ရန်ကုန်မြို့ကနေ ၇၇၈မိုင်ဝေးတဲ့ နေရာမှာရှိတဲ့
ခင်ဗျားလေးကို ကျွန်တော်တွေ့ခွင့်ရဖို့က
ဘုရားပေးတဲ့ ဆုလာဘ်ကြီးပါဗျာ။
အဲ့ဒီဆုလာဘ်ကြီးကို ကျွန်တော်စိတ်ကူးယဉ်နေမိတာ အရူးတစ်ယောက်လိုပေါ့ဗျာ..
ဇော်ဝင်းထွဋ်ရဲ့ တနေ့ကို အကျယ်ကြီး အော်ဆိုရမလား..
ဂျီလတ်ရဲ့ ကြိုနေစေချင်တယ်ကိုပဲ Feel အပြည့်နဲ့ ဆိုရမလား..
ဒါမှမဟုတ် မျိုးကြီးရဲ့ မင်းရှိတဲ့မြို့ကိုပဲ အသားကုန်ဟစ်ရမလား..
ဒီအချိန်မှာ ကျွန်တော်အတွက် အတားအဆီးမှန်သမျှဟာ မြူမှုန်လိုပါပဲဗျာ
ခင်ဗျားဆိုတဲ့ လူတစ်ယောက်ရဲ့ မျက်နှာလေးကို တွေးမိလိုက်ယုံနဲ့တင် ကျွန်တော်မသိလိုက်မိချိန်မှာ အလိုလို ပြုံးလိုက်မိတာကြီးပဲဗျာ
So so
ဒါကြောင့် ခင်ဗျားရှိတဲ့မြို့စီ..
Bae! I'm not a wanna be seeing you. I will be seeing you soon cuz I haven't patients for any things.
Ps:
Public လုပ်ပြီးသား post ကို 15ရက်နေ့က draft ထဲထည့်ပြီးမှ ဒီနေ့ပြန်တင်လိုက်တာပါ။
ကျွန်တော့်အကျင့်က လူတစ်ဖက်သားကို ဆက်ပြီးဖက်တွယ်ဖို့ အားမရှိတော့ဘူးဆိုရင် အရှုံးပေးလိုက်တာပါပဲ
နောင်တမရှိအောင် ၁နှစ်ကျော် ကပ်တွယ်နေခဲ့ပြီးပါပြီ ဒါပေမယ့်လည်း..
လူတစ်ယောက်အပေါ် ကျွန်တော်ဘယ်လောက်မှီတွယ်ပြီး ဘယ်လောက်အထိဖက်တွယ်ခဲ့သလဲဆိုတာ အဲ့ဒီလူအသိဆုံးပါဗျာ
But
တချို့တွေအတွက် ကျွန်တော့်မေတ္တာတရားက စီးကရက်တစ်လိပ်လောက်တောင်မှ
တန်ဘိုးမရှိခဲ့ပါဘူးဗျာ။
#18.06.2022
No comments:
Post a Comment