Myo Gyi မျိုးကြီး _အိပ်မက်မြစ် (Official Music Video)



ကိုမျိုးကြီးသီချင်းနဲ့ လွမ်းရပြန်ပြီပေါ့ဗျာ..

😰

တစ်နေ့တော့


 

အလွမ်း

တမြေ့မြေ့နဲ့လူကိုများ

ကျွမ်းစေသလားကွယ်



ချစ်ခြင်းမုန်းခြင်းအလျင်းမရှိအောင်

စည်းခြားခဲ့ပေမယ့်

နာကျင်ခြင်းရသမှလွန်မြောက်အောင်

ကျွန်တော်မစွမ်းနိုင်ခဲ့ပါ



တနေ့ 

အဲ့ဒီတစ်နေ့တော့ ခင်ဗျားကိုသတိရခြင်းမှ

လွတ်မြောက်နိုင်မယ်ထင်ပါတယ်။



#1stJune2023


အတိတ်




 

၃၀ရက်နေ့ ညခင်းထဲက သည်းသည်းမည်းမည်းရွာနေတဲ့မိုးက ၃၁ရက်နေ့ မနက်ခင်းတိုင်အောင် မမောသေးဘူးဗျာ..



ရာသီဥတုကြောင့် သာမာန်လူတောင် လွမ်းသရောင် 

ဆွေးသရောင် ဖြစ်နိုင်တဲ့အချိန်မှာ 

အဆွေးဓါတ်ခံရှိပြီးသား ကျွန်တော်အတွက်ကတော့

မနှစ်ကဒီအချိန်ကို ပြန်ရောက်သွားပြီး တမ်းတမ်းတတ

လွမ်းမိပြန်ပါတယ် 



အခုအခါမှာ တစ်ယောက်နဲ့တစ်ယောက် 

သက်ဆိုင်မှုအလျင်းမရှိတော့ပေမယ့် အတိတ်ကို 

ပြန်သတိရမိတဲ့အချိန်တိုင်း ကျွန်တော်တကယ်ကို လွမ်းဆွတ်မိပါတယ်



တစ်ညတာခိုလှုံခွင့်ရဘူးတဲ့ ခင်ဗျားရင်ခွင်ကို အမှတ်ရနေရင်း ခင်ဗျားတစ်ယောက် အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် အန္တရာယ်ကင်းပြီး ဘေးဘရာတွေကနေလည်း ကင်းဝေးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်



တချို့တွေ့ဆုံမှုတွေက ကွေ့ကွင်းခြင်းရဲ့ 

အစဆိုတာကို ကျွန်တော်တစ်ယောက်

သတိမမူခဲ့မိတာပါ..