Again


 

ဒီအသက်အရွယ်မှာ အခုလောက်အထိ စိတ်ဓါတ်ကျဖို့ မသင့်ဘူးဆိုတာ နားလည်ထားပါတယ်

ဒါပေမယ့်လည်း ကျွန်တော်စိတ်ဓါတ်တော်တော်လေး ကျနေမိပါတယ်။



အရာအားလုံးကို ပစ်ထားခဲ့ပြီး ဒီဘဝကြီးကိုပါ စွန့်သွားချင်နေမိပါတယ် 



ဘယ်လောက်တောင် စိတ်ဓါတ်ကျနေလည်းဆိုရင် ခင်ဗျားဆိုတဲ့ လူတစ်ယောက်ကိုတောင် မေ့သွားနိုင်လောက်တဲ့အထိ စိတ်ဓါတ်ကျနေမိတာပါ



မြစ်ကမ်းနားဘေးသွားပြီး စိတ်လွတ်လက်လွတ် ငိုချင်ပေမယ့်လည်း ရန်ကုန်ဆိုတဲ့မြို့ကြီးက မြစ်တောင်မှ လွတ်လပ်ခွင့်မရှိတာဗျာ 



Just 92 days လူ့သက်တမ်း ၄၀နဲ့တွက်ရင် ဒီရက်ပိုင်းလေးကခဏတာပါပဲ ဒီရက်ပိုင်းလေးကို နည်းမျိုးစုံနဲ့ တောင့်ခံနေရမှာပါ



လူရယ်လို့စဖြစ်လာထဲက ငိုကြွေးလာရတာပဲဗျာ လူ့သက်တမ်းတလျှောက်အတွက် ငိုကြွေးရမှာက ဓမ္မတာပါပဲ



ပစ်တိုင်းထောင်ရုပ်တွေ ဘယ်လောက်ပဲ ဝယ်ပေးပေမယ့် လောကဓံနဲ့ ကြုံတွေ့လာရရင် ကျွန်တော်ငိုရတာပါပဲ ငိုကြွေးဖို့တောင် အားမရှိတဲ့ ဒီလိုအချိန်မျိုးတွေကို ထပ်ပြီး မကြုံရပါစေနဲ့ဗျာ။



No comments: