အချစ်


 

ဒီလမ်းကမှားနေတယ်ဆိုတာ ကျွန်တော်သိနေပေမယ့် 

ဒီလမ်းကိုပဲ ဆက်လျှောက်မိနေတုန်းပါပဲ..



အလုပ်ကပြန်ရောက်ပြီဆိုတာနဲ့ viber ကိုဖွင့်ထားပြီး ခင်ဗျားများ online ဖြစ်နေမလားလို့ ဝင်ကြည့်ရတာ ကျွန်တော့်ဝတ္တရားတစ်ခုပါပဲ



အဲ့ဒီအကျင့်ကြောင့်ပဲ မကြာခဏဆို viber call ဝင်သွားရတာပါပဲ သတိမထားမိလို့ ခေါ်ခဲ့မိတဲ့ viber call ကြောင့်ထပ်ပြီးတော့ ဘယ်နှစ်ကြိမ်မှန်းမသိ ကျွန်တော်ဖက်တွယ်မိပြန်တယ်



ဦးနှောက်က နင်မှားနေတယ်လို့ ဘယ်နှစ်ကြိမ်ပြောနေပေမယ့် နှလုံးသားက နည်းနည်းလေးမျှ လက်မခံနိုင်ဘူးဗျာ 



ခင်ဗျားစီက emoji လေး တစ်ခုလက်ခံရတာတောင် ကျွန်တော်ပျော်သွားရတဲ့ အပျော်က တော်တော်လေးကိုကြီးမားပါတယ်



လူတစ်ယောက်ကိုသာ ဗဟိုပြုပြီး ကမ္ဘာတစ်ခုလို လည်ပတ်တဲ့ ကျွန်တော်ခံစားမှုက ဒီဘဝတင်မဟုတ်ဘဲ နောင်ဘဝအထိများ အထုံပါနေမလားဗျာ 



ချစ်တယ် sex ကိစ္စတစ်ခုထဲအတွက် မဟုတ်ဘဲ မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက် ရည်းစားတစ်ယောက် ချစ်သူတစ်ယောက် အစ်ကိုတစ်ယောက် ခင်ပွန်းတစ်ယောက်လို ခံစားချက်မျိုးနဲ့ ခင်ဗျားကို ကျွန်တော်ချစ်ခဲ့ရတာပါ



တနေ့နေ့ တချိန်ချိန်တော့ နေရစ်ခဲ့ရမှာကို သိနေပေမယ့် လက်ရှိအချိန်ကိုပဲ ကျွန်တော်လက်ခံထားပါရစေ 



မှားမှန်းသိနေပေမယ့်လည်း နှလုံးသားရဲ့ လိုအင်အတိုင်း ကျွန်တော်နေပါရစေ။



22nd Sep 2023

10:00pm







 ရန်ကုန်မှာ မိုးအေးနေတော့

ခင်ဗျားရှိတဲ့အရပ်မှာ မိုးကောင်းနေမလားလို့

စိတ်ပူမိပြန်တယ်


သက်ဆိုင်မှုအလျှင်းမရှိစေရလို့

ခံယူထားပေမယ့်

ကျွန်တော်စိုးရိမ်မိပြန်တယ်။


9:55pm

11th Sep 2023







ညကခင်ဗျားကို ရူးရူးမူးမူး အတော်လေးသတိရမိတယ်

မိန်းမတန်မယ့် ဝန်ခံရရင် 18+ လည်းကြည့်မိတယ် မကောင်းဘူးဆိုတာ သိနေပေမယ့်လည်း



ဒီမနက်လင်းပိုင်းကျတော့ အိမ်မက်မက်ပါတယ် အိမ်မက်ထဲမှာတော့ ခင်ဗျားနဲ့ဘယ့်နှစ်ယောက်မှန်းမမှတ်မိတဲ့အမျိုးသားက သတို့သားတွေ ကျွန်တော်နဲ့မိန်းကလေးသုံးယောက်က သတို့သမီးတွေ



မင်္ဂလာခန်းမထဲဝင်မယ့်အချိန်မှာ သတို့သမီးတစ်ယောက်က အင်္ကျီလဲအလှပြင်ဖို့ ကျွန်တော့်ကိုအလှပြင်တဲ့ အခန်းထဲအဝင်မခံဘူး အိမ်မက်ထဲမှာတောင် ဝမ်းနည်းပက်လက်နဲ့ အဝင်မခံတဲ့ကောင်မလေးကို နင်ကသူ့သတို့သမီးဖြစ်မှာပါ ငါ့ကမဟုတ်ပါဘူးဆိုပြီး ငိုရင်းနဲ့ ကျွန်တော်ထွက်သွားခဲ့တာပါ



အိမ်မက်ထဲမှာတောင် ခင်ဗျားရဲ့ သတို့သမီးမဟုတ်ခဲ့ရဘူးဗျာ တကယ်ဝမ်းနည်းရပါတယ်



မနက်နိုးလာတော့ ဝမ်းနည်းရတဲ့အပြင် မကျေမနပ်ဖြစ်မိပါတယ် အလုပ်သွားဖို့ရေမိုးချိုးအလှပြင်နေတဲ့အချိန်မှာ တချိန်လုံးညီးမိတဲ့သီချင်းက Lဆိုင်းဇီရဲ့ မလွမ်းသေးဘူးမောင်ရယ်



တစ်ပုဒ်လုံးမဆိုဘဲ သီချင်းနှစ်ပိုဒ်ကိုပဲ ကျော်ပြီးဆိမိနေတာ သတိရတဲ့အချိန်မှ ကံကြမ္မာကတောင် ငါ့ကိုဝေးစေပါလားဆိပြီး စိတ်မကောင်းဖြစ်မိပါတယ်..



မဆုံနိုင်တဲ့အကြောင်းလေး

ရှိခဲ့ကြတော့

တနေ့နေ့အသင့်ဖြစ်အောင်

ပြင်ဆင်ပါ့မယ်..



အကြင်နာဇာတ်လမ်းလေး

အလွမ်းပြောင်းရေးဖို့

သွေးနည်းနည်းအေးအောင် 

အချိန်ပေးပါအုံးကွယ်..


9:20pm

12th Sep 2023



အဓိပတိဖွား











 
8th September 2023!



အသက်တစ်နှစ်ကြီးရပြန်ပြီ အခုအချိန်အထိ လောဘ ဒေါသ မောဟတွေကို ဖက်တွယ်မိနေတုန်းပါဘဲ



မနေ့ကတော့ ဘုရားမှာ ဥပုသ်တွေသီလယူနေတာနဲ့ ကြုံခဲ့တော့ ညအိပ်ခါနီး သတိတရားလေးတော့ ဖြစ်မိပါတယ် ငါလည်းအိုနေပြီ သံသရာအထုပ်ပြင်သင့်ပါပြီလို့



တဖက်သားက ဖြတ်ကနဲလွှတ်ချထားခဲ့လို့ ကျွန်တော်ဘက်ကနေ ပြန်ပြီးလွှတ်ချလိုက်ရပေမယ့် မနေ့ကအထိ ဖက်တွယ်မိနေတုန်းပါပဲ



ဒါပေမယ့်လည်း ကျွန်တော်ကောင်းဖို့အတွက် တစ်ဖက်သားကနေ အခုလိုလုပ်ပေးသွားတာလို့ပဲ လက်ခံထားလိုက်ပါတယ်



အရင်နှစ်ဒီအချိန်တုန်းကတော့ လောဘတွေနဲ့ စိန်နားကပ်ပိစိလေး ဝယ်ပေးဖို့ကတိပေးခဲ့ပေမယ့် အသက်ရလာတော့ ပိုပြီးယိုယွင်းလာတဲ့ခန္ဓာကိုယ်ကို စောင့်ရှောက်တာနဲ့တင် ပစ်တိုင်းထောင်ပဲ ဝယ်ပေးလိုက်ပါတယ်


အရင်နှစ်လို့ တစ်စုံမဝယ်ဖြစ်တော့ပဲ ပစ်တိုင်းထောင်အမလေးပဲ ဝယ်လာပါတယ် ကျွန်တော့်ဘဝမှာ မရှိနိုင်တော့လို့ပါ


နားကပ်ကတော့ ဒီနေ့ Fb သုံးရင်းနဲ့ ကြာခွက်လေးပုံတက်လာလို့ ကြိုက်လို့ save ထားလိုက်တာပါ သာမန်လူတန်းစားအဖို့ မရှိဝမ်းဆာ ရှိတန်ဆာဆိုပေမယ့် ဝမ်းစာဖြစ်သွားရတာလည်း အကြိမ်ရေပိုမယ်ထင်ပါတယ်



အရင်နှစ်တွေတုန်းကဆိုရင် စက်တင်ဘာမှာ တစ်ခုတ်တရ စာတွေရေးဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ စာမရေးနိုင်ခဲ့လို့ အမှတ်တရအနေနဲ့ပဲ post တင်လိုက်တာပါ



screen shot ကတော့ ခင်ဗျားနဲ့ပတ်သက်လို့ နောက်ဆုံးအကြိမ် စာပို့ထားတာကို သိမ်းထားလိုက်တာပါ။