ချစ်သော


 


အရာရာတိုင်းအပေါ် အကောင်းမြင်စိတ်ကလေး ထားလိုက်ပါတယ်..



အစလည်းကိုယ် အဆုံးလည်းကိုယ်ပဲ လုပ်ခဲ့တာဖြစ်တဲ့အတွက် အဆိုးမြင်စိတ်ကို အတက်နိုင်ဆုံး သွေဖယ်ထားလိုက်ပါတယ်



လူတိုင်း ကိုယ်မှမဟုတ်တဲ့အတွက် ဘယ်မှာလာပြီး ကိုယ်ချင်းစာပေးနိုင်မှာလည်းဗျာ



လက်ခုတ်တီးမယ့်သူတွေကိုရော ဟားတိုက်ရယ်မယ့်သူတွေကိုရော အသာအယာလေး ငေးကြည့်နေလိုက်ပါတော့တယ်



ခင်ဗျားတို့ကို အပြစ်ဆိုဖို့နေနေသာ ကျွန်တော်တောင် ဘာမှန်းမသိလိုက်ရတဲ့ သူပါဗျာ



သေချာတာတစ်ခုက အကျိုးတရားတစ်ခုမှာ အကြောင်းတရားတစ်ခု ရှိပါတယ်ဆိုပြီး ရသေ့စိတ်ဖြေစိတ်ကလေးကို အားတင်းပြီးမွေးလိုက်ပါတယ်



ကျွန်တော်ဆိုတဲ့လူမှာ ရှေ့မှာလည်းကျော နောက်မှာလည်းကျောပဲရှိလို့ ကျွန်တော့်ကိုယ်ကျွန်တော်မှ နှစ်သိမ့်မပေးနိုင်ရင် ဝင်သက်ကလေး ရပ်တန့်သွားမှာပေါ့ဗျာ



ကံကြမ္မာကြီးက ကျွန်တော့်ကို အကောင်းမြင်စိတ်ကလေးနဲ့ လူကြီးဖြစ်ခွင့် ပေးတယ်ဆိုတာကို ကျေကျေနပ်နပ် လက်ခံပေးလိုက်ပါတယ်။



ကပ် တစ်မျိုးပါ နင့်ကိုချစ်ရတာ 


ဝဋ် ဒုက္ခကြီးလှချည်လား


နင် ငါ့ကို ရက်စက်တာ..



23.06.2022


ခင်ဗျားခေါင်းက ဆံပင်ဖြူကနေ စပြီးတော့
ခင်ဗျားဖြေဝါးအောက်က မြေမှုန်အထိ
အခုအချိန်အထိတိုင်
ကျွန်တော် မြတ်နိုး တန်ဘိုးထားပါတယ်..




No comments: