ဆုံဆည်းခွင့်ဆိုတာ

ဆုံဆည်းခွင့်ဆိုတာ ------- တနေ့တော့ မင်းတို့လဲ ကြုံဖူးကြမှာပါ။
 
ဆုံနိုင်ခွင့်ဝေး

*တနေ့ထက်တနေ့
သံယောဇဉ်တငွေ့ငွေ့
ဆွေးမြေ့ရင်မှာ
ကြာလာတော့ မင်းကိုငါ
တရိပ်ရိပ်နဲ့လွမ်းတတ်လာတယ်။*

ခြေသံတိတ်ဆိတ်၊ ရင်ထဲသို့တိုးဝှေ့၊
လရောင်ရိပ်အောက်မှာ
မင်းနဲ့ငါ
ရင်ခုန်စွာဆုံတွေ့ကြမယ်။

သံသရာတကွေ့
ကံကြုံလို့ဆုံတွေ့
ခံယူချက်စိတ်မတူရာ
တနယ်စီဝေးကွာခဲ့လဲ
မင်းကိုအမြဲ
သတိရမစဲ
အလွမ်းမိုးတဖွဲ့ဖွဲ့
အိပ်မက်တွေမက်လျက်ပါပဲကွယ်။

စိုးမိုးသူ(ထားဝယ်)
Posted by စိုးမိုးသူ at 8:54 PM
Monday, August 2, 2010


လမ်းခွဲ

တစ်နေ့မှာ..
ဟန်ဆောင်ချစ်ခြင်းတွေ ..
အရေခွံလဲ မှာ သိရက်နဲ့ ..
ချစ်သူရဲ့ ..
ဟန်ဆောင်အပြုံးတွေကို ..
ဖြူစင်စွာ မြတ်နိုးခဲ့မိတဲ့ ..
နှလုံးသားတစ်စုံက ..
ဘာကြောင့်များ ..
ဝမ်းနည်း ကြေကွဲနေဦးမှာလဲ ?

နှစ်သိမ့်အပြုံးတွေကို ..
ရင်နာစွာနဲ့ ရှာဖွေသိရှိခဲ့ပြီပဲ ..
ပစ်ခွာပြေးတော့လဲ
အတိတ်မှာ နာကျင်စွာနဲ့
နေရစ်ခဲ့ရတော့မှာပေါ့..

ကိုယ်ဒို့  နှစ်ဦးရဲ့
တစ်ခန်းရပ် ပြဇာတ်လေးကတော့
ဇာတ်သိမ်းမကောင်းခဲ့ဘူးပေါ့ကွယ်
လမ်းခွဲခဲ့ကြတာမဟုတ်ဘူးနော်
လမ်းလွဲခဲ့ကြတာပါ .. ချစ်သူ ..

အချစ်ကို ..
ယုံကြည်ကိုးကွယ်မိကတည်းက ..
နောက်ဆက်တွဲ ..
သံသယ တွေကို မျက်ကွယ်ပြုခဲ့မိတဲ့ ..
ကိုယ့်ရဲ့ အပြစ်တွေပါ .. ။ ။

သက်အောင်(ကလောင်တိုက်ပွဲ)

ဒီ Link ကို ပြန်ချိတ်ပေးချင်ပေမယ့် ကျွန်တော် ရှာလို့မရတော့လို့ ပြန်မချိတ်ပေးနိုင်ခဲ့ပါဘူး ကဗျာဆရာကိုလဲ အနူးအညွှတ် တောင်းပန်ပါတယ် ခင်ဗျာ။

စာသားလေးက အမေ့အတွက် ပနံသင့်တယ်။


Aung san suu kyi

 “လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ 
တိတိကျကျအလုပ်ကို လုပ်သွားရမယ်။ 
ကိုယ့်အလုပ်လုပ်တဲ့အခါကျရင် 
အများကြိုက်စေချင်လို့ လုပ်တာမဟုတ်ဘူး။ 
ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူး။ 
ရာထူးရာခံ လိုချင်လို့ လုပ်တာမဟုတ်ဘူး။ 
နာမည်လိုချင်လို့ လုပ်တာမဟုတ်ဘူး။ 
ယုံကြည်ချက်အရ မှန်တယ်ထင်လို့ 
လုပ်တာသာဖြစ် ရမယ်။ 
ကိုယ့်ရဲ့ယုံကြည်ချက်အရ 
မှန်တယ်ထင်လို့ လုပ်လို့ရှိရင် 
ဘယ်သူက ဘယ်လိုဘဲ 
အန္တရာယ်ပြုပြု၊ ခံနိုင် ရည်ရှိရမယ်။ 
ဘယ်သူက ဘယ်လိုပဲ 
ကိုယ့်ကိုပုတ်ခတ်ပုတ်ခတ် ခံနိုင်ရည်ရှိရမယ်။ 
ဒီလိုခံစားချက်တွေနဲ့ 
လုပ် သွားမှသာ လူငယ်များဟာ 
တိုင်းပြည်အကျိုးထမ်းဆောင်နိုင်မှာ ဖြစ်တယ်။”


Aung san suu kyi

မနက်ဖြန်ထဲက ကျွန်း...

 http://www.facebook.com/note.php?note_id=146287042070535&id=100000842954395&ref=mf

ခင်ဗျားအိမ်ရှေ့တံစက်မြိတ်အောက်မှာ
တစ်ပေါက်ပေါက်ကျနေတဲ့
မိုးရေစက်တွေဟာလည်း
ခင်ဗျားအတွက်
မနက်ဖြန်ထဲက ကျွန်းတစ်ခုဖြစ်နိုင်တယ်...။

ဒီလဆန်းမှာ
ခင်ဗျားထိုးခဲ့တဲ့
ထီလက်မှတ်တစ်စောင်ဟာလည်း
ခင်ဗျားအတွက်
မနက်ဖြန်ထဲက ကျွန်းတစ်ခု ဖြစ်နိုင်တယ်...။

ဒီဝါအကျွတ်မှာ ခင်ဗျားဆီရောက်လာမယ့်
မင်္ဂလာဆောင်ဖိတ်စာတစ်ခုဟာလည်း
ခင်ဗျားအတွက်
မနက်ဖြန်ထဲက ကျွန်းတစ်ခုဖြစ်နိုင်တယ်...။

ခင်ဗျားသောက်ခဲ့တဲ့
ဆေးလိပ်တို မီးခိုးငွေ့တွေဟာလည်း
ခင်ဗျားအတွက်
မနက်ဖြန်ထဲက ကျွန်းတစ်ခုဖြစ်နိုင်တယ်...။

ခင်ဗျား ဒီကနေ့ ဖတ်လိုက်ရတဲ့
သတင်းတစ်ပုဒ်ဟာလည်း
ခင်ဗျားအတွက်
မနက်ဖြန်ထဲက ကျွန်းတစ်ခုဖြစ်နိုင်တယ်...။

ခင်ဗျားကိုယ်တိုင် ၀င်ရောက်မဲပေးရမယ့်
၂၀၁၀ ရွေးကောက်ပွဲဟာလည်း
ခင်ဗျားအတွက်
မနက်ဖြန်ထဲက ကျွန်းတစ်ခု
ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်...။    ။

Democracy.



The burmese associate peace and security 
with coolness and shade:

The shade of a tree is cool indeed
The shade of parents is cooler

The shade of teachers is cooler still
The shade of ruler is yet more cool
But coolest of all is the shade of
 the Buddha's teachings.

Thus to provide the people with 
the protective coolness of 

peace and security, rulers must observe 
the teachings of the Buddha.

Central to these teachings are  
the concepts of truth, righteousness
and loving kindness. It is government 
based on theses very qualities that
the people of burma are seeking 
in their struggle for democracy.





ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ လူ့ဘဝတန်ဖိုး...

ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ လူ့ဘဝတန်ဖိုး...


လူမှာ အရေးအကြီးဆုံး နှစ်ခုပဲရှိတယ်။
အဲဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှု (Love of truth) ရယ် ဒါပဲဖြစ်တယ်။
ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်း ပြောရဲရမယ်။ ပြောခဲ့တဲ့ သတ္တိလဲရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း

နိုင်ငံရေးဆိုတာ ခဏတဖြုတ်လုပ်ရတဲ့ဟာမျိုး မဟုတ်ဘူး။ အမြဲတမ်းလုပ်ရမယ်။ အမြဲတမ်းရှိနေတယ်။ နိုင်ငံရေးဆိုတာ တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူတွေကပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ မိမိတို့ဆိုင်ရာ ဆိုင်ရာ၊ အကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်းကိစ္စ၊ ဒီတော့ကာ အားလုံးလူတွေရဲ့ အကျိုးကိစ္စ၊ လူတွေရဲ့ နီုင်ငံရေး၊ ဒီတော့ အဲဒီလိုဖြစ်အောင်လုပ်နိုင်ဖို့ ဆိုတော့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေက ကြည့်ပြီး ထိန်းထားမှသာ လူတွေလည်း အမြဲတမ်း နိုင်ငံရေးမှာ စိတ်ဝင်စားပြီးတော့ တတိုင်း တပြည်လုံးပေါ်မှာရှိတဲ့ လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင်၊ နိုင်ငံရေး စိတ်ဝင်စား လာအောင် ဒီလိုအဖွဲ့တွေရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း

(၂၃.၁.၁၉၄၆) ရွှေတိဂုံဘုရား အလယ်ပစ္စယံ (ပထမ ပြည်လုံးကျွတ် ညီလာခံ)

ကြယ်ကြွေည






အလင်းမရှိတော့တဲ့ ညကောင်းကင်ယံမှာ
ကြယ်တွေကြွေတော့ လူတွေဆုတောင်းကြတယ်...


အလင်းတွေကြီးစိုးတဲ့ နေ့ကောင်းကင်ယံမှာ
ကြယ်တွေကြွေတော့ လူတွေသတိတောင် မထားမိဘူးတဲ့...

ဘာပဲဖြစ်ဖြစ် ညရောက်လို့ ကြယ်တွေရည်ရင်
ကြယ်လေးတစ်ပွင့်လိုနေတာကိုတော့
လူတွေသိကောင်းပါရဲ့...

မျိုးဇော်
၂၀၁၀၊ နိုဝင်ဘာ(၁)

http://myozawu

မေတ္တာဆိုတာ စူးတတ်တယ်

http://kokaungkinko.blogspot.com/


ကျောက်တုံးထဲကနေတောင်
သွေးတွေပန်းထွက်လာအောင်
နင်မန်းမှုတ်နိုင်မှန်းလည်း သိပါတယ်။

နင့်နှုတ်ခမ်းက ကြွေကျလာမယ့်
မကုန်မခန်းနိုင်တဲ့ ပန်းတွေဟာ
သံမဏိရင်တွေ ချိုင့်ဝင်သွားသည်အထိ
တန်ခိုးရှိမှန်းလည်း သိပါတယ်။

တချောင်းထဲသော စိတ်နဲ့
ပြေးနေတဲ့ ခြေထောက်နှစ်ချောင်းတွေ
နင့်ကြောင့် မရှုမလှ ချော်လဲတိုင်း
နင့်အတိတ်နဲ့ နင် ခြေရာတိုင်းနိုင်တုန်းမို့
နင်ကျေနပ်နေမှန်းလည်း သိပါတယ်။

အကောင့်များစွာဖွင့်ပြီး
၁၅၀၀ လွှင့်နေတဲ့ ကောင်မလေးရေ၊

သိလျက်နဲ့ မိုက်နေသူက
နင်မသိပဲ မိုက်မိမှာစိုးလို့
တခုတော့ သတိပေးမယ်။
ကျေးဇူးပြုပြီး နင်းမသွားပါနဲ့။
ငါ့နှလုံးသားက ကွဲလွယ်အက်လွယ်
နင့်ခြေဖဝါးတွေ ရှလိမ့်မယ်။


ကောင်းကင်ကို

ဝင်ခွင့်

ဝင်ခွင့်

ကောင်မလေးရေ
နင့် ရင်ခွင်ထဲကို
ငါဝင်ကြည့်ချင်တယ်
(ဘာတွေရှိလဲလို့်) . . . ။

လက်မှတ်ကိုကိုင်ပြီး
ငါရောက်ခဲ့ပါရဲ့။
အံသြစရာ . . .
နင်ဟာရုံစောင့်ကြီး ဖြစ်နေတယ် . . .။

လက်မှတ်ကို ဆွဲယူပြီး
တ၀က်ကိုဆုတ်ပြစ်လိုက်တယ် . . . ။

အဲဒါဟာ . . .
ဝင်ခွင့်ပြုတာလား . . .
ဒါမှမဟုတ် . . . ။

(တာရာမင်းဝေ)

ခ ကဗျာ

ခ..ကဗျာ..
 
ခင်တွယ်သူ
ခွဲသွားတဲ့ အသည်းက
ခွက်တစ်င်္လုးလို
ခွမ်းကနဲ..အစိတ်စိတ်အမွာမွာ...
ခုလိုအချိန်မှာ ..
ခက်ထန်နေတဲ့..စိတ်တွေ..
ခွင့်ပေးလိုက်မယ်ဆိုရင်
ခုန်ပေါက်နေတဲ့ မြင်းရိုင်းတစ်ကောင်ကို
ခမ်းခမ်းနားနား မြင်ရလိမ့်မယ်..
ခုတ်ထစ်ခြင်းင်္ခရတဲ့
င်္ခစားချက်တွေက
င်္ခုမင်စရာ...တစ်ခုမှမရှိ
ခင်တွယ်စရာ..တစ်ခုမှမရှိ..
ခြားနားခဲ့တာတောင်
ခုချိန်ထိ..စိတ်ရိုင်းကို
ခ၀ါချလို့..မရတဲ့ကောင်..အိပ်နေတာပဲ
လောကကြီးငြိမ်းချမ်းမှာပါဗျာ..

တာရာမင်းဝေ