Myanmar Times က နည်းပညာ သတင်း တစ်ပုဒ်ပါ။

Myanmar Times က နည်းပညာသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

 

 

အင်တာနက်မှတစ်ဆင့် နိုင်ငံတကာသို့ ဖုန်းခေါ်နိုင်မည့် Ytalk စနစ်အသုံးပြုနိုင်ပြီ

ထူးအောင်
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)
ရတနာပုံဝက်ဘ်ပေါ်တယ်နှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းပြီး နိုင်ငံတကာသို့ အင်တာနက်မှ တစ်ဆင့် ဖုန်းခေါ်ဆို နိုင်မည့် Ytalk စနစ်ကို ယခု လ ၇ ရက်နေ့တွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။ 

" Ytalk ကို နိုင်ငံခြားခေါ်ဆိုမှုအတွက် ပြုလုပ်ထားတာပါ။ ဈေးနှုန်းကတော့ အနီးနဲ့ အဝေးဆိုပြီး နှစ်မျိုးပဲ သတ်မှတ်ထားတာပါ။ ဥပမာ အနီးကတော့ အိမ်နီးချင်းနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေပေါ့။ အဝေးကတော့ ဥပမာ ဂျပန်နိုင်ငံ တို့လိုပေါ့။ အနီးကတော့ တစ်မိနစ်ကို အမေရိကန်ဒေါ်လာ ၁၅ ဆင့်ဖြစ်ပြီး အဝေးကတော့ တစ်မိနစ် ၃၅ ဆင့်လို့ သတ်မှတ်ထားပါတယ်"ဟု ရတနာပုံမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးတင်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။ 

အဆိုပါ စနစ်ဖြင့် ပြည်ပရှိ မည်သည့် ဖုန်းသို့မဆို ချိတ်ဆက်ခေါ်ဆိုနိုင်မည် ဖြစ်ပြီး ပြည်တွင်းဖုန်းများသို့မူ ခေါ်ယူ နိုင်မည်မဟုတ်ဟု သိရသည်။ ပြည်ပနိုင်ငံများမှ အင်တာနက်ဖုန်း ခေါ်ဆိုသည့် စနစ်များဖြစ်သည့် pfingo နှင့် Skype တို့ထက် အရည်အသွေး ကောင်း မွန်သလို ဈေးနှုန်းချိုသာအောင် ပြုလုပ်ထားကြောင်း ဦးတင်ဝင်းက ပြောသည်။
အင်တာနက်အလွန်နှေးကွေးနေချိန်တွင်ပင် အဆင်ပြေစွာခေါ်ဆိုအသုံးပြုနိုင်မည်ဟုဆိုသည်။ 

လတ်တလောအနေဖြင့် အင်တာနက်ဆိုင်များတွင်သာ ဆော့ဖ်ဝဲကို ထည့်သွင်းပေးထားမည်ဖြစ်သဖြင့် အင်တာနက်ဆိုင်များမှသာ အသုံးပြုနိုင်မည်ဖြစ် ပြီး ကိုယ်ပိုင်သုံးစွဲနိုင်ဦးမည်မဟုတ် ကြောင်းသိရသည်။
နောက်ပိုင်းတွင်မူ အိမ်များတွင်ပင် သီးသန့်အသုံးပြုနိုင်အောင် လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။ 

Ytalk ကို အသုံးပြုရာတွင် ခေါ်ဆိုသည့်နိုင်ငံအလိုက် ကျသင့်ငွေများကို ငွေဖြည့်ကတ်များမှ နုတ်ယူသွားမည်ဖြစ်သည်။
အသုံးပြုရာတွင် လိုအပ်မည့် ကိုယ်ပိုင် နံပါတ်တစ်ခုရရှိရန်အတွက် VoIP account card အား ကျပ် တစ်သောင်းဖြင့် ၀ယ်ယူရမည် ဖြစ်ကာ အက်ဖ်အီးစီ ၁၀၊ ၃၀ နှင့် ၅၀ တန် ငွေ ဖြည့်ကတ်များကို အင်တာနက်ဆိုင်များနှင့် စီတီးမတ်ဆိုင်များတွင် ၀ယ်ယူနိုင်သည်ဟု သိရသည်။

ရတနာပုံ ၀က်ဘ်ပေါ်တယ်အနေဖြင့် အွန်လိုင်းမှတစ်ဆင့် ငွေချေနိုင်သော စနစ်တစ်ခုဖြစ်သည့် Ypay စနစ်ကို ဆက်လက်ဆောင်ရွက် ရန် အစီအစဉ် ရှိကြောင်းနှင့် လက်ရှိအချိန်တွင် လိုအပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းကို ဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဦးတင်ဝင်းက ပြောသည်။

No comments: