Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။


http://totallycoolpix.com/2011/07/coolest-pix-of-the-week-29/

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

ရွှေတိဂုံ နှစ် ၂,၆၀၀ ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော် စတင်

ချယ်ရီသိန်း
အတွဲ ၂၈ ၊ အမှတ် ၅၅၈ ( ၂၄ ၊ ၂ - ၁ ၊ ၃၊ ၂၀၁၂)


ရွှေတိဂုံစေတီတော်ကြီး နှစ် ၂၆၀၀ ပြည့် အထိမ်းအမှတ် ဗုဒ္ဓ ပူဇနိယပွဲတော်သို့ တက်ရောက်လာသည့် မယ်သီလရှင်များကို တွေ့ရစဉ်။ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ယခုလ ၂၂ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ သံဃာတော်အပါး ၂၆၀၀ ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ် မည်ဖြစ်သည်။
ဓာတ်ပုံ-ဘူးသီး
ရွှေတိဂုံစေတီတော် နှစ် ၂,၆၀၀ ပြည့်နှစ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယခုလ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့ပြီး မတ်လ ၇ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။
ပွဲတော်ဖွင့်ပွဲနှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗုဒ္ဓစွယ်တော်တိုက်မှ တာဝန် ရှိပုဂ္ဂိုလ်များနှင့် နှစ်နိုင်ငံ ဗုဒ္ဓဘာသာဆိုင် ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက် ရေး နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုး ခဲ့ကြသည်။
"သီရိလင်္ကာနိုင်ငံနဲ့ နားလည်မှုစာချွန် လွှာကို ၂၀၀၉ ခုနှစ်တုန်းက လက်မှတ် ရေးထိုးပြီးပြီ။ တရုတ်နိုင်ငံနဲ့ ဒီနှစ်မှ လက်မှတ်ရေးထိုးတာပါ။ နောင်ကို ဘာသာ၊ သာသနာရေးကိစ္စတွေမှာ နိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာစေဖို့ပါ။ သူတို့ဘက်ကတော့ စာချုပ်အရ ရွှေတိဂုံက ခွင့်ပြုချက်ပါရင် သံဃာ၊ သီလရှင်တွေ ဟိုက ဗုဒ္ဓတက္ကသိုလ် တွေမှာ အခမဲ့ပညာသင်ခွင့်ပြုမယ်"ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ ဦးဝင်းကြိုင်က ပြောသည်။
စေတီတော်ကြီးအား သံဃာတော် အပါး ၂,၆၀၀ ဖြင့် ဗုဒ္ဓဘိသေက အနေ ကဇာတင်ပြီး ဆွမ်းဆန်တော်လောင်း လှူပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ထို့ပြင် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်း အမှတ်အဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မှ ၇ ရက်နေ့အထိ ညစဉ် ၇ နာရီခွဲတွင် တပ်မတော် ဓမ္မာရုံ၌ ဓမ္မကထိက ဆရာတော်ကြီးများဖြင့် တရားပွဲကျင်း မည်ဖြစ်သည်။

No comments: