ဗိုလ်ကြီးရီ










ယောင်္ကျားလေးတွေကို မျက်နှာများတယ်ဆိုပြီး စိတ်တိုကျတယ် မိန်းမတွေကရော ဘာထူးသလဲ အတူတူပါပဲဗျာ ကျွန်တော်ကထိပ်ဆုံးကနေမယ်ထင်တယ်..


လူတစ်ယောက်ကို ၁နှစ်လောက်တောင် ရင်မခုန်တက်တော့တာ လွန်တာဗျာ ရင်ဘက်က Pro ဆန်သွားတာနေမှာပါ..


အခုလဲ ရင်ခုန်မိပြန်ပြီ ကောင်းပါတယ် မနီးစပ်နိုင်တဲ့လူကို ရင်ခုန်ရတာ ခံစားချက်ပိုကောင်းတာပေါ့ စိတ်ကူးနဲ့ရူးရတာက ကျွန်တော်လိုကောင်အတွက် အကောင်းဆုံးပါ..


သေချာတာက 2020 အစပိုင်းတော့ ဒီတစ်ယောက်နဲ့ပဲ ရင်ခုန်နေရအုန်းမှာပါ ကျန်တဲ့လူတွေ ဘေးကင်းတာပေါ့..


အထီးကျန်တယ်ဆိုတာ ခပ်တုံးတုံးလူတွေအတွက်ပါ အသည်းကွဲတယ်ဆိုတာ ထက်မြက်တဲ့လူတွေအတွက်လို့ ကျွန်တော်ခံယူထားပါတယ် ဟိုမရောက်ဒီမရောက် ကျွန်တော့်လိုလူအတွက်တော့ ရင်ခုန်စရာတွေက အများကြီးပါဗျာ..


အလုပ်မရှိမှာစိုးရိမ်ရတာနဲ့ ပိုက်ဆံမရှိတာစိုးရိမ်ရတာနဲ့ ခရီးသွားဖို့စိတ်ပူရတာနဲ့ ၁နှစ်ဆိုတဲ့အချိန်က ခဏလေးနဲ့ကုန်သွားလိုက်တာ အသက်တောင်တော်တော်လေးရလာပြီ..


ဟား ဟား အခုထိတော့ ကိုယ့်ဘာသာကိုယ် အသက်ကြီးလာတယ်လို့ မခံစားရသေးဘူးဗျ ဒါနဲ့ပဲ ရင်ခုန်သံတွေကမရပ်တန့်သေးတာနေမှာပါ..


တကယ်ပြောတာဗျ ခရီးသွားနေတာတောင် စိတ်တွေက ဗိုလ်ကြီးရီစီရောက်နေတာ ကံကောင်းလို့ ပင်လယ်ထဲရေနစ်မသေပဲ ရန်ကုန်ပြန်ရောက်လာတာဗျ..


အခုဆိုရင် စနေ၊တနင်္ဂနွေရောက်ဖို့ ဆုတောင်းနေတက်ပြီ အလုပ်နားရက်ကိုဆုမတောင်းခဲ့မိဘူး ဗိုလ်ကြီးရီကြည့်မိတော့မှပဲ ဆုတောင်းတက်နေပြီ..


Credit: https://m.facebook.com/story.php


၁၆ပိုင်းကိုကြည့်ဖို့ ၁၆လလောက် စောင့်နေရသလို ခံစားရတယ်ဗျာ တကယ်ပြောတာပါ။



ဘာသာခြားမေတ္တာ




Source;https://www.google.com/

မိုးအကုန်ဆောင်းအကူးကာလ နိုဝင်ဘာလရဲ့နေ့တနေ့ ရန်ကုန်မြို့ရှိ ဘာသာခြားတို့အများစုနေထိုင်ရာ မဆလာစက်မှတ်တိုင်ကနေ YBS ကားပေါ်ကို တုန်တုန်ချိချိတက်လာသော အသက်၇၀ ဝန်းကျင် အဘွားအိုနှင့်အသက်၃နှစ်ခန့် မြေးအရွယ်ကလေးငယ်...


မြေးအဘွားနှစ်ဦးစလုံး ကိုးကွယ်ရာဘာသာ၏ ဓလေ့ထုံးတမ်းဖြစ်သော Hijab @ ခေါင်းမြီးခြုံထားကြသည်..


အချိန်အခါမဟုတ်ရွာသွန်းသော မုန်တိုင်းမိုးကြောင့် YBS Bus ကားကြမ်းပြင်တွင် မိုးရေတို့ရွှဲရွှဲစိုနေ၏..


မှတ်တိုင်မှတက်လာသော အဆိုပါမြေးအဘွားနှစ်ဦးကို ချော်လဲမည့်ဘေးမှကင်းဝေးစေရန် ဝင်ပေါက်အနီးရှိဟိန္ဒူအမျိုးသမီးတစ်ဦးမှ ဖေးမပေးထားသည်.. ( စိုးရိမ်စိတ်ဖြင့် တစ်ကားလုံးရှိ အာရုံစိုက်မှုက ထိုမြေးအဘွားးအပေါ်တွင် တည်ရှိနေသည် )


နေ့တဒူဝ စိတ်မရှည်စွာ ကျွန်တော်ဖြတ်သန်းရသော ဒေါ်သိန်းတင်မီးပွိုင့်ကို ဒီနေ့တွင် ထူးထူးခြားခြားကျေးဇူးတင်လိုက်မိပါသည်.. ( အဆိုပါမီးပွိုင့်၏ ကြာမြင့်လှစွာသော ကိန်းဂဏန်းများအောက်တွင် ထိုမြေးအဘွားကို YBS ပေါ်ရှိ လူများမှဖေးမကူညီပြီး ကားအဆင်းပေါက်အနီးရှိ ထိုင်ခုံတွင်​ေနရာချပေးလိုက်ကြပါသည် )


YBS ကားကြီး ကုန်သည်လမ်းပေါ်အရောက်တွင် ခုံနေရာမှထ၍ ထိုမြေးအဘွားအနီးရှိထိုင်ခုံနားတွင် ဆင်းရမည့်မှတ်တိုင် ကျွန်တော်စောင့်ဆိုင်းနေစဉ် သမီးထိုင်ပါလားဆိုသည့် စကားသံနှင့်အတူ သူ့နေရာကိုလူတစ်ကိုယ်စာရွေ့ပေးလိုက်သည်..


ကျွန်တော်နှုတ်ခမ်းမှ ကြည်လင်သောအပြုံးတစ်ပွင့် ထွက်ပေါ်လာပြီး သမီးရှေ့မှတ်တိုင်မှာဆင်းတော့မှာပါ ကျေးဇူးတင်ပါတယ်..


ဆင်းရမည့်မှတ်တိုင်မရောက်ခင် ကမန်းကတန်း ပိုက်ဆံအိတ်ဖွင့်ပြီး သမီးကားခလှူတာပါဆိုသည့် စကားနှင့်အတူ အဘွားအိုလက်ကိုဆုပ်ကိုင်မိသည့် အချိန်တွင် ဘာသာခြားနှစ်ဦး၏ အရောင်ကင်းမဲ့သော မေတ္တာတရားကို လက်တွေ့ခံစားသိရှိလိုက်ရပါသည်...။

ဂရုစိုက်ပါဟန်နီ - ဝေလ







နင်မပျော်တဲ့တစ်နေ့ ထွက်သွားချင်သွားနိုင်တယ်



နင်ပြန်လာချင်တဲ့တစ်နေ့ စိတ်ကူးပေါ်ခဲ့ရင်ကွယ်



ဟန်နီ ...ဟန်နီ...ဟန်နီ ... နင်ရောက်ရာအရပ်က ဖုန်းဆက်..



မိုင်တွေခြားလည်း တစ်မိနစ်မှ ၁၅ကျပ်ထဲ



အဆင်မပြေမှုများအတွက် အကြာကြီးရင်ဖွင့်နိုင်တယ်



ဟန်နီ...ဟန်နီ...ဟန်နီ... မင်းအခက်အခဲတွေ တွေ့ချိန်တိုင်းမှာ



ငါ့ဆီခလုတ်နှိပ်လိုက်ပါကွယ် ...