ကောက်ရိုးမီး

ငါ့ဒေါသက ကောက်ရိုးမီး

ဝုန်းကနဲ့တောက်ပြီး

ဟုတ်ကနဲ့ငြိမ်းသွားတာမျိုး..


အချစ်နဲ့ပတ်သတ်ရင်လည်း

ကောက်ရိုးမီးဆိုသိပ်ကောင်းမှာ

ခုတော့..


ပင်လယ်ရေပြင်ကလှိုင်းဂယက်လို

မိုးပေါက်လေးကျတာတောင်

ရေလှိုင်းဂယက်က ပင်လယ်အဆုံးထိ

ရိုက်ခတ်မဆုံး..


ရင်ကိုလာမှန်တာပွင့်ဖတ်ကြွေသလောက်

ငါ့ခံစားရတာမိုးပြိုကျနေတာမျိုး

နေတက်ရင်ဘ၀ကကျေနပ်စရာပါ

မနေတက်တဲ့ငါ့အတွက်တော့ နေစရာမြေမရှိ

ဘူး အချစ်ရယ်.........................................။

No comments: