အတိတ်




 

၃၀ရက်နေ့ ညခင်းထဲက သည်းသည်းမည်းမည်းရွာနေတဲ့မိုးက ၃၁ရက်နေ့ မနက်ခင်းတိုင်အောင် မမောသေးဘူးဗျာ..



ရာသီဥတုကြောင့် သာမာန်လူတောင် လွမ်းသရောင် 

ဆွေးသရောင် ဖြစ်နိုင်တဲ့အချိန်မှာ 

အဆွေးဓါတ်ခံရှိပြီးသား ကျွန်တော်အတွက်ကတော့

မနှစ်ကဒီအချိန်ကို ပြန်ရောက်သွားပြီး တမ်းတမ်းတတ

လွမ်းမိပြန်ပါတယ် 



အခုအခါမှာ တစ်ယောက်နဲ့တစ်ယောက် 

သက်ဆိုင်မှုအလျင်းမရှိတော့ပေမယ့် အတိတ်ကို 

ပြန်သတိရမိတဲ့အချိန်တိုင်း ကျွန်တော်တကယ်ကို လွမ်းဆွတ်မိပါတယ်



တစ်ညတာခိုလှုံခွင့်ရဘူးတဲ့ ခင်ဗျားရင်ခွင်ကို အမှတ်ရနေရင်း ခင်ဗျားတစ်ယောက် အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် အန္တရာယ်ကင်းပြီး ဘေးဘရာတွေကနေလည်း ကင်းဝေးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်



တချို့တွေ့ဆုံမှုတွေက ကွေ့ကွင်းခြင်းရဲ့ 

အစဆိုတာကို ကျွန်တော်တစ်ယောက်

သတိမမူခဲ့မိတာပါ..






No comments: