လိုနေလဲ ဗုံးပေါက်လို့လမ်းတွေပိတ်ထားတော့ အိမ်ကိုဖွင့်တဲ့လမ်းကနေ ပတ်ပြန်နေတယ် အိမ်ကိုဖုန်းထပ်ဆက်ပါသေးတယ်..
အမောမပြေပါဘူး အိမ်ရောက်တော့ လက်ဆေးပြီး ကလေးကိုရှာတော့ မတွေ့ဘူး မေးတော့မှ ဆုံးသွားပြီတဲ့ အလုပ်ထဲမှာဖြစ်လို့ မပြောတာပါ..
သူတစ်ကယ်ထွက်သွားမယ်မှန်း သိခဲ့ရင် ကျွန်တော် ဘယ်မှမသွားပါဘူးဗျာ..။
သားရေ ဘဝဆက်တိုင်း ဘဝဆက်တိုင်း ဘုန်းကြီးလို့ အသက်ရှည်ပါစေ ဝလုံးရယ်။
🙏🙏🙏🙏🙏
No comments:
Post a Comment