ချစ်သော

 



ခင်ဗျားကို ရည်ရွယ်ပြီးရေးခဲ့တဲ့ မှတ်စုကို 

ချစ်သောလို့ ကျွန်တော့်ဘာသာ နာမည်ပေးထားခဲ့တာပါ အဲ့ဒီစာစုလေးတွေကိုပဲ Blog မှာ အမှတ်တရ 

တင်ထားမှာပါ ခွင့်တောင်းခြင်းမရှိဘဲ တင်မိတဲ့အတွက် ခွင့်လွှတ်ပါဗျာ..။




ချစ်သောဆိုတာ လူတစ်ယောက်ကို 

ကျွန်တော့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလိုမျိုး 

အဆုံးမရှိတွယ်တာမိခဲ့တဲ့အတွက် အမြတ်တနိုး 

တန်ဘိုးထားပြီး ကျွန်တော်ပေးခဲ့တာပါ

ဗျာ..



23.06.2022


ခင်ဗျားခေါင်းက ဆံပင်ဖြူကနေစပြီးတော့
ခင်ဗျားဖြေဝါးအောက်က မြေမှုန်အထိ
အခုအချိန်အထိတိုင်
ကျွန်တော် မြတ်နိုးတန်ဘိုးထားပါတယ်..


ဒါပေမယ့်
နည်းနည်းမှ * * *လို့ မရပါလားဆိုတဲ့
ရင့်ရင့်သီးသီးစကားကို
နောက်တစ်ကြိမ် နားထောင်နိုင်ဖို့အတွက်
ကျွန်တော်အင်အားမရှိတော့ပါဘူးဗျာ။



26.06.2022


ကျွန်တော်က အချစ်ကြီးလွန်းတော့ ခင်ဗျားကို 

အနှောက်အယှက်ပေးမိသလို ဖြစ်သွားခဲ့ရင် 

ခွင့်လွှတ်ပါဗျာ

အသက်၄၀ မိန်းမတစ်ယောက်ရဲ့ အဆုံးသတ်နားခိုရာက ခင်ဗျားဖြစ်နေခဲ့လို့ပါ


ခင်ဗျားပြောခဲ့တဲ့ စကားလုံး ရင့်ရင့်သီးသီးတွေအတွက် ကျွန်တော်ခံစားခဲ့ရပေမယ့် ခင်ဗျားရဲ့ဝေးရာမှာနေဖို့ကိုတော့ ကျွန်တော်တကယ်ကြောက်မိပါတယ်


ခင်ဗျား ကျွန်တော့်ကို ခံစားချက်ရှိတယ်ဆိုတဲ့ အသိကလေးကလည်း ကျွန်တော်နာကျင်တာတွေကို ကုစားပေးပါတယ်


ချစ်တယ် ကျွန်တော်ရောက်နေတဲ့နေရာက 

မှားနေမှန်းသိရက်နဲ့ ခင်ဗျားကို ချစ်တဲ့စိတ်က 

ကျွန်တော့်ကိုယ်ကျွန်တော် ရပ်လို့မရ


နောင်တမရှိအောင် ကျွန်တော့်ခံစားချက်တွေကို 

ခင်ဗျားအပေါ်  ပုံအောပြီးဆက်ချစ်သွားမှာပါ 

အိုမင်းသွားတဲ့အချိန်ထိတိုင်အောင်

ကျွန်တော်ကျေနပ်နေမိမှာ။



26.06.2022


ချစ်တယ်ဆိုတာထက်
စိတ်ဝင်စားတယ်
သံယောဇဉ်ပိုတယ်

သံယောဇဥ်ပိုတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကျွန်တော်နာကျင်ခဲ့ရသမျှတွေ ပြေပျောက်ခဲ့ရပါပြီ
ခင်ဗျားကို နောက်ဆုံးအချိန်အထိတိုင် 

ကျွန်တော်ချစ်သွားမှာပါ။



27.06.2022


ခင်ဗျားကိုတွေ့ရဖို့ (၃၄)ရက်ပဲလိုတော့တယ် 

ကျွန်တော်တော်တော်လေး ပျော်နေမိတယ်ဗျာ
ဒီနေ့လည်း လူကအလုပ်လုပ်နေရက်သားနဲ့ 

စိတ်ကခင်ဗျားစီရောက်နေတယ်


ကျွန်တော်ကိုတွေ့ရင် ခင်ဗျားဘယ်လို သဘောထားမလဲဆိုတာလည်း သိချင်နေတယ် 

ကျွန်တော်ကို ကြိုဆိုမှာလား ငြင်းဆန်မှာလားဆိုတာ 

အဲ့ဒီအချိန်မှ သိရမှာလေ ကျွန်တော်တော်တော်လေး စိတ်လှုပ်ရှားမိနေတာတော့ အမှန်ပါပဲဗျာ။


၁နှစ်ကျော်တာတောင် ခင်ဗျားကို ချစ်တဲ့စိတ်က 

လျော့မသွားဘူးဗျာ။



28.06 2022


ဘဝမှာလိုချင်တာ တော်တော်များများ 

ကျွန်တော်ပိုင်ဆိုင်ခွင့်မရခဲ့ပါဘူး ဒါပေမယ့် 

ခင်ဗျားကိုတွေ့ဆုံခွင့်ရခဲ့တာလည်း ဘုရားပေးတဲ့ဆုလာဘ်ပါပဲ

 
အဲ့ဒီလက်ဆောင်ကို အခုအချိန်ကစပြီးတော့
ကျွန်တော်ပိုပြီးတော့ တန်ဘိုးထားပါမယ်ခင်ဗျာ။


12:17am


လွမ်းတယ်ဗျာ ခင်ဗျားရင်ခွင်ထဲတိုးဝင်ပြီးတော့ 

ခပ်တင်းတင်းဖက်ထားချင်မိတယ်

ကျွန်တော်ပိုင်ဆိုင်ခွင်မရှိမှန်း သိနေပေမယ့်လည်း ခင်ဗျားကို ခဏလေးဖြစ်ဖြစ် ပိုင်ဆိုင်ချင်တယ်


ခင်ဗျားကိုသဘောကျနေတဲ့ မိန်းကလေးတွေအများကြီးပါ ကျွန်တော်ကအဲ့ဒီထဲက တစ်ယောက်

ဖြစ်ကောင်းဖြစ်ခဲ့မှာပါ


ခင်ဗျားကိုတွေ့ခွင့်ရတာလည်း ဘုရားပေးတဲ့

ဆုလာဘ်ပါဗျာ။


10:20pm



29.06.2022


ကျွန်တော့်အသက်အရွယ်နဲ့ အခုဖြစ်နေတာနဲ့က
မဖြစ်သင့်ဘူးဆိုတာ နားလည်ထားပေမယ့်
ခင်ဗျားကို ချစ်တဲ့စိတ်နဲ့ပတ်သက်လာရင် 

ဖြစ်လာသမျှ အရာအားလုံးကို ရင်ဆိုင်ဖို့

အသင့်ပါပဲဗျာ


ခင်ဗျားထိခိုက်မယ့် ကိစ္စကိုတော့ ကျွန်တော်

ရှောင်ကျဥ်ပါမယ် ကျွန်တော့်ချစ်ခြင်းက 

ခင်ဗျားကိုငြိတွယ်ခဲ့မိလို့ ကျွန်တော့်အတွက် ဘယ်လောက်ပဲပူလောင်နေပါစေ 


ခင်ဗျားကို အေးချမ်းစေချင်တာ 

ကျွန်တော့်စိတ်ရင်းအမှန်ပါဗျာ။


12:23am



30.06.2022


ဒိုးလုံးရဲ့ ရွှေလက်တွဲသီချင်းနားထောင်ရင်း 

ကျွန်တော်အတ္တနည်းနည်းကြီးမိပါတယ်



အဲ့ဒီလူနဲ့ပဲ ရွှေလက်တွဲ

အဲ့ဒီလူနဲ့ပဲ ပျော်ပါကွယ်

ဘုရားသွား၊ကျောင်းတက် 

ကောင်းမြတ်ပါစေကွယ်..



အဲ့ဒီဆုလေး ကျွန်တော်ပြည့်ပါစေလို့ 

ဆုတောင်းမိပါတယ်။


10:01pm



3.07.2022


စကားတစ်ခွန်းကို အကြိမ်ကြိမ်ပြောရရင်
စိတ်ကုန်တယ်
ရတယ်လို့ပြောရတာ ၆ ကြိမ်ရှိပြီ
ဒါ နောက်ဆုံးပြောတာ



အရင်ကတော့ အဲ့လိုမျိုးအပြောခံရရင် 

ဝမ်းနည်းပြီးတော့ ကျွန်တော်ဘာမှ 

ပြန်​မပြောတော့ပါဘူး


အခုတော့ ဝမ်းနည်းသွားပေမယ့် ခင်ဗျားမကြိုက်တဲ့ over emotion တွေကို အတက်နိုင်ဆုံး 

မပြောမိအောင် ဆင်ခြင်ပါမယ်ခင်ဗျာ 

ကျွန်တော်ကမှ ခင်ဗျားဆိုတဲ့ လူတစ်ယောက်ကို 

သေမတက်ချစ်နေမိတာကိုဗျာ။


3:02pm



Ps: ဒီ post တင်ခဲ့လို့ ခင်ဗျားအပေါ် သက်ရောက်မှုလေး 1% ရှိခဲ့ရင်တောင် Draf ထဲ မသိမ်းဘဲ ဖျက်ပြစ်ပါမယ်ဗျာ ကျွန်တော့်ချစ်ခြင်းကြောင့် ခင်ဗျားမထိခိုက်စေဖို့က ကျွန်တော့်မေတ္တာပါ။





ချစ်ခြင်းရဲ့ကဗျာ - ကိုအောင်

ချစ်သော


 


အရာရာတိုင်းအပေါ် အကောင်းမြင်စိတ်ကလေး ထားလိုက်ပါတယ်..



အစလည်းကိုယ် အဆုံးလည်းကိုယ်ပဲ လုပ်ခဲ့တာဖြစ်တဲ့အတွက် အဆိုးမြင်စိတ်ကို အတက်နိုင်ဆုံး သွေဖယ်ထားလိုက်ပါတယ်



လူတိုင်း ကိုယ်မှမဟုတ်တဲ့အတွက် ဘယ်မှာလာပြီး ကိုယ်ချင်းစာပေးနိုင်မှာလည်းဗျာ



လက်ခုတ်တီးမယ့်သူတွေကိုရော ဟားတိုက်ရယ်မယ့်သူတွေကိုရော အသာအယာလေး ငေးကြည့်နေလိုက်ပါတော့တယ်



ခင်ဗျားတို့ကို အပြစ်ဆိုဖို့နေနေသာ ကျွန်တော်တောင် ဘာမှန်းမသိလိုက်ရတဲ့ သူပါဗျာ



သေချာတာတစ်ခုက အကျိုးတရားတစ်ခုမှာ အကြောင်းတရားတစ်ခု ရှိပါတယ်ဆိုပြီး ရသေ့စိတ်ဖြေစိတ်ကလေးကို အားတင်းပြီးမွေးလိုက်ပါတယ်



ကျွန်တော်ဆိုတဲ့လူမှာ ရှေ့မှာလည်းကျော နောက်မှာလည်းကျောပဲရှိလို့ ကျွန်တော့်ကိုယ်ကျွန်တော်မှ နှစ်သိမ့်မပေးနိုင်ရင် ဝင်သက်ကလေး ရပ်တန့်သွားမှာပေါ့ဗျာ



ကံကြမ္မာကြီးက ကျွန်တော့်ကို အကောင်းမြင်စိတ်ကလေးနဲ့ လူကြီးဖြစ်ခွင့် ပေးတယ်ဆိုတာကို ကျေကျေနပ်နပ် လက်ခံပေးလိုက်ပါတယ်။



ကပ် တစ်မျိုးပါ နင့်ကိုချစ်ရတာ 


ဝဋ် ဒုက္ခကြီးလှချည်လား


နင် ငါ့ကို ရက်စက်တာ..



23.06.2022


ခင်ဗျားခေါင်းက ဆံပင်ဖြူကနေ စပြီးတော့
ခင်ဗျားဖြေဝါးအောက်က မြေမှုန်အထိ
အခုအချိန်အထိတိုင်
ကျွန်တော် မြတ်နိုး တန်ဘိုးထားပါတယ်..




3Days




72နာရီ 

I must be obey your order.



Goodnight Bae! ဆိုတဲ့ ပြောနေကျ စကားလေးကို


မနှုတ်ဆက်ရဘဲ အိပ်ရတာ ကျွန်တော့်ခန္ဓာကိုယ်က


 အစိတ်အပိုင်းတစ်ခု ပျောက်သွားသလိုပဲဗျာ..




အဲ့ဒီလိုပဲ 


Morning Bae! ဆိုပြီး တနေ့တာကို အစပြုဖို့ 


ခင်ဗျားရဲ့ ဂရုစိုက်ပါဆိုတဲ့ စကားလေးမကြားရတာလဲ


ကျွန်တော့်အတွက် လုပ်ငန်းခွင်ဝင်ဖို့အတွက် 


တော်တော်လေး အားတင်းထားရပြန်တယ်..



အလုပ်ကပြန်ရောက်တိုင်း online status လေးမြင်တိုင်း 


ခင်ဗျားလေးစီ စာပို့ချင်တဲ့ စိတ်လေးကို မနည်းထိန်းချုပ်ထားရတယ်ဗျာ..



နောက်ထပ် 36နာရီဆိုတာကို တော်တော်လေးသည်းခံပြီး စောင့်ရအုန်းမယ့် ကျွန်တော့်ကိုယ်ကျွန်တော် နည်းနည်းတော့ သနားမိပါတယ်..




ချစ်တက် လွန်းသူကြီးနဲ့


မချစ်ရက်တော့သူ တစ်ဦး


ဒီသံသရာမှာ တည့်တည့်ကြီးကိုတိုး


I miss you, Bae!



 

ထူးအိမ်သင် - ထာဝစဉ် (Audio)

8ရက်မြောက်နေ့ 


ဂရုစိုက်ပါ ဆိုတဲ့ စကားတစ်ခွန်းကြောင့် အလွမ်းတွေ ပြေပျောက်သွားရပါတယ်



ဒါပေမယ့် ကျွန်တော် ခင်ဗျားကို လွမ်းနေမိတုန်းပဲဗျာ



ဘယ်လောက်တောင် သတိရမိနေလဲဆိုရင် အရင်လို Note တောင် ကျွန်တော် မရေးနိုင်ဘူးဗျာ



ထာဝစဥ် ရည်ရွယ်ရာ 

ထာဝစဥ်သာ ပျော်ရွှင်ရာ

မင်းတစ်ယောက်သာ

ငါတမ်းတရာ





မျိုးကြီး - မင်းရှိတဲ့မြို့ (New Version) [Official MV]



ခင်ဗျားရှိတဲ့ မြို့ကနေ ပြန်ဖို့အတွက် ကျွန်တော်မျက်ရည်ကျနေမိတယ်



ယောင်္ကျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက မိန်းမတစ်ယောက် ဖြစ်တည်မှုနဲ့ စပ်ဆက်နေမှန်း သိနေရက်နဲ့ ခင်ဗျားအနားမှာ နောက်ဆုံးထွက်သက်အထိ ရှိနေချင်ခဲ့တာ 


ကျွန်တော်မှားသွားလားဗျာ



ဘဝမှာ အမှားတွေအများကြီး ကျူးလွန်ခဲ့ဘူးပါတယ် သေချာတာတစ်ခုက ခင်ဗျားကို သေမတက်ချစ်မိခဲ့တာ ဆက်ပြီးချစ်နေဖို့အတွက်ကိုတော့ ကျွန်တော်မှားခဲ့တာ မဟုတ်တာ အသေအချာပါပဲဗျာ



By the way.

Bae, မပြန်ခင်ထဲက ကျွန်တော်လွမ်းနေရလို့ ဒီ post ကိုတင်လိုက်တာပါဗျာ။



ချစ်တက်လွန်းသူကြီးနဲ့ 
မချစ်ရက်တော့သူတစ်ဦး
ဒီသံသရာမှာ တည့်တည့်ကြီးကိုတိုး..