ဗိုလ်ကြီးရီ










ယောင်္ကျားလေးတွေကို မျက်နှာများတယ်ဆိုပြီး စိတ်တိုကျတယ် မိန်းမတွေကရော ဘာထူးသလဲ အတူတူပါပဲဗျာ ကျွန်တော်ကထိပ်ဆုံးကနေမယ်ထင်တယ်..


လူတစ်ယောက်ကို ၁နှစ်လောက်တောင် ရင်မခုန်တက်တော့တာ လွန်တာဗျာ ရင်ဘက်က Pro ဆန်သွားတာနေမှာပါ..


အခုလဲ ရင်ခုန်မိပြန်ပြီ ကောင်းပါတယ် မနီးစပ်နိုင်တဲ့လူကို ရင်ခုန်ရတာ ခံစားချက်ပိုကောင်းတာပေါ့ စိတ်ကူးနဲ့ရူးရတာက ကျွန်တော်လိုကောင်အတွက် အကောင်းဆုံးပါ..


သေချာတာက 2020 အစပိုင်းတော့ ဒီတစ်ယောက်နဲ့ပဲ ရင်ခုန်နေရအုန်းမှာပါ ကျန်တဲ့လူတွေ ဘေးကင်းတာပေါ့..


အထီးကျန်တယ်ဆိုတာ ခပ်တုံးတုံးလူတွေအတွက်ပါ အသည်းကွဲတယ်ဆိုတာ ထက်မြက်တဲ့လူတွေအတွက်လို့ ကျွန်တော်ခံယူထားပါတယ် ဟိုမရောက်ဒီမရောက် ကျွန်တော့်လိုလူအတွက်တော့ ရင်ခုန်စရာတွေက အများကြီးပါဗျာ..


အလုပ်မရှိမှာစိုးရိမ်ရတာနဲ့ ပိုက်ဆံမရှိတာစိုးရိမ်ရတာနဲ့ ခရီးသွားဖို့စိတ်ပူရတာနဲ့ ၁နှစ်ဆိုတဲ့အချိန်က ခဏလေးနဲ့ကုန်သွားလိုက်တာ အသက်တောင်တော်တော်လေးရလာပြီ..


ဟား ဟား အခုထိတော့ ကိုယ့်ဘာသာကိုယ် အသက်ကြီးလာတယ်လို့ မခံစားရသေးဘူးဗျ ဒါနဲ့ပဲ ရင်ခုန်သံတွေကမရပ်တန့်သေးတာနေမှာပါ..


တကယ်ပြောတာဗျ ခရီးသွားနေတာတောင် စိတ်တွေက ဗိုလ်ကြီးရီစီရောက်နေတာ ကံကောင်းလို့ ပင်လယ်ထဲရေနစ်မသေပဲ ရန်ကုန်ပြန်ရောက်လာတာဗျ..


အခုဆိုရင် စနေ၊တနင်္ဂနွေရောက်ဖို့ ဆုတောင်းနေတက်ပြီ အလုပ်နားရက်ကိုဆုမတောင်းခဲ့မိဘူး ဗိုလ်ကြီးရီကြည့်မိတော့မှပဲ ဆုတောင်းတက်နေပြီ..


Credit: https://m.facebook.com/story.php


၁၆ပိုင်းကိုကြည့်ဖို့ ၁၆လလောက် စောင့်နေရသလို ခံစားရတယ်ဗျာ တကယ်ပြောတာပါ။



No comments: