The past




ဇော်ဂျီကနေ ယူနီပြောင်းရင်းနဲ့ Blog ကို ပြန်ဖတ်မိတယ် အတိတ်ကို ပြန်တွေးမိရင်း ကိုယ့်ဘာသာ သဘောကျနေမိတယ်..

အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ..

စကားလုံးက ရှင်းရှင်းလေးပါပဲ အဓိပ္ပါယ်က အများကြီးသက်ရောက်သွားပါတယ်။

ကျွန်တော်ဘာသာမေးမိတယ် အတိတ်ကို ပြန်သွားချင်လားဆိုတာကို အဖြေက No ပါ..

ပြင်ဆင်လို့မရတဲ့ အတိတ်က ကျွန်တော်ရဲ့ အမှား အမှန်တွေကို ဒီအတိုင်းလေးပဲ ထားခဲ့လိုက်ပါတယ် သူတည်ရှိနေတာကြီးကို ကျွန်တော် ဘာမှမထိခိုက်ချင်ပါဘူး တခါတလေ အတိတ်ကို ပြန်တမ်းတလို့ရတာပေါ့ ဗျာ..

အရင်က ဖျက်ခဲ့တဲ့ Post တွေကိုလဲ ပြန်နှမျောမိပါတယ် အခုအချိန် အတိတ်က တစ်စုံတစ်ယောက်စီကို ပြန်တမ်းတမယ်ဆိုရင်တောင် ဘာမှမရှိတော့ဘူးဗျာ ကျွန်တော်မှတ်ညဏ်တွေကလဲ ဝေဝါးနေပြီ သောက်ရူးထပြီး post တွေကို ဖျက်ခဲ့မိတဲ့ ကိုယ့်ဘာသာပဲ အပြစ်တင်မိပါတယ်။

#The past, it's done. Move on.


မနေ့က ၂၉မှာ ရေးခဲ့တဲ့ post ကိုပြန်ဖတ်ဖြစ်တယ် သိပ်မကြာခင် ကျွန်တော် ၃၉ပြည့်ပြီ ၄၀ပဲထားလိုက်ပါတော့ဗျာ လူတစ်ယောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ့်အချိန်

( ဆယ်စုနှစ်တစ်ခု ကုန်ဆုံးသွားတာတောင် ကျွန်တော်သုံးပြစ်ခဲ့တာတောင် ကျွန်တော်ဘာမှ မပြောင်းလဲသေးဘူးဗျာ အခုအထိ ကိုယ့်ဘာသာကိုယ် အသက်လေးဆယ်လို့ မခံစားရသေးဘူး )

ရုပ်ဝတ္တူ အတွေးအခေါ် အကုန်လုံး သူ့သက်တမ်းအလိုက် ပြောင်းလဲလာပေမယ့် ကျွန်တော်ခံစားချက်က ဆယ်စုနှစ်တစ်ခုနီးပါးစာ အသက်မကြီးမလာခဲ့ဘူး

အဲ့ဒါနဲ့ပဲ ကျွန်တော်လူ့သက်တမ်းတစ်ခု ကုန်လွန်တော့မယ် အချိန်ကို အသက် ၄၀အရွယ် လူတစ်ယောက် ကမ္ဘာနဲ့ ကျွန်တော် ခံစားချက်အတိုင်း တည်ရှိနေမယ် ကမ္ဘာမှာ ကုန်ဆုံးသွားမှာပါ။

#Thinking_about_age

No comments: