Again


 

ဒီအသက်အရွယ်မှာ အခုလောက်အထိ စိတ်ဓါတ်ကျဖို့ မသင့်ဘူးဆိုတာ နားလည်ထားပါတယ်

ဒါပေမယ့်လည်း ကျွန်တော်စိတ်ဓါတ်တော်တော်လေး ကျနေမိပါတယ်။



အရာအားလုံးကို ပစ်ထားခဲ့ပြီး ဒီဘဝကြီးကိုပါ စွန့်သွားချင်နေမိပါတယ် 



ဘယ်လောက်တောင် စိတ်ဓါတ်ကျနေလည်းဆိုရင် ခင်ဗျားဆိုတဲ့ လူတစ်ယောက်ကိုတောင် မေ့သွားနိုင်လောက်တဲ့အထိ စိတ်ဓါတ်ကျနေမိတာပါ



မြစ်ကမ်းနားဘေးသွားပြီး စိတ်လွတ်လက်လွတ် ငိုချင်ပေမယ့်လည်း ရန်ကုန်ဆိုတဲ့မြို့ကြီးက မြစ်တောင်မှ လွတ်လပ်ခွင့်မရှိတာဗျာ 



Just 92 days လူ့သက်တမ်း ၄၀နဲ့တွက်ရင် ဒီရက်ပိုင်းလေးကခဏတာပါပဲ ဒီရက်ပိုင်းလေးကို နည်းမျိုးစုံနဲ့ တောင့်ခံနေရမှာပါ



လူရယ်လို့စဖြစ်လာထဲက ငိုကြွေးလာရတာပဲဗျာ လူ့သက်တမ်းတလျှောက်အတွက် ငိုကြွေးရမှာက ဓမ္မတာပါပဲ



ပစ်တိုင်းထောင်ရုပ်တွေ ဘယ်လောက်ပဲ ဝယ်ပေးပေမယ့် လောကဓံနဲ့ ကြုံတွေ့လာရရင် ကျွန်တော်ငိုရတာပါပဲ ငိုကြွေးဖို့တောင် အားမရှိတဲ့ ဒီလိုအချိန်မျိုးတွေကို ထပ်ပြီး မကြုံရပါစေနဲ့ဗျာ။



Down

အဆင်မပြေဘူးဗျာဆိုပြီးတော့

ခင်ဗျားရင်ခွင်တိုးဝင်ချင်ပေမယ့်

မဖြစ်နိုင်တာဗျာ..


သတိရတယ်ဗျာလို့

ခင်ဗျားမျက်နှာကိုငေးကြည့်ရင်း

ပြောချင်ပေမယ့်

ဟိုး အဝေးကြီးမှာပါဗျာ..



တချို့ချစ်ခြင်းတွေက

တချို့အလွမ်းတွေက

ကျွန်တော့်အတွက်

ကန့်သတ်ချက်ရှိတယ်။



#4.04.2022




ဒီ post ကို 4.04.2022 မှာ publish လုပ်ပြီးမှ draft ပြန်လုပ်ထားတာပါ မနေ့ကအလုပ်မှာ တော်တော်လေး depression ဝင်ထားတော့ ဒီနေ့ကို အလုပ်မသွားနိုင်ဘူး 



ညနေဘက်ကျမှ online ဝင်ဖြစ်ရင်း ခင်ဗျား online ဖြစ်နေတာကို ခဏခဏဝင်ကြည့်မိတယ် စိတ်ရောလူရောပင်ပန်းနေတော့ ခင်ဗျားကို ကျွန်တော်ပိုပြီးတော့သတိရနေတယ်ဗျာ သတိရတယ် လို့ စာရိုက်ပြီးမှ ပို့မလို့အတွက် ချီတုံချတုံဖြစ်နေရတာပါ



ဒါပေမယ့် မပို့ဖြစ်ပါတော့ဘူးဗျာ ကြပ်မပြည့်တဲ့လူလို့လည်း ကျွန်တော်အပြောမခံနိုင်ပါဘူး တစ်လပြည့်တာတောင် အခုအထိကို ခင်ဗျားနဲ့ပတ်သတ်ရင် ကျွန်တော့်

ခံစားချက်တွေက အသားမကျသေးပါဘူးဗျာ



လူကပင်ပန်းနေတော့ အသားကျဖို့လည်း တကူးတကကြီး မကြိုးစားပါတော့ပါဘူး ခင်ဗျားအပေါ် ဖြစ်ပေါ်လာတဲ့ ခံစားချက်ဆိုတာကြီးကို ကျွန်တော်မှ ထိန်းချုပ်လို့ မရတာဗျာ



ကျွန်တော်ကိုကျွန်တော် စိတ်ချမ်းသာအောင် 

ထားနိုင်တဲ့ တနေ့ကျမှ ခင်ဗျားအနားကို 

ပြန်လာခဲ့ပါမယ်ဗျာ။


#6.04.2022