အချိန်

 အတိတ်က 

ကျွန်တော်ကိုလဲ

သတိမရဘူး


အတိတ်က

ခင်ဗျားကိုလဲ

မလွမ်းဘူး


But

ကျွန်တော်သတိရနေတယ်


ပစ္စုပ္ပန်က နာမမရှိတဲ့

တစ်စုံတစ်ယောက်ကို။


လူတစ်ယောက်က အရာရာအားလုံးကို လွှတ်ချလိုက်ရင် အဆင်ပြေသွားလား


ကျွန်တော် အဖြေက No ပါ 


ဆုပ်ကိုင်ထားတုန်းကလဲ နာကျင်ရသလို လွှတ်ချလိုက်တဲ့အချိန်မှာလဲ ရိုက်ခတ်မှုရှိပါတယ်


ကျွန်တော်အရာအားလုံးကို လွှတ်ချပြီးပါပြီ ရိုက်ခတ်မှုကတော့ အတိုင်းအတာတစ်ခုပေါ့ဗျာ။


ဆက်ရန်

မနက်ဖြန်

 ခင်ဗျားက 

ပန်းကောက်သူတစ်ယောက်

မဟုတ်ခဲ့သလို


ကျွန်တော်ကလဲ

ပင်ယံထက်က

ကြွေကျတဲ့မြေခပန်းတစ်ပွင့်

မဖြစ်ခဲ့ရပါဘူး


လေအဝှေ့မှာ

ခင်ဗျားလက်တစ်စုံနဲ့

ဆုံတွေ့ချင်ခဲ့မိတာ

ကျွန်တော်ဆန္ဒပါ


ဒီလိုနဲ့ပဲ

သံယောဇဉ်ဆိုတဲ့

အရာတစ်ခုကို

မဆုပ်ကိုင်ခင်မှာ

ကျွန်တော်လွှတ်ချခဲ့မိတာ

ကျွန်တော်မှားလား။


သောင်စဉ်ရေမရအတွေးတွေနဲ့ အရုံတက်တော့မယ် ဒီလိုနဲ့ တစ်မိုးသောက်​ပြန်တော့မယ်


ဘဝဆိုတာ ဘာလဲလို့ ခပ်ပေါ့ပေါ့မမေးချင်တော့ပါဘူး ပြင်းရှရှဘရန်ဒီတစ်ခွက်ထက်တော့ ပိုမယ်ထင်ပါတယ်


မနက်ဖြန်ဆိုတာကို ပွေ့ဖက်နိုင်ဖို့ ကျွန်တော်ကြိုးစားပါအုန်းမယ်။


ဆက်ရန်

အသက်လေးဆယ်

 




အရင်နှစ်တုန်းက ဒီအချိန်ရောက်ရင် ကမ်းခြေတစ်ခုသွားပြီး မိုးမိုးရဲ့ အသက်၄၀သီချင်း အော်ဆိုပြီး

၈ရက်နေ့ကို အပီအပြင်ကဲမယ်လို့ စိတ်ကူးထားတာပါ အကြောင်းကြောင်းကြောင့် ရန်ကုန်မြို့ပြင်မရောက်တာတောင် ၂နှစ်ပြည့်ပါတော့မယ်


စည်းတွေဘောင်တွေနဲ့နေလာတာ ခေါက်ရိုးကြိုးနေပြီဖြစ်တဲ့အတွက် စည်းအပြင်ဘက်ထွက်ကြည့်ပါမယ့် 

စည်းအပြင်မှာ ကြာကြာမနေတက်သူဖြစ်တဲ့အတွက် ကျွန်တော့်ကိုကျွန်တော် စိတ်ချလက်ချရှိပါတယ်


လူ့သက်တမ်းတဝက် ကျော်လာပြီဖြစ်တဲ့အတွက် လူတွေကို အားနာပြီးတော့ ဟန်ဆောင်ပြီးတော့ ပေါင်းသင်းဆက်ဆံဖို့က  ကျွန်တော့်အတွက် တကယ်ကိုခက်ခဲသွားပါပြီ အဲ့ဒါကြောင့် အရှိအတိုင်းပြချပြလိုက်တယ် ရလဒ်က ကောင်းကောင်းဆိုးဆိုး စိတ်သန့်ဖို့က အဓိကကျပါတယ်..




အဖေကလူတစ်ဖက်သား အကူအညီတောင်းလာခဲ့ရင် ပက်စာခွာဖျာသိမ်းတဲ့အထိ အကူအညီပေးတက်သူပါ အမေကလဲ လူတစ်ဖက်သားကို အလွန်အမင်းအားနာတက်သူ 


အဖေနဲ့အမေ့သွေးပါတော့ ကျွန်တော်လဲလူတစ်ဖက်သားကို တော်တော်လေးအားနာတက်သလို အကူအညီလဲပေးတက်ပါတယ် ဒါပေမယ့် ကျွန်တော့်ပင်ကိုယ်ဗီဇက Limite ရှိတဲ့အတွက် ကန့်သတ်ချက်ကျော်ရင်တော့ ဘယ်သူ့ကိုမှ (တကယ်ကို) အားမနာတက်ပါဘူး


ကျွန်တော့်ကို အကူအညီတစ်ခုပေးဘူးတယ်ဆို အဲ့ဒီလူတစ်ယောက်အတွက် အကူအညီဆယ်ခု ပြန်ပေးဖို့ ဝန်မလေးသလို အကူအညီပြန်ပေးဖို့ကိုလဲ အမြဲတမ်းတွေးထားတက်သူပါ


ဥပမာဗျာ လူတစ်ယောက်က ကျွန်တော်အကူအညီတောင်းလို့ ၁၀၀ကူညီပေးထားရင် အဲ့ဒီလူကို ၁,၀၀၀ပြန်ကူညီပေးဖို့ ကျွန်တော့်ဘက်ကနေ စိတ်ရောကိုယ်ပါ အဆင်သင့်ပြင်ထားပြီးသား အဲ့ဒါကဆွေမျိုး၊သူစိမ်းမရွေး လူတိုင်းအတွက်ပါဗျ


ချွင်းခြက်တော့ရှိတယ်ဗျ ၁,၀၀၀ ဖိုးပြန်ကူညီဖို့ ဆန္ဒထက်သန်ပေမယ့် ဈေးဆစ်ပြီး ၁,၀၀၁ ဖိုး ပြန်ကူညီပေးပါလား ပြောလာခဲ့ရင် ဟန်ဆောင်ပန်ဆောင်နဲ့တောင် ၁,၀၀၁ ဖိုး  ကျွန်တော်ကူညီပေးပါမယ်လို့ မပြောတက်တဲ့လူပါ ကျွန်တော်စေတနာရှိတာက ၁,၀၀၀ ဖိုးလေဗျ


 ၁,၀၀၀ ဖိုးတောင်ကူညီမှာပဲ ၁ကျပ်လေးကို ခင်ဗျား မြင်လားမေးလာခဲ့ရင် ကျွန်တော်မြင်တယ်ဗျ အဲ့ဒါ ကျွန်တော့်ဗီဇ ကျွန်တော့် Limite လူပီသလွန်းတဲ့ ကျွန်တော်ရဲ့ အမှောင်ဘက်အခြမ်းပေါ့ဗျာ..



ဘာရယ်မဟုတ်ပါဘူး ဒီနေ့က လူ့သက်တမ်း တစ်ဝက်ကို ၃နှစ်နီးပါးကျော်တဲ့နေ့ဖြစ်လို့

ဒီအချိန်အထိ မရင့်ကျက်သေးဘူးလားဆိုတဲ့ အမေးကိုမျက်နှာခြင်းဆိုင် မေးချင်သော်လည်း ပိဿာလေးဘေးပြစ် စကားလုံးတွေနဲ့  ပြန်ဖြေခြင်းခံရမှာကို မလိုလားလို့ မမေးရဲတဲ့ မေးချင်နေတဲ့ တချို့တချို့လူတွေအတွက်ရေးပေးလိုက်တာပါ 


လူတစ်ယောက်ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ သူဖြတ်သန်းလာတဲ့ပတ်ဝန်းကျင်

သူ့အတွေးအခေါ်နဲ့ပဲ ဆိုင်ပါတယ် ခင်ဗျားတို့နဲ့ နည်းနည်းမျှမသက်ဆိုင်ဘူးဗျ 


သူ့လုပ်ရက်က လူသားတစ်ယောက်ရှိသင့်တဲ့ ကျင့်ဝတ်တွေကို စောင့်ထိမ်းလား ချိုးဖောက်လားဆိုတာပဲ ခင်ဗျားတို့အလေးထားရမှာပါ ခင်ဗျားတို့အပေါ်သက်ရောက်မှုရှိမှာပါ


လူရယ်လို့ဖြစ်လာပြီပဲ လူသားတစ်ယောက်ထမ်းဆောင်ရမယ့် ကျင့်ဝတ်တွေက အဲ့ဒီလူတစ်ယောက်အတွက် လူပီသမှုအတွက် စံနှုန်းသူ့သမိုင်းမှာ ကမ္ဗည်းထိုးမယ့် စကားလုံးတွေပါ/.


ဒီနေ့ဒီအချိန်အထိ ဘယ်သူဘယ်သူ့အပေါ်မှာ မျှ (ခြွင်းချက်​ 2011 က လူတစ်ယောက်တော့မပါဘူးဗျာ) ကျွန်တော်အမှားမလုပ်ခဲ့မိလို့ ကျွန်တော့်သမိုင်းကိုကျွန်တော် ကမ္ဗည်းထိုးဝင့်တဲ့ လူပါခင်ဗျာ။


🙏🙏🙏🙏🙏


September လ မွေးနေ့ရောက်တိုင်း Guess ဝယ်ပေးမယ်ဆိုပြီး ဒီကောင့်ကို ပုံပြောလာတာ နှစ်တော်တော်ကြာပါပြီ 



September ရောက်တိုင်း ပိုက်ဆံမပြည့်တော့လို့ Guess အစား ပစ်တိုင်းထောင်ပဲ ဝယ်ပေးပြီး နှစ်သိမ့်ခဲ့တာလား တော်တော်များနေပါပြီ ဒီနှစ်တော့ ကိစ္စတော်တော်များများ အဆင်မပြေတဲ့ကြားက ကျွန်တော်ပစ်တိုင်းထောင်ရော Guess ရော ဝယ်ပေးလိုက်ပါတယ် ( အထင်မကြီးပါနဲ့ဗျ ဒီအချိန်မှာ လူတိုင်းကိုယ်လိုသူလို အဆင်မပြေတဲ့ လူတွေကြီးပါပဲ 50% off မို့လိုလဲ မှာပေးလိုက်တာပါ ကျွန်တော်ဆိုတဲ့လူမှာ အရာတိုင်းအတွက် Limited ဆိုတာရှိပါတယ်ဗျာ )



ဒီကောင်ပျော်နေရင် ကျွန်တော့်ကမ္ဘာကြီးအေးချမ်းနေတဲ့အတွက် သူပျော်ဖို့ တကယ်ကို အရေးကြီးပါတယ် သူစိတ်ညစ်နေရင် ကျွန်တော်ဒုက္ခလှလှ ရောက်ရပါတယ်ဗျာ။



#💚💚💚HappyBirthday,KSW!💚💚💚


#8thSeptember2021!🌼🌼


#လုပ်ချင်တာလုပ်ပြီးသွားရင်အလှဆုံးပြုံးနေတက်သူကြီးမွေးနေ့မှာပျော်ပါစေဗျာ။