ဝင်ခွင့်

ဝင်ခွင့်

ကောင်မလေးရေ
နင့် ရင်ခွင်ထဲကို
ငါဝင်ကြည့်ချင်တယ်
(ဘာတွေရှိလဲလို့်) . . . ။

လက်မှတ်ကိုကိုင်ပြီး
ငါရောက်ခဲ့ပါရဲ့။
အံသြစရာ . . .
နင်ဟာရုံစောင့်ကြီး ဖြစ်နေတယ် . . .။

လက်မှတ်ကို ဆွဲယူပြီး
တ၀က်ကိုဆုတ်ပြစ်လိုက်တယ် . . . ။

အဲဒါဟာ . . .
ဝင်ခွင့်ပြုတာလား . . .
ဒါမှမဟုတ် . . . ။

(တာရာမင်းဝေ)

No comments: