Showcase



https://quotefancy.com/media/wallpaper/


အပြင်ရောအတွင်းရော ဥပါဒ်ဝင် လှလိုက်တဲ့ စကားလုံးဗျာ..

လူညံ့တစ်ယောက်ဆိုတော့ မကြာမကြာဥပါဒ်ဝင်တက်ပါတယ် အဲ့ဒီအချိန်ရောက်တိုင်း ဘယ်သူဘယ်ဝါလို့ နာမတက်လို့မရတဲ့ လူတစ်ယောက်ကို သတိရမိပါတယ်..


နင်နေကောင်းရဲ့လားဆိုတဲ့ ကြားခွင့်မရှိတဲ့ စကားလေးတစ်ခွန်းဟာလဲ ကျွန်တော်အတွက် အားဆေးတစ်မျိုးပါပဲ..


But အခုအချိန်မှာတော့ နေကောင်းအောင်နေပါလို့ ကျွန်တော့်ကိုကျွန်တော် နှစ်သိမ့်ပေးလိုက်ပါတယ်။

အပူအပင်ကင်းဖို့ ကြိုးစားနေဆဲ လူတစ်​​ယောက်ရဲ့အတ္တကလဲ သောကဖြစ်စေတက်ပါတယ်..


Coming soon I will be 40th so i didn't do wrong things.


Find him, showcase him.


ခင်ဗျားနားမလည်နိုင်တဲ့ လူတစ်ယောက်ရဲ့ ဖြေသိမ့်နည်းတစ်ခုပါ ဘယ်သူအတွက်မှ မထိခိုက်နိုင်ဘူးလေဗျာ..


အရင်တုန်းကလဲ မတွေ့ခဲ့မိပါဘူး အခုလဲမတွေ့ရပါဘူး နောင်လဲတွေ့ခွင့်မရှိတဲ့ လူတစ်ယောက်အတွက် ကျွန်တော့်သောကတွေကို ရှင်သန်ခွင့် မပေးတော့ပါဘူး။

 

Be strong


      https://i.pinimg.com/originals/


24.3.2020


ငဗစ်ဂြိုဟ်စမွှေတဲ့နေ့


2020 သင်္ကြန်နဲ့အတူ ပိတ်လိုက်ရတဲ့ လုပ်ငန်းခွင်တွေဟာ June လဆန်းမှ မြေစမ်းခရမ်းပျိုးစပြုလာရတယ်


လုပ်ငန်းတွေလည်ပတ်ဖို့ အစပျိုးတဲ့အချိန်

Second wave တဲ့ 


28.8.2020


ကနေစလိုက်တဲ့ ပြဿနာဟာ November ရွေးကောက်ပွဲပြီးသည့်တိုင်အောင် မပြီးဆုံံံံံံံံးနိုင်ပါဘူး


ခင်ဗျားတို့ပြောစကားအတိုင်း ရွေးကောက်ပွဲအတွက် တစ်ဦးတစ်ယောက်က မဟုတ်မမှန် လုပ်ကြံခဲ့ရင် မေတ္တာဆူးပါစေဗျာ



1.2.2021


နစက အာဏာသိမ်းလို့ လုပ်ငန်းတွေရပ်တန့်လိုက်ရပြန်တယ် သူဌေးကောင်းမှုနဲ့ အဆင်ပြေခဲ့ပေမယ့် လုပ်ငန်းတွေက ရပ်တန့်ဆဲပါပဲ



30.6.2021


June လဆန်းကစပြီး အကုသိုလ်များလှတဲ့ လူတွေကြားထဲမှာ ဝမ်းရေးအတွက် ကျားကန်ပြီးရပ်တည်နေရတုန်း Third wave တဲ့


နိုင်ငံရေးလှည့်ကွက်ဆိုပြီး ဗြောင်ကျကျဆိုသံတွေလဲ ကြားရပါတယ် သိကြားသာသနာမှာ ရောဂါကို အသုံးချပြီး စေတနာလွဲရင်တော့ ကျွန်တော်အပါအဝင် မေတ္တာဆူးကြမှာ မလွဲပါဘူး


But လူသေနှုန်းတွေကတော့ တရိပ်ရိပ်တက်နေတာ ကျောချမ်းစရာပါ ကိုယ်ဖြစ်သူတစ်ပါးခံရောဂါဆိုးဆိုတော့ ဆင်ခြင်နိုင်ကာမှ ဘေးကင်းမှာပါ


ငဗစ် ခင်ဗျား​ေ_ာက်ရမ်းနှိပ်စက်တယ်ဗျာအလုပ်လေးလည်ပတ်ဖို့ သွေးပူနေဆဲ Third wave တဲ့ ​ေ_ာက်တလွဲ 2020 ကစပြီး သာယာတဲ့အချိန်ဆိုတာ ရွှေထက်တောင်ရှားပါလား..



စိတ်ဓါတ်တွေကျရပြန်ပြီ အသိတရားလေးသာ ကပ်မနေသေးရင် ကျွန်တော်လူ့ပြည်ဆိုတာကို နှုတ်ဆက်သွားတာကြာခဲ့ပါပြီ..



ခပ်ပေါ့ပေါ့အတွေးနဲ့လဲ အားမပေးချင်ပါဘူး it can't be rain forever ဆိုပေမယ့် မ​ေ_ဘေးက လူပြည့်ရောက်တာ ၂နှစ်ပြည့်တော့မယ်ဗျ..



ကိုယ်ဖြစ်ရင် သူများပါဒုက္ခရောက်ရမယ့် ရောဂါဆိုတော့ သတိကပ်ပြီ ပိုပြီးပိုပြီး ဆင်ခြင်ရမှာပေါ့ ငဗစ်ရေ ဒီနှစ်မွေးနေ့မှာ ဘုရားရောက်​အောင်သွားပြီး ကျွန်တော်နဲ့ခင်ဗျားအတွက် အမျှဝေခဲ့ပါမယ်..



နောင်သံသရာမှာ ခင်ဗျားလိုဂြိုဟ်ဆိုးနဲ့ ကျွန်တော်အပါအဝင် တစ်ဦးတစ်ယောက်မျှ မဆုံစည်းရပါစေနဲ့ဆိုတဲ့ ဆုတောင်းကို ရွှေတိဂုံဘုရား ခြေတော်ရင်းမှာ ကျွန်တော်ဆုတောင်းပါမယ်။



Be strong အားပေးမယ့်သူမရှိလဲ ကျွန်တော့်ဘာသာ နှစ်သိပ်လိုက်ပါတယ်။





 

Nothing

https://dz9yg0snnohlc.cloudfront.net/


ဒီလိုနဲ့ ကျွန်တော်တို့ ဝေးသွားရမှာပါ..


တအိအိပြိုဆင်းလာတဲ့ မိုးသားတွေကိုကြည့်ရင်း ကျွန်တော် ခင်ဗျားကို သတိရလာမိတယ်..


စည်းဆိုတဲ့ အရံအတားနောက်မှာ ကျွန်တော်ခြေအစုံရပ်နေရင်းနဲ့  ခင်ဗျားဆိုတဲ့ ရုပ်နာမ်ခန္ဓာကြီးကို မျှော်ငေးကြည့်နေမိတယ်..


တားဆီးလို့မရနိုင်တာအချစ်တဲ့ ကျွန်တော်ခပ်သဲ့သဲ့ရယ်လိုက်မိတယ် အင်္ဂါတစ်ကောင်ရဲ့ ရင်ခုန်သံဆိုတာ အစစ်အမှန်ရော ရှိနိုင်ပါ့မလားဗျာ..


လူ့အလိုနတ်မလိုက်နိုင်တဲ့ ကျွန်တော်အလို့တော့ခင်ဗျားလိုက်နိုင်ပါတယ် မိန်းမတွေကို အသားလွတ်အထင်သေးနေတဲ့ ခင်ဗျားကြောင့် ကျွန်တော့်ခြေအစုံကို ရပ်တန့်ဖို့အတွက် တွန်းအားတစ်ခုပါပဲ..


ရက်တွေကိုလစားခဲ့ပေမယ့် ကျွန်တော်မသိတဲ့ ခင်ဗျားဆိုတဲ့ လူတစ်ယောက်အပေါ် ရင်ခုန်နေဆဲပါပဲ။






 

Idiots-မ (Lyrics video)


လူတစ်ယောက်ကို အစာမကြေရင် ကျွန်တော် နေလို့ထိုင်လို့ အဆင်မပြေဘူး
အဲ့ဒါကြောင့် သီချင်းနားထောင်ပြီး Feel လိုက်တယ်..
 

Tempo လျော့သွားတော့ ကျွန်တော် အသက်မတိုတော့ဘူးပေါ့ဗျာ။