ဘာသာခြားမေတ္တာ




Source;https://www.google.com/

မိုးအကုန်ဆောင်းအကူးကာလ နိုဝင်ဘာလရဲ့နေ့တနေ့ ရန်ကုန်မြို့ရှိ ဘာသာခြားတို့အများစုနေထိုင်ရာ မဆလာစက်မှတ်တိုင်ကနေ YBS ကားပေါ်ကို တုန်တုန်ချိချိတက်လာသော အသက်၇၀ ဝန်းကျင် အဘွားအိုနှင့်အသက်၃နှစ်ခန့် မြေးအရွယ်ကလေးငယ်...


မြေးအဘွားနှစ်ဦးစလုံး ကိုးကွယ်ရာဘာသာ၏ ဓလေ့ထုံးတမ်းဖြစ်သော Hijab @ ခေါင်းမြီးခြုံထားကြသည်..


အချိန်အခါမဟုတ်ရွာသွန်းသော မုန်တိုင်းမိုးကြောင့် YBS Bus ကားကြမ်းပြင်တွင် မိုးရေတို့ရွှဲရွှဲစိုနေ၏..


မှတ်တိုင်မှတက်လာသော အဆိုပါမြေးအဘွားနှစ်ဦးကို ချော်လဲမည့်ဘေးမှကင်းဝေးစေရန် ဝင်ပေါက်အနီးရှိဟိန္ဒူအမျိုးသမီးတစ်ဦးမှ ဖေးမပေးထားသည်.. ( စိုးရိမ်စိတ်ဖြင့် တစ်ကားလုံးရှိ အာရုံစိုက်မှုက ထိုမြေးအဘွားးအပေါ်တွင် တည်ရှိနေသည် )


နေ့တဒူဝ စိတ်မရှည်စွာ ကျွန်တော်ဖြတ်သန်းရသော ဒေါ်သိန်းတင်မီးပွိုင့်ကို ဒီနေ့တွင် ထူးထူးခြားခြားကျေးဇူးတင်လိုက်မိပါသည်.. ( အဆိုပါမီးပွိုင့်၏ ကြာမြင့်လှစွာသော ကိန်းဂဏန်းများအောက်တွင် ထိုမြေးအဘွားကို YBS ပေါ်ရှိ လူများမှဖေးမကူညီပြီး ကားအဆင်းပေါက်အနီးရှိ ထိုင်ခုံတွင်​ေနရာချပေးလိုက်ကြပါသည် )


YBS ကားကြီး ကုန်သည်လမ်းပေါ်အရောက်တွင် ခုံနေရာမှထ၍ ထိုမြေးအဘွားအနီးရှိထိုင်ခုံနားတွင် ဆင်းရမည့်မှတ်တိုင် ကျွန်တော်စောင့်ဆိုင်းနေစဉ် သမီးထိုင်ပါလားဆိုသည့် စကားသံနှင့်အတူ သူ့နေရာကိုလူတစ်ကိုယ်စာရွေ့ပေးလိုက်သည်..


ကျွန်တော်နှုတ်ခမ်းမှ ကြည်လင်သောအပြုံးတစ်ပွင့် ထွက်ပေါ်လာပြီး သမီးရှေ့မှတ်တိုင်မှာဆင်းတော့မှာပါ ကျေးဇူးတင်ပါတယ်..


ဆင်းရမည့်မှတ်တိုင်မရောက်ခင် ကမန်းကတန်း ပိုက်ဆံအိတ်ဖွင့်ပြီး သမီးကားခလှူတာပါဆိုသည့် စကားနှင့်အတူ အဘွားအိုလက်ကိုဆုပ်ကိုင်မိသည့် အချိန်တွင် ဘာသာခြားနှစ်ဦး၏ အရောင်ကင်းမဲ့သော မေတ္တာတရားကို လက်တွေ့ခံစားသိရှိလိုက်ရပါသည်...။

No comments: