Good bye 42nd.

 






၄၂နှစ်မှာကြုံတွေခဲ့ရတဲ့ အဆိုးတွေအကုန်လုံးလွန်မြောက်ရပါစေလို့ ဘုရားရှင်ထံမှာ ကျွန်တော်ဆုတောင်းပါတယ်ခင်ဗျာ။



လူကြီးတစ်ယောက်အဖြစ် အရွယ်ရောက်လာပြီးထဲက လောကဓံကြောင့် ကျွန်တော့်ကြောင့်ကြုံတွေခဲ့ရဘူးတဲ့ အဆိုးတွေထဲမှာမှ ၄၂နှစ်ပြည့်တဲ့ ၈ရက်၊စက်တင်ဘာလ၊၂၀၂၃ခုနှစ်နောက်ပိုင်းထဲက အဆိုးတွေကတဖြေးဖြေးဝင်ရောက်လာတာ ၂၀၂၄ခုနှစ်အစပိုင်းမှာပိုဆိုးလာပြီး ၂၀၂၄ခုနှစ်အလည်ပိုင်းမှာတော့ ကျွန်တော့်ဘဝမှာပြန်သတိမရချင်တဲ့ အချိန်ကာလတွေပါပဲ 



နောင်တစ်ကြိမ်ပြန်ကြုံရမယ်ဆိုရင် ကျွန်တော်တစ်ယောက် လူ့ဘဝကြီးကို လက်လွတ်မိမယ်ထင်ပါတယ်ဗျာ



ကိုအောင်မျိုးသူလွင်ပြောတဲ့ လိပ်ပြာလေးတွေကယ်ခဲ့လို့သာ ဒီတစ်ကြိမ်မှာကျွန်တော်ရှင်သန်ခွင့်ရခဲ့တာပါ 



၂၀၂၄ခုနှစ်၊ဇန်နဝါရီလ၊၂၉ရက်နေ့ လူတစ်ယောက်ရဲ့သိက္ခာတရားကို တမြေ့မြေ့နင်းခြေနေတဲ့ပတ်ဝန်းကျင်ကနေ ရုတ်တရက်ဆိုသလို ကျွန်တော်နှုတ်ထွက်လိုက်ပါတယ် အလုပ်ထွက်ဖို့အတွက် ဘာတစ်ခုမျှပြင်ဆင်မထားမိတဲ့အတွက် ကျွန်တော့်အတွက်အများကြီးနစ်နာပါတယ် ဒါပေမယ့် ကျွန်တော်နောင်တမရခဲ့ပါဘူး



မတ်လ၊ဧပြီလ ဘဝကြီးကို ပျော်ပျော်ကြီးဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ဖုန်းတစ်လုံးနဲ့ ထွက်သမျှရုပ်ရှင်စီးရီးတွေမှာနစ်မြောရင်း အိပ်ချိန်မမှန်စားချိန်မမှန်နဲ့ ခန္ဓာကိုယ်ဇီဝဖြစ်စဥ်ကိုကမောက်ကမဖြစ်စေခဲ့တာ



မေလ အလုပ်မရှိတဲ့လူတစ်ယောက်အတွက် စတင်လာတဲ့စိတ်ဖိစီးမှုတွေ လူမှုရေးအဆင်မပြေမှုတွေက ဘဝကိုလက်လွတ်ဖို့ကြိုးစားမိသော်လည်း လက်တွေ့မှာမအောင်မြင်ခဲ့ပါ အရင့်အရင်ကဘုရားတရားလုပ်ဆောင်ခဲ့တဲ့ အကျိုးကျေးဇူးတွေပေါ့ဗျာ



ဇွန်လ၊၁၀ရက်နေ့ မျက်စိဆေးရုံကအပြန် အဖေတစ်ယောက်သတိလစ်သွားတော့ အဖေမရှိရင်တော့အိမ်က ဖရိုဖရဲဖြစ်ပြီဆိုတဲ့အသိ ဆေးကုသဖို့ပိုက်ဆံလုံလုံလောက်လောက်မရှိတဲ့အဖြစ် ဆွေမျိုးအရင်းတွေက နှုတ်၏ဆောင်မခြင်းကလွဲ၍ အကူအညီမပေးတာတွေ တကယ်တမ်းဆေးရုံတင်ရမှာဖြစ်ပေမယ့် Deposit ပိုက်ဆံ တနေ့တာဆရာဝန်၊သူနာပြုဝန်ဆောင်ခ တစ်သိန်းကျော် အဲ့ဒီငွေကြေးတွေအဆင်မပြေနိုင်လို့ အဖေ့ကိုအိမ်ကနေပဲ ရက်ချိန်းအတိုင်းသွားပြပေးရတာပါ




အဲ့ဒီအချိန်မှာ လိပ်ပြာလေးတွေက Fb မှာ ကျွန်တော်တင်လိုက်တဲ့ post ကြောင့် အများကြီးအကူအညီပေးခဲ့ကြလို့ အဖေဆေးကုဖို့အတွက် တကယ်ကိုအဆင်ပြေခဲ့ရပါတယ်



ကိုချို၊ ကြီးကြီးမတာ၊ မသီ ၊ ယွန်းလေး၊ မမကြီး ၊ အန်တီဘေဘီ၊ ဦးမျိုး+အန်တီချို၊ ကိုမျိုးဝင်း+မမိုးဖြူ၊ ဦးရဲကြီး+ကိုရဲအောင်၊ အန်တီခင်လေး၊ မချိုအိ+မာလာ လက်၏ဆောင်မခြင်း နှုတ်၏ဆောင်မခြင်းနဲ့ အကူအညီပေးကြတဲ့အတွက် အကူအညီမဲ့နေချိန်မှာ တကယ့်ကို တကယ့်ကိုအများကြီးဝမ်းသာရပါတယ်ဗျာ



ဇွန်လ၊ဇူလိုင်လ ၂လနီးပါးဆေးကုသလို့ အဖေအဆင်ပြေသွားချိန်မှာ ၂၆ရက်၊ဇူလိုင်လမှာ ညတွင်းခြင်းအမေ့ကိုဆေးရုံတင်လိုက်ရတယ် ရန်ကုန်ဆေးရုံကြီးကိုသွားဖို့ တာဝန်ကျဆရာဝန်ကပြောပေမယ့် လူနာအဆင်ပြေဖို့အတွက် သျှင်ပါကူဆေးရုံမှာပဲဆက်နေဖြစ်လိုက်တယ် Deposit ၁၅သိန်းဆိုတဲ့ပမာဏကို သားအဖနှစ်ယောက် အတော့်ကိုကြိုးစားရှာလိုက်ရတာပါ တနေ့စာရှင်းရတဲ့ ဆေးဘိုး၃သိန်းဆိုတဲ့ပမာဏက သားအဖနှစ်ယောက်လည်ပင်းကို အသားကုန်ညစ်ထားသလိုပါပဲ



အဲ့ဒီအချိန်မှာပဲ လိပ်ပြာလေးတွေအကူအညီကြောင့် ကျွန်တော့်ဝန်ထုပ်ကြီး အတော်လေးကိုလျော့ကျသွားရတာပါ



အဖေ့သူငယ်ချင်း၊ ကိုအောင်၊ ကိုဇော်၊ ဦးရဲ+သားဘဲ၊ မသီ ၊ မချိုအိ+မာလာ၊ ယွန်းလေး ၊ဦးရဲကြီး+ကိုရဲအောင်၊ အန်တီမမ၊ မခိုင်ကြီး၊ ကြီးကြီးမတာ ၊အန်တီခင်လေး+မရီအောင်၊ အန်တီဘေဘီ၊ ကိုချို၊ ကိုအောင်မျိုးမင်း၊ ဦးဖန်းခါးသီး အိမ်နီးချင်းအစ်မ မခိုင် လက်၏ဆောင်မခြင်း နှုတ်၏ဆောင်မခြင်းနဲ့ အကူအညီပေးခဲ့ကြလို့ အများကြီး အများကြီး ကျေးဇူးတင်ရပါတယ် ကျွန်တော့်ဘဝမှာ ကျေးဇူးပြုရမယ့် ကျေးဇူးရှင်တွေလို့လည်းလတကယ့်ကိုစိတ်ရင်းနဲ့ မှတ်ယူထားပါတယ်




ကျွန်တော့်ဘက်ကနေ အကြာကြီးအဆက်အသွယ်မရှိခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ကိုလည်း တောင်းပန်ပါတယ် အဖေ့ကိစ္စသိရထဲက ကျွန်တော့်စီချက်ခြင်းဆက်သွယ်ပြီး ငွေပမာဏအများကြီးလအကူအညီပေးခဲ့တဲ့ မချိုအိနဲ့မာလာကိုလည်း တကယ်ကိုကျေးဇူးတင်ရပါတယ် လည်ပင်းအစ်နေတဲ့အချိန်မှာ သူငယ်ချင်းနှစ်ယောက်ကျေးဇူးနဲ့ အသက်ဝဝရှုခွင့်ရလိုက်တာ ကျွန်တော့်တသက်သာမှာ မျက်ရည်ကျမိတဲ့အထိ တကယ်ကိုပျော်မိသွားတဲ့အချိန်ကာလပါ ကျေးဇူးတင်ပါတယ် မချိုအိနဲ့မာလာ ကိုအောင်မျိုးသူပြောတဲ့ နှာသီးဖျားမှာ ရုတ်တရက်လာနားပေးတဲ့ လိပ်ပြာလေးတွေပါ




အဆိုးတွေကိုကြုံဆုံရပြီးတဲ့နောက်ပိုင်းမှာ အရင်ထက်ပိုပြီးတည်ငြိမ်လာပါတယ် လောကဓံဆိုတာကြီးကိုလည်း ကြောက်လန်တကြားလက်ခံခဲ့ဘူးပါပြီ ရှေ့ဆက်ရမယ့် ဘဝခရီးကိုလည်း ကြံကြံခံနိုင်ဖို့အတွက် ပြင်ဆင်ရပါအုန်းမယ်




နှလုံးသားကသူတစ်ပါးထက်ပိုလွန်ပြီးတော့ ခံစားလွယ်တက်လွန်းတဲ့လူဖြစ်နေတော့ တချို့အရာတွေကို ဥပေက္ခာပြုနိုင်ဖို့အတွက် ကြိုးစားအားထုတ်ရပါအုန်းမယ်ခင်ဗျာ။



#အခုအချိန်အထိ အဝေးတနေရာကနေ စောင့်ရှောက်ပေးဆဲ လူတစ်ယောက်ကိုလည်း တကယ်ကိုကျေးဇူးတင်ရပါတယ်ဗျာ။

No comments: