ပီ အယ်လ် အေ အန် ဖော် မီ



အခုတလော စိတ်ပင်ပန်းတာတွေများတော့ ခန္ဓာကိုယ်လေးကို Take Care လုပ်နေရတယ်...

စားချင်တာလေးတွေလဲ ဒီတပတ် Holiday ကနေ စပြီး ဝယ်ကျွေးရတော့မယ် မစားရ မသောက်ရရင် နေမကောင်းဖြစ်မယ်လေ..

မာလာရှမ်းကောတို့ ဒူးရင်းသီးခေါင်းအုံးတို့ ဝက်သားတုတ်ထိုးတို့ တပတ်တစ်ခါတော့ ဂရုစိုက်ပေးရမှာပေါ့ ဗျာ..
( နောက်မှ ရောဂါဖြစ်တော့ ပြန်ကုပေါ့ဗျာ )

မွေးနေ့တို့ New Year တို့ Anniversary တို့ အတွက့် ဘာနေ့ ညာနေ့တွေ ပေါင်းပြီးတော့ ၁နှစ် တစ်မျိုးလက်ဆောင်ဝယ်ပေးရအုန်းမယ် ချစ်လွန်းလို့သာ ဝယ်ပေးရမှာ ကျွန်တော်က ငမွဲဆိုတော့ ၁နှစ် ၁ခုတောင် ဖြစ်ဖြစ်မြည်အောင် စုပြီးဝယ်ပေးရမှာ..

ကဲ ကဲ လူတစ်ယောက်ကို Care လုပ်ဖို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင် နေဖို့ဆိုတာ မလွယ်မှန်း သိပြီမဟုတ်လား ဗျ..

(ငဝိုင်းက ချာတိတ်တွေ ဆုတောင်းသလို လေတိုက်တိုင်းပါလာရင် ကမ်းနားမှာ သွားနေပါတယ် " ဆော်ကြည် ထီပေါက် နိဗ္ဗာန်ရောက်၍ လေတိုက်တိုင်း ငွေဝင်ပါစေ.. " အဲ့တိုင်းသာဆို သိပ်ကောင်းမယ်ဗျာ တစ်လတစ်လ အကြွေးဆပ်ရတာ စိတ်ညစ်လို့.. 😆😆😆 )

No comments: