မနက်ဖြန်

 ခင်ဗျားက 

ပန်းကောက်သူတစ်ယောက်

မဟုတ်ခဲ့သလို


ကျွန်တော်ကလဲ

ပင်ယံထက်က

ကြွေကျတဲ့မြေခပန်းတစ်ပွင့်

မဖြစ်ခဲ့ရပါဘူး


လေအဝှေ့မှာ

ခင်ဗျားလက်တစ်စုံနဲ့

ဆုံတွေ့ချင်ခဲ့မိတာ

ကျွန်တော်ဆန္ဒပါ


ဒီလိုနဲ့ပဲ

သံယောဇဉ်ဆိုတဲ့

အရာတစ်ခုကို

မဆုပ်ကိုင်ခင်မှာ

ကျွန်တော်လွှတ်ချခဲ့မိတာ

ကျွန်တော်မှားလား။


သောင်စဉ်ရေမရအတွေးတွေနဲ့ အရုံတက်တော့မယ် ဒီလိုနဲ့ တစ်မိုးသောက်​ပြန်တော့မယ်


ဘဝဆိုတာ ဘာလဲလို့ ခပ်ပေါ့ပေါ့မမေးချင်တော့ပါဘူး ပြင်းရှရှဘရန်ဒီတစ်ခွက်ထက်တော့ ပိုမယ်ထင်ပါတယ်


မနက်ဖြန်ဆိုတာကို ပွေ့ဖက်နိုင်ဖို့ ကျွန်တော်ကြိုးစားပါအုန်းမယ်။


ဆက်ရန်

No comments: